Arc.3.7(ဖန်ချင်ယွီဘဝ)

Start from the beginning
                                    

ဟွာကျိယန်ဟာ သူလိုချင်သလိုဖြစ်မလာတဲ့အပြင် ဒီကမ္ဘာရဲ့ဇာတ်လိုက် မုထျန်းလောင်နဲ့ ဖန်ချင်ယွီဟာ ထိုလိုပတ်သတ်နေမယ် မထင်ခဲ့ပေ၊ဟွာကျိယန်ဟာ ခပ်တိုးတိုးရယ်လိုက်ပြီး

"ပထမက မုထျန်းလောင်ကို ကပ်ဖို့ မစဉ်းစားထားပေမယ့်...ဟိုကပ်ပါးကောင်ကြောင့် ငါလဲလှုပ်ရှားရမှာပေါ့" သူဟာ သူကိုယ်သူယုံကြည်မှုရှိသည်၊လက်ရှိဝင်ထားတဲ့ခန္ဓာကိုယ်ဟာ လှလည်းလှသလို၊ လူတိုင်းလိုချင်နေတဲ့ သန့်စင်တဲ့omegaလည်းဖြစ်တာကြောင့် မုထျန်းလောင်လိုလူမျိုးဟာ သူကိုရွေးစရာအကြောင်းမရှိပေ၊ ဒါပေမယ့် ဖန်ချင်ယွီပေါ် စီစဉ်ထားတဲ့အကွက် ပျက်သွားတဲ့အတွက် နည်းနည်းတော့စိတ်တိုမိသည်၊ဟွာကျိယန်ဟာ ခုံကနေထလိုက်ပြီး အတန်းပြင်ထွက်ကာ အတန်းကြီးတွေဘက်ကို ဦးတည်သွားပြီး 3-A ဆိုတဲ့ အတန်းရှေ့ရောက်တော့ သူဟာ အနူးညံ့ဆုံးပြုံးလိုက်ပြီး...

"ဟို...စီနီယာ" အတန်းထဲက ထွက်လာတဲ့ ခပ်ချောချော၊အရပ်ရှည်ရှည်နဲ့ ကျောင်းသားကို ဟွာကျိယန်ဟာ လှမ်းခေါ်လိုက်တော့ ထိုကျောင်းသားဟာ မျက်မှောင်တချက်ကြုတ်သွားကာ သူကို ကြည့်လိုက်သည်၊ 3-A က စီနီယာတွေ အကုန်ချောတာ မှန်တာပဲ၊ ဟွာကျိယန်ဟာ ပြုံးပြလိုက်ပြီး ပါးလေးရဲကာ

"စီနီယာ မုထျန်းလောင် ရှိလား"
ထိုစီနီယာ မျက်လုံးအပေါ်တချက်ပင့်သွားပြီး သူကို အပေါ်အအောက်စိုက်ကြည့်ကာ မြင်လိုက်တော့ ဟွာကျိယန် စိတ်ထဲမှာ မဲ့ပြုံးပြုံးမိလိုက်သည်၊သူဆွဲဆောင်ပြီးလှတာသိပေမယ့် ဒီလိုတော့ ပေါ်တင်မငမ်းသင့်ဘူးမလား၊ ဒါပေမယ့် သူက ပြုံးပြီးထပ်မေးလိုက်သည်၊

"စီနီယာ မုထျန်းလောင်နဲ့တွေ့ချင်လို့ပါ စီနီယာ တချက်လောက်ခေါ်ပေးလို့ရမလားဟင်"

"မင်းက ဘယ်သူလဲ"

ဒီကောင်ကတော့ ခေါ်ပေးရင် ပြီးနေပြီကို ငါ့နာမည်ကိုလာသိချင်နေသေးတယ်၊သူဟာ စိတ်ပျက်မှုများကို ဖုံးကွယ်လိုက်ပြီး

"ဟွာကျိယန်ပါ စီနီယာ"

"မင်းက အဲ့တယောက်ကိုး ဟက်... မင်းကို အကောင်းဆုံးပြောမယ် ထျန်းလောင်ဆီ ဝင်လုံးဖို့မစဉ်စားနဲ့ သူမှာချစ်သူရှိတယ်"
ဟွာကျိယန်မျက်မှောင်တချက်ကြုတ်သွားပြီး ထိုလူပြောတာကိုနားမလည်ချေ၊ဒါပေမယ့် ဒီလူ ငါ့ကိုကြိုက်လို့ ဝေးဝေးနေခိုင်းနေတာလား၊မဖြစ်သေးပါဘူး၊ငါပြတ်ပြတ်သားသားပြောတာပေါ့၊ ဟွာကျိယန်ဟာ မျက်နှာငယ်လေးလုပ်ကာ  

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now