ဟေးရွမ်ရီက ဝူရုန်အဆင်ပြေနေတာကို တွေ့တာကြောင့် ဘာကြောင့်ဆိုတာ ထပ်မမေးတော့ဘူး။သူရဲ့မျက်လုံးတွေကဝူရုန်ရဲ့လက်မောင်းထဲမှာ ရှိနေသည့်အဖြူရောင်ဥပေါ်တွင် ကျရောက်သွားတယ်။

ဝူရုန်ကလည်း ဟေးရွမ်ရီ၏အကြည့်ကို သတိပြုမိလိုက်ပြီး ဝူရုန်က ရယ်စရာစိတ်ကူးတစ်ခုကိုရရှိလိုက်ပြီး သူက ဟေးရွမ်ရီလက်ထဲကို ဥထည့်ပေးလိုက်ရင်းပြောလိုက်တယ် "ဒါကခင်ဗျားရဲ့သားဘဲ။ကျွန်တော်ကြိုးစားပြီး သူ့ကိုမွေးထားတာ။ဒါကြောင့် ခင်ဗျားကလည်းသူ့ကို အကောင်ပေါက်လာဖို့ တာဝန်ယူရမယ်"

ဟေးရွမ်ရီသည် အံ့အားသင့်မှုကြောင့် နေရာမှာဘဲ အေးခဲသွားတယ်။

ဝူရုန်သည် ဟေးရွမ်ရီ၏ အပြုအမူကို ကြည့်ပြီး မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာရယ်မောလိုက်တယ်"ဟားဟားဟား... ကျွန်တော်နောက်နေတာ"

ဒါက ဟေးရွမ်ရီရဲ့မတူကွဲပြားသည့်အပြုအမူဘဲကို ဝူရုန်ကမြင်ရတာဘဲ။

"......"ဟေးရွမ်ရီ

ဝူရုန်သည် ဟေးရွမ်ရီက ဥကို အကောင်ပေါက်လာအောင်လုပ်ဆောင်နေတာကို စိတ်ကူးကြည့်လိုက်ပြီး ဆက်လက်ပြီးရယ်မောလိုက်ပြီး ဝူရုန်က အချိန်အတော်ကြာမှ ရပ်တန့်လိုက်နိုင်ပြီး "အခုဘယ်အချိန်ရှိပြီလဲ?"

"ငါးနာရီကျော် ခြောက်နာရီလောက်ရှိပြီ"ဟေးရွမ်ရီကပြောလိုက်တယ်။

"ခင်ဗျားအပြင်ထွက်ပြီး တစ်ယောက်ယောက်ကို ကျွန်တော်ရေချိုးဖို့နဲ့အဝတ်လဲဖို့ကူညီပေးဖို့ ခေါ်ပေးပါလား?"

ဟေးရွမ်ရီက ဥကိုကိုင်ဆောင်၍ အပြင်ကိုထွက်သွားပြီး ဟေးဂန်းကို ဥကိုပေးလိုက်ပြီးပြောလိုက်တယ် "ဒီကနေ ကလေးလေး ပေါက်လာလိမ့်မယ်"

"......"ဟေးဂန်

"ငါ့သား"ဟေးရွမ်ရီက တည်ငြိမ်စွာပြောလိုက်တယ်။

"........."ဟေးဂန်က လန့်သွားပြီး မျက်လုံးတွေက နှစ်ဆလောက် ပျူးကျယ်သွား၍ ဥကိုတင်းကျပ်စွာကိုင်ထားလိုက်တယ်။

သူကြားတာက တကယ်ဘဲလား?ဒီဥက သခင်ရဲ့သားလား?

ဟေးရွမ်ရီသည် ဟေးဂန်၏ရူးကြောင်ကြောင်ပုံကိုကြည့်ပြီး သဘာကျစွာပြုံးလိုက်တယ်။တစ်ခါတစ်ရံ ဒီလိုရယ်စရာတွေကိုလုပ်သင့်တယ်။ဝူရုန်က သူ့ကိုရယ်စရာလုပ်တာ အံ့သြစရာ မဟုတ်တော့ဘူး။

COTAW(Zawgyi)Where stories live. Discover now