Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)

Start from the beginning
                                    

'မိဖုရားခေါင်....အာ သိပြီ အမတ်ချုပ်ကြီးရဲ့သမီး ၊သူမက စိတ်ထားဖြူစင်ပြီး သဘောထားကြီးတဲ့အမျိုးသမီးတယောက်၊ဘယ်ထင်မလဲ ဘဝနှစ်ခုလုံး လုပ်ကြံခံရပြီး အအေးခန်းထဲမှာ သေဆုံးတဲ့အထိ နေထိုင်ခဲ့ရတယ်...ဒါလဲ ငါ့ကိစ္စမဟုတ်ဘူး'

"မင်းက ဘယ်သူလဲ"အေးချမ်းပြီး ချိုသာတဲ့အသံလေးဟာ ရမ်ဟွာအနောက်ကနေထွက်လာတော့ ဒါမိဖုရားခေါင်ကြီး ကျင်းဟွာရင်းမှန်းသိလိုက်သည်၊ရမ်ဟွာ တည်တည်ငြိမ်ငြိမ်လေး လှည့်လာကာ ကြည့်လိုက်သည်၊ ဝိုး...ဒါ ...နတ်သမီးများလား လှလိုက်တာ၊ဒီလိုလူမျိုးကို ချန်ပြီး ဘာကြောင့် ဟိုကောင်တွေပဲ ရွေးလဲမသိဘူး၊ဟက် ငါကဆို ဒီအချောလေးကိုရင်ခွင်ထဲပိုက်၊အေးဆေးနေနေပြီ၊ အခုတော့ သောက်ဘုရင်က လာဂေးနေတရ်!

"မိဖုရားခေါင်ကို ရမ်ဟွာ ဂါဝရပြုပါတယ်"
မိဖုရားရဲ့ နူတ်ခမ်းဖူးဖူးလေးဟာ အို ပုံသဏ္ဍာန်လေးဖြစ်သွားကာ သူကိုစပ်စပ်စုစုကြည့်နေပြီး

"မင်းက... ယောကျာ်းလေးဟာ၊ ဒီမိဖုရားက မင်းကို မိန်းကလေးမှတ်နေတာ တောင်းပန်ပါတယ်"

မိဖုရားတယောက်အနေနဲ့ နိမ့်ကျတဲ့သူတယောက်ကိုတောင်းပန်စရာမလိုပါဘူး။ဒါပေမယ့် ရမ်ဟွာ မိဖုရားရဲ့စိတ်ဓာတ်ကို သဘောကျသွားသည်၊

"ကျွန်တော်က အသစ်ရောက်လာတဲ့ တော်ဝင်ပြည့်တန်ဆာ ရှောင်ရမ်ဟွာပါ မယ်မယ်"

မိဖုရားဟာ သူကိုစာနာစွာကြည့်လိုက်ပြီး သူဟာ ပန်းပေါင်းစုံနဲ့ဝန်းရံလှပတင့်တယ်တဲ့ ရေကန်ကြီးကို ငေးကြည့်ရင်း....

"ဒီမိဖုရားနဲ့ အတူ လက်ဖက်ရည်သောက်မလား"

"မယ်မယ်က ဒီလိုနိမ့်ပါးတဲ့ကျွန်တော့်ကို ဖိတ်ခေါ်တာပဲ ကျေးဇူးကြီးလှပါပြီ"

"ကောင်းပြီ သွားကျစို့"မိဖုရားဟာ အပြုံးနွေးနွေးလေးနဲ့ပြုံးကာ ပြောပြီး တော်ဝင်ဇရပ်ဆီကို ဦးစွာ သွားလိုက်သည်၊ မိဖုရားရဲ့အထိန်းတော်ဟာ လက်ဖက်ရည်ငှဲ့ပေးလိုက်ပြီး၊သူတို့ရှေ့ကို ချပေးလိုက်သည်၊မိဖုရား တငုံယူသောက်လိုက်ပြီး ရမ်ဟွာဘက်ကို ကြည့်ကာ

"အရှင်က မင်းပေါ် ကောင်းရဲ့လား"

"ဗျာ..."ဒီလိုမေးမယ်မထင်တာကြောင့် ရမ်ဟွာဟာ ကြောင်အသွားသည်၊သူဘယ်လိုပြန်ဖြေသင့်လဲ၊ မိဖုရားခေါင်ကြီးက ဘုရင့်ရဲ့ညီမလေ...အခုချိန်မှာ သူတို့ဆက်ဆံရေးကကောင်းနေသေးတာပဲ၊ဒါပေမယ့် သူတို့က တယောက်နဲ့တယောက် ချစ်တာမဟုတ်ဘူး၊ ဒါပေမယ့်လည်း မောင်နှမသံယောဇဉ်တော့ရှိကျတာပဲလေ၊အထူးသဖြင့် မိဖုရားက ဘုရင့်ပေါ် သူအကိုဆိုတဲ့အသိရှိတာပဲလေ...သူက သူမအစ်ကိုရဲ့ဟွာကို ဖြတ်ချင်နေသူလေ..

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now