Arc.4.9(နဉ်ရွယ်လျန်ဘဝ)

Start from the beginning
                                    

လီရှောင်ဟိုင်ဟာ ထိုတောက်ပပြီးခန့်ညားတဲ့လူငယ်သုံးဦးဝင်လာတော့ မျက်လုံးများဟာ တောက်ပသွားပြီး ....'ဒီကမ္ဘာက အချောအလှတွေ တော်တော်ပေါများတာပဲ! အဲ့ ထျန့်ရှောင်ဟိုက်နဲ့ဒီကမ္ဘာရဲ့ဇာတ်လိုက် ကျန်းထိုက်ရန်က တကယ်ငါကြိုက်တဲ့ပုံစံ! ငါသူတို့ကို လိုချင်တယ်'...

ကျန်းထိုက်ရန်ဟာ ဒီဘက်ကိုလာတာတွေ့တော့ သူတို့လည်းရင်တွေခုန်ကာ ရှက်ပြုံးလေးကိုယ်စီတင်ထားကျပြီး အတတ်နိုင်ဆုံး အိနြေ္ဒရအောင်နေရင်း သူတို့ဆီများလာတာလားဆိုပြီး မျှော်လင့်နေကျတော့သည်၊ ကျန်းထိုက်ရန်က ဂျင်လင်းအာရှေ့ရပ်သွားကာ...ဂျင်လင်းအာကို နွေးထွေးစွာပြုံးပြလိုက်ပြီး...

"မင်းက ဂျင်လင်းအာလား"လို့ မေးလိုက်ပြီး သူ့အကြည့်များကတော့ နဉ်ရွယ်လျန့်ပေါ်မှာသာ...၊

ဂျင်လင်းအာတစ်ယောက် ကျန်းထိုက်ရန်ဟာ အခြားသူတွေဆီလာတာမဟုတ်ပဲ၊သူ့ဆီလာတာမှန်းသိလိုက်ရတော့ အရမ်းကိုရင်ခုန်ပျော်ရွှင်သွားပြီး မျက်နှာများနီရဲသွားကာ ခေါင်းအကြိမ်ကြိမ်ညိတ်လိုက်ပြီး အပျော်ကိုပင် ဖုံးမဖိနိုင်တဲ့အသံဖြင့်

"စီနီယာကျန်းထိုက်ရန်ကို ကျွန်တော်အရင်ထဲကလေးစားအားကျတာပါ!!" လို့ စိတ်လှုပ်ရှားသည့်အသံဖြင့် ပြောလိုက်တော့...

ကျန်းထိုက်ရန်ဟာ ပြုံးလိုက်ပေမယ့် 'ဘာလို့ လျန့်အာက ဒီစိတ်ပျက်စရာကောင်းတဲ့လူကို သဘောကျတာလဲ?? ကြည့်အုန်း ငါနည်းနည်းလေး ပြုံးပြရုံရှိသေးတယ် ဖြစ်ပျက်နေတာ.....လျန့်အာက ဒီလိုလူမျိုးနဲ့မတန်ပါဘူး'လို့ စိတ်ထဲမှာပြောနေပေမယ့် အပြင်ပန်းကတော့

"အိုး ကိုယ့်ကို အစ်ကိုထိုက်ရန်လို့ခေါ်လေ ရင်းရင်းနှီးနှီးပေါ့" လို့ ပြောရင်း ဂျင်လင်းအာရဲ့ လက်ကို ကိုင်လိုက်ပြီး လျန့်အာဘက် ကြည့်လိုက်တော့ သူ့ကို အထင်သေးသလိုစိုက်ကြည့်ပြီး နူတ်ခမ်းမဲ့ကာ ထွက်သွားသည်ကို တွေ့လိုက်ရသည်၊ဘာများမှားသွားလို့လဲ?? လျန့်အာ မင်းချစ်တဲ့သူကမကောင်းဘူးလေ...ကိုယ်နည်းနည်းလေးပဲသဘောကောင်းပြလိုက်တာ ကိုယ့်ပေါ် တိမ်းညွှတ်နေပြီလေ! အဲ့တာကို မမြင်ပဲ ဘာလို့ကိုယ့်ကို အထင်သေးသလိုကြည့်သွားရတာလဲ... ဒါကြောင့် ဂျင်လင်းအာပြောတာကိုပင် အဖက်မလုပ်နိုင်စွာ လက်ကို ဖြုတ်ချကာ နဉ်ရွယ်လျန့်ထွက်သွားသည့်ဘက်ကို အလျင်စလိုလိုက်သွားတော့သည်၊ ထိုမြင်ကွင်းကို လူတစ်ယောက်ဟာ ကြည့်နေပြီး သူမျက်ဝန်းများဟာ စိတ်ဝင်စားစရာတစ်ခုတွေ့သွားသလို ပျော်ရွှင်မှုများနဲ့ ပြည့်နှက်နေပြီး...

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now