ဘိုးဘွားပိုင်ခန်းမကို အဖြူရောင်တွေနှင့်တန်ဆာဆင်ထားပြီး ခန်းမအလယ်တွင် ခေါင်းတစ်လားတစ်လုံးရှိနေတယ်။ဝူအန်းချွင်နှင့်သူ့ဆွေမျိုးတွေက ဘေးမှာရပ်နေကြပြီးရှိုက်ငိုနေကြတယ်။ဈာပနကိုတက်ရောက်လာသူတွေက အမွှေးတိုင်ထွန်းပေးပြီး မိသားစုဝင်တွေကို နှစ်သိမ့်ပေးပြီးမှ ထွက်သွားကြတယ်။
ဝူရုန်က ခန်းမထဲကို လေ့လာလိုက်တော့ တောင်ဘက်ခြံဝင်းမှဝမ်းကွဲတွေက ဝူဇူနှင့်ဝူရှိကိုစိုက်ကြည့်နေတာဖြစ်တယ်။ပြောရရင် သူတို့က ဝူဇူနှင့်ဝူရှိတို့၏ခါးမှာချိတ်ထားသည့် ခါးချိတ်အဆင်တန်ဆာကိုကြည့်နေကြတာဖြစ်တယ်။
ဝူရှိက သူတို့ကို ကြည့်နေတာကို သတိထားမိသွားပြီး ဝူဇူ၏အင်္ကျီလက်ကိုဆွဲပြီး အသံတိုးတိုးလေးနဲ့ပြောလိုက်တယ်"အကိုကြီး ညီမလေးအပြင်ထွက်ချင်တယ်"
ဝူဇူသည် လူအများကြီးရှိနေတဲ့အချိနိ သူတို့ကအခုမှ ရောက်ပြီးပြန်ထွက်သွားတာက မသင့်တော်ဘူးလို့ထင်တယ်။ဒါပေမဲ့ သူကလည်း သူတို့ကိုစိုက်ကြည့်နေကြတာကို သတိထားမိတာကြောင့်ပြောလိုက်တယ်"ကောင်းပြီလေ။ခန်းမအပြင်ကိုသွားရအောင်"
ဝူရှိသည် ခေါင်းငြိမ့်လိုက်ပြီး သူတို့က ခန်းမအပြင်ကိုထွက်လာခဲ့တယ်။ခန်းမအပြင်ကိုရောက်တာနှင့် ဝူရှိသည် အသက်ပြင်းပြင်းရှူလိုက်
ပြီးပြောလိုက်တယ်။"အကိုကြီးမြင်လိုက်လား?သူတို့က ငါတို့ကိုကြည့်နေကြတာ။သူတို့က ငါတို့ကို အရသာရှိတဲ့ စားစရာလိုမျိုးကြည့်နေတာ"
ဝူဇူသည် ဝူရှိ၏ခေါင်းကို ပုတ်ပြီးနှစ်သိမ့်ပေးလိုက်တယ်"မကြောက်နဲ့။သူတို့က ငါတို့ကို ရုန်အာရဲ့သတိုးသမီးတင်တောင်းလက်ဆောင်ကြောင့်မနာလိုဖြစ်နေကြတာ။ငါတို့က သူတို့ကိုလျစ်လျူရှူလိုက်မယ်"
"အွန်း"ဝူရှိသည် ခေါင်းငြိမ့်ပြီးနောက် ဝူရုန်ဘက်လှည့်ပြီးပြောလိုက်တယ်။
"ရုန်အာ ငါတို့ကမင်းကိုကာကွယ်ပေးမယ်"
ဝူရုန်သည် ဒီစကားကိုကြားတော့ ရှက်ရွံ့သလိုခံစားရပေမဲ့ နွေးထွေးမှုကိုလည်း ခံစားရတယ်။
အဲဒီအချိန်မှာဘဲ ဝူယုသည် ခန်းမအပြင်ကို ထွက်လာပြီး ပြောလိုက်တယ်။
"ဇူအာ ရုန်အာ ရှိအာ မင်းတို့က ဒီမှာလာပုန်း
နေတာဘဲ။ငါတွေ့ပြီ။အပြင်မှာအေးတယ်။အထဲကို သွားရအောင်""ငါတို့လည်း ချူအာရဲ့သေဆုံးမှုကြောင့် ဝမ်းနည်းရပါတယ်။ဒါကြောင့် ငါတို့က အပြင်ထွက်ပြီး လေကောင်းလေသန့်လာရှူပြီး စိတ်သက်သာရာရအောင် လာလုပ်တာ"ဝူဇူက ပြောလိုက်တယ်။
"ဘယ်သူကမှ ဒီလိုမဖြစ်စေချဘူး။မင်းတို့ အဆင်ပြေပြီလား?တကယ်တော့ ငါက ပြောစရာရှိလို့လာခဲ့တာ"ဝူယုက ပြောလိုက်တယ်။
"ဘာပြောမလို့လဲ?"ဝူဇူက မေးလိုက်တယ်။
*********
paid groupဝင်လို့ရပြီနော်-------------------
(1900/2/9)
Chapter81:သူကကြင်နာတတ်တယ်(1)
Magsimula sa umpisa