Arc.4.11(နဉ်ရွယ်လျန့်ဘဝ)

14.2K 2K 110
                                    

Zawgyi

သရုပ်ဆောင်ရွေးချယ်ပွဲပြီးဆုံးခဲ့ပြီး လုဖေးရန်ဟာလည်း ကျန်းထိုက်ရန်ဟာ ဂျင်လင်းအာကို စိတ်ဝင်စားတယ်ထင်မြင်မိပြီး 'ရာဇဝင်ထဲက နဂါးဧကရာဇ်' ဇာတ်လမ်းရဲ့ နောက်ထပ်အရေးပါသည့် ဇာတ်အိမ်ဖြစ်သည့် နွေဦးနတ်ဘုရားနေရာကို ပေးလိုက်သည်၊ ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူမှဘာမှမပြောကျပေ၊ ဂျင်လင်းအာရဲ့နောက်ခံမှာ နဉ်အိမ်တော်ရဲ့သားကြီးရှိသလို ၊အခုလည်း နတ်ဘုရားကျန်းထိုက်ရန်ပါရှိနေပြီကိုး...၊

နောက်နေ့ အွန်လိုင်းပေါ်ရှိ အွန်လိုင်းအသုံပြုသူတွေကြား ဟုန်းဟုန်းတောက်ကျော်ကြားလာသည့်သတင်းတစ်ပုဒ် ပေါ်လာတော့သည်၊ ထိုသတင်းထဲမှာ ဆွယ်တာအဖြူရောင်ကို ဝတ်ထားပြီး ခုံပေါ်မှာ မျက်လုံးလေးမှိတ်ကာထိုင်နေသည့် လူငယ်တစ်ယောက်ပုံဖြစ်သည်၊ အဝေးကနေ ခိုးရိုက်ထားသည့်ပုံပေမယ့် မသိရင် တကယ်ကို အနီးကပ် ရိုက်ထားကာ အလှရိုက်ဓာတ်ပုံအတိုင်းပင်၊ လူငယ်လေးဟာ ခုံစောင်းပေါ် လက်တင်ထားပြီး သူဟာ ဘေးနားရှိလူတွေနဲမတူ တစ်ယောက်ထဲကမ္ဘာပုံစံလေးဖြင့် တည်တည်ငြိမ်ငြိမ်လေးသာ နေနေသည်၊ ဒါပေမယ့် ကင်မရာဟာအရမ်းကောင်းလွန်းတာကြောင့် အဝေးကနေရိုက်ထားပေမယ့် ပုံဟာ ထင်ထင်ရှားရှားပင်၊ ဘေးစောင်းပုံရိုက်ထားသည့် လူငယ်ရဲ့ တစောင်းပုံဟာ အရမ်းကိုကြည့်ကောင်းလွန်းသည်၊လူတိုင်းဟာ ခေါင်းစဉ်ထက် ပုံကိုအရင်သာမြင်မိကြပြီး ...ဘယ်သူလည်းလို့ သိချင်စိတ်တွေပြင်းပြသွားအခါ ခေါင်းစဉ်ကိုပြေးကြည့်လိုက်တော့...

ခေါင်းစဉ်စာသားဟာ ပိုပြီး အံ့သြစရာကောင်းသေးသည်၊

{နတ်ဘုရားလေးရွယ်လျန့် အနုပညာလောကကို ပြန်လည်ဆင်းသက်လာခြင်း}ထိုအွန်လိုင်းသတင်းကြောင့် ရွယ်လျန့် သရုပ်ဆောင်မည့်သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားတော့သည်၊ ရွယ်လျန့်ရဲ့အရင် အနပညာရှင် weibo အကောင့်ဟာလည်း တစ်ညထဲနဲ့ Followerပေါင်း တသိန်းကျော်တက်ခဲ့တော့သည်၊ အချို့ မသိသူများပင် ရွယ်လျန့်အကြောင်းကို စတင်ရှာဖွေလာကျတော့သည်၊

[မိန်းမလေးနဲ့ပန်းအလှ: Oh my god!  ငါ ထင်တယ် ငါအကြားအာရုံတွေ ရနေခဲ့တာ!!! ငါရဲ့ရွယ်ရွယ်လေး ဟိုတစ်နေ့ထဲက Postကောက်တင်ထဲက... အကြားအာရုံတွေရနေခဲ့တာ...ကြည့်စမ်းပါ ဘေးစောင်းပုံလေးကအစ... အရမ်းကိုချောတာပဲ!! ရွယ်ရွယ်လေးကို ရော့ ရော့ ကျွန်မအသည်းတွေပေးတယ်

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now