Arc.3.2(ဖန်ချင်ယွီဘဝ)

19.4K 2.2K 155
                                    


Zawgyi

[Fox:  နည်းနည်းပါးပါး ထိန်းသိမ်းပါအုန်း  ...]

'ဟုတ်ပြီ ဟုတ်ပြီ' ဒါပေမယ့် မင်ဟန်ရှောင်ရဲ့ ဖြစ်သွားတဲ့ရုပ်ကို ပြန်မြင်ယောင်ကာ တခွီးခွီးနေတော့သည်၊ ဟက်...ဇာတ်လိုက်မတွေအကုန်လုံးက ဒီလိုတွေကြီးပဲလား... အားနေ ယောကျာ်းတွေအကုန် သူတို့ပေါင်ကြားထဲ ထည့်နေတာကြီးပဲ...

*ဒုန်း*

ဘာသံလားဟ ချင်ယွီလဲ အသံလာတဲ့ဘက်ကို ဖြေးဖြေးချင်းလျှောက်သွားရင်း လမ်းကြားထဲချောင်းကြည့်လိုက်တော့ သူနဲ့ကျောင်းဝတ်စုံတူတဲ့ကောင်လေးကို အခြားကျောင်းက ကောင်တွေအနိုင်ကျင့်နေတာ တွေ့လိုက်ရသည်၊...နေပါဦး ကိုယ့်ကျောင်းထဲမှာ လာအနိုင်ကျင့်ရဲတဲ့ ကိုယ်အဖွဲ့အား ဦးညွှတ်ချင်စိတ်ပင်ပေါက်သွားသည်၊ထားပါ ဒါငါ့အပူမဟုတ်ပါဘူး... ထွက်သွားမလို့ရှိသေးတရ်

[Fox:  အဓိကဇာတ်ကောင် မုထျန်းလောင်အား ကယ်တင်ရန် 200+point ]

'...' ခံနေရတဲ့ကောင်က ဇာတ်လိုက်လို့ ငါ့ကို မပြောနဲ့...၊ သေချာပြန်ကြည့်လိုက်တော့ ဇာတ်လိုက်လို့ထင်ရတဲ့ကောင်က ချောသားပဲ၊ အေး... အရပ်လဲရှည်တယ်....ဒါပေမယ့် ဘာလို့ဝိုင်းအနိုင်ကျင့်ခံနေရတာလဲ၊

"ဟေ့လူတွေ... မင်းတို့ ဘာလုပ်နေတာလဲ "

ထိုလူတွေဟာ သူ့ဘက်လှည့်လာကာ သူ့ကို မြင်တော့ အံ့သြသွားကျပြီးနောက် မျက်နှာပေါ်တွက်လည်း ကောက်ကျစ်တဲ့အပြုံးများပေါ်လာကာ..

"အိုး...အချောလေးဟ သားရီးတို့ ငါတို့တော့ ပွပေါက်ပဲ"

"သူ့မှာ အနံ့မရှိဘူး betaနဲ့တူတယ်"

"ပိုကောင်းတာပေါ့ သောက်လုပ်မရှုပ်တော့ဘူးလေ....ဟေးအချောလေး ကိုကြီးတို့နဲ့အတူ မပျော်ပါးချင်ဘူးလား" ထိုလူဟာ ချင်ယွီရဲ့မျက်နှာလေးကို လှမ်းကိုင်မလို့ရှိသေးသည်၊

"မင်းအမေ ခွကြားထဲမှာပဲ သွားပျော်ပါး #$#$#ကောင်တွေ!!!" လို့ အော်ပြောတာ ထိုလူ့ခွကြားကို အားကုန်ကန်ချလိုက်တော့သည်၊ဥကွဲသံတောင် ကြားလိုက်ရသည်၊ခံရတဲ့သူတော့မသိဘူး၊ ဇာတ်လိုက်အပါအဝင် ကျန်လူများပင် ထိုလူ့အစား နာကျင်မှုခံစားမိလိုက်သလိုပင်၊ ထိုနဲ့မပြီး ချင်ယွီဟာ ကျန်တဲ့လေးယောက်ကိုပါ သမပေးလိုက်တော့သည်၊အကောင်သေးသလောက် အားကြီးတဲ့betaလေးကို မနိုင်တာကြောင့် နောက်ဆုံး ဥကွဲပြီဖြစ်တဲ့သူတို့သူငယ်ချင်အား မကာ ထွက်ပြေးသွားကျတော့တယ်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now