Arc 4.7(နဉ်ရွယ်လျန့်ဘဝ)

13.7K 2K 86
                                    


Zawgyi

နောက်နေ့ အွန်လိုင်းမှာ 'ဒဏ္ဍာရီထဲက နဂါးဧကရာဇ်'ဆိုတဲ့ ရုပ်ရှင်ရဲ့ ဇာတ်ပို့နေရာတွေမှာ တတ်သစ်စသရုပ်ဆောင်တွေပါ ပါဝင်နိုင်ကြောင်း ရုတ်တရက်သတင်းတတ်လာတော့သည်၊

နဉ်ရွယ်လျန့်က ထိုသတင်းကို ကြည့်ပြီး တချက်ပြုံးမိလိုက်သည်၊ဒီမကောင်းဆိုးဝါးကြီးကတော့ ငါ့ကို နောက်ကွယ်ကနေ ကူညီပေးနေတာပဲ... ဟင်း ငါ သူ့ကို ပြေးဖက်ပြီး နမ်းချင်လိုက်တာ...

[Fox: သနားစရာ ကျွန်တော့်ရဲ့Hostလေး... မျက်ရည်တောင်ကျမိတယ်... ပြီးတော့ ပြောရအုန်းမယ် နဉ်အင်တာတိန်းမန့်က C.E.Oပြောင်းသွားပြီ]

"အို... ဘယ်သူကို နောက်ထပ် သားကောင်အဖြစ် ရွေးချယ်လိုက်ပြီလဲ? ??"

[System:  ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲမိခင်ရဲ့ တူတစ်ယောက်ပဲ အသက်က ၃၂နှစ်... နာမည်က လီထိုက်]

"အေး... "

[System:  Host ပြီးတော့ လီရှောင်ဟိုင်ကလည်း Hostကို ခက်ခဲအောင် ထိုရွေးချယ်ပွဲမှာ ကြီးကြပ်ရေးမှူးနဲ့အကဲအဖြတ်ဒိုင် အချို့ကို လာဘ်ထိုးထားသေးတယ်]

"ဟားဟား... ငါက ဒီအတိုင်းဆို ပျင်းဖို့ကောင်းမယ် ထင်ခဲ့တာ မဆိုးပါဘူး မဆိုးပါဘူး"

*ဒေါက် ဒေါက် ဒေါက်*

"သခင်လေး သခင်ကြီးက မနက်စာစားဖို့ နောက်ထပ်မှာစောင့်နေတယ်"

အစေခံတစ်ယောက်ဟာ တံခါးလာခေါက်တာကြောင့် နဉ်ရွယ်လျန့်လုပ်လပ်စများကို ရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်၊
"ခဏနေ ဆင်းခဲ့မယ်"

  ဒီနေ့ရွေးချယ်ပွဲအတွက် ပေါ့ပေါ့ပါးပါး စီစဉ်ထားသည့် အဝတ်တွေကို ယူဝတ်လိုက်သည်၊ထိုနောက် အောက်ထပ်ကိုဆင်းလာပြီး ထမင်းစားပွဲမှာ သူကို ထိုင်စောင့်နေသည့်အဘိုးကို နွေးထွေးစွာပြုံးပြလိုက်ပြီး...

"မြေး 'တောက်ပသောအနာဂတ်'အင်တာတိန်းမန့်ကနေ တတ်လာတဲ့သတင်းကို ကြည့်နေလို့ နောက်ကျသွားတယ် အဘိုး"လို့ နဉ်ရွယ်လျန့်ပြောလိုက်ပြီး သူ့အဘိုးနားသွားလိုက်သည်၊

"ရတယ် ထိုင် ထိုင် ငါ့မြေးလေးနဲ့ ဒီလို မစားသောက်ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ"လို့ အဘိုးနဉ်ဟာ ဝမ်းနည်းစွာပြောလိုက်တော့ နဉ်ရွယ်လျန့်ဟာ အဘိုးနဉ်ရဲ့ အိုမင်းနေတဲ့လက်ကို အပေါ်ကနေထပ်ကိုင်လိုက်ပြီး...

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now