Arc.4.14(နဉ်ရွယ်လျန့်ဘဝ)

Start bij het begin
                                    

'အသားယူသွားလည်း အေးဆေးယူလေ၊ဘာလို့ ငါတို့ကိုလှည့်ရှင်းပြရတာလဲ...၊အခု သူတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကို မစဉ်းစားဘဲမနေနိုင်တော့ဘူး'

ဒါပေမယ့် ရိုက်ကူးရေးသမားတွေဟာ သူတို့ရဲ့အတွေးတွေကို အပြင်ထုတ်ပြောမည်မဟုတ်ချေ၊ သူတို့နဲ့ဆန့်ကျင်စွာ တစ်ဖက်မှာတော့ ဂျင်လင်းအာက ထိုမြင်ကွင်းကို ကြောင်အသွားပြီး အတွေးများနဲ့ဗျာများနေတော့သည်၊အားလုံးနဲ့သူအထင်မှာ ကျန်းထိုက်ရန်က သူ့ကိုစိတ်ဝင်စားနေတာကိုး၊ဘာလို့ ရုတ်တရက်ကြီး ရွယ်လျန့်နဲ့နီးစပ်သွားရတာလဲ...၊

"မင်း သိလား...ရွယ်လျန့်က စမွန်ဆာ ရှာနေတာလေ သူသရုပ်ဆောင်လောကထဲ ပြန်ဝင်တာလည်း ငါးကြီးကြီးကိုဖမ်းချင်လို့လေ ဒါကြောင့် မင်းကိုခုတုံးလုပ်ပြီး ကျန်းထိုက်ရန်ကိုကပ်ဖို့ကြိုးစားနေတာ"ဟု လီရှောင်ဟိုင်ဟာ ဇာတ်ညွှန်းစာအုပ်ကိုဖတ်ရင်း ပြောလိုက်တော့ ဂျင်လင်းအာဟာ လီရှောင်ဟိုင်ဘက်လှည့်လာတာ

"မဖြစ်နိုင်တာ... ရွယ်လျန့်က နဉ်မိသားစုကလူလေ"

"နဉ်အတွင်းရေးတွေကို မင်းမသိပါဘူး အခု သူရဲ့မိဘတွေက သူ့ကိုမထောက်ပံ့တော့ဘူး"

"မင်းက ဘယ်လိုသိတာလဲ???"

"အဟက်... ငါက နဉ်ရွယ်လျန့်ရဲ့ညီလေ"လို့ ပခုံးတွန့်ကာပြောလိုက်တော့ ဂျင်လင်းအာဟာ သူရဲ့ဦးနှောက်ကို စတင်အလုပ်ပေးတော့သည်၊အရင်တုန်းက လီရှောင်ဟိုင်ဟာ တတ်သစ်စသရုပ်ဆောင်ပေမယ့် နဉ်အင်တာတိန်းမန့်ရဲ့ထောက်ပံ့မှုကိုအပြည့်အဝရရှိခဲ့သည်၊အချို့သရုပ်ဆောင်တွေဟာ မကျေနပ်တာကြောင့် တိုင်တန်းကြရင်လည်း နောက်နေ့ထိုသူတွေဟာ ထွက်သွားရသည်၊ဒါကြောင့် ထိုတုန်းကထင်ခဲ့တာ နဉ်အင်တာတိန်းမန့်ပိုင်ရှင် နဉ်ရွယ်လျန့်က လီရှောင်ဟိုင်ကိုကြိုက်နေတာပေါ့ဆိုပြီး အခုတော့ ညီအစ်ကိုတွေတဲ့လား၊ဒါဆို လီရှောင်ဟိုင်ပြောတာ အမှန်ဘဲ ဖြစ်နေမလား ၊ မနေ့က အစ်ကိုထိုက်ရန်က နဉ်ရွယ်လျန့်ကို ဆွဲခေါ်ပြီးနောက်မှာ သူတို့ကြား ဘာဆက်ဖြစ်ထားတာလဲ၊ ဂျင်လင်းအာဟာ နဉ်ရွယ်လျန့်ကို ကြည့်လိုက်ရင်း သူ့စိတ်ထဲ မနာလိုမှုများဖြတ်သန်းသွားသလိုခံစားရသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Waar verhalen tot leven komen. Ontdek het nu