Chapter - 357"တိုးတက်မှုမရှိခြင်း"
ابدأ من البداية
အဘိုးကြီး၏ စကားအား ထောက်ခံသည့်ဟန်ဖြင့် လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
မှန်ပေသည်။
ထိုလူများသည် တိုက်ကြခိုက်ကြရမည်ကို မကြောက်ကြချေ။ သိုင်းလောကအတွင်း တိုက်ကြခိုက်ကြသည်မှာ မထူးဆန်းသဖြင့် ကြောက်စရာကိစ္စ တစ်ခု မဟုတ်ပေ။
အဆိုးဆုံးအနေဖြင့် အသက်ဆုံးရှုံးရုံသာ ဖြစ်ပေလိမ့်မည်။
မော်တယ်ကမ္ဘာရှိ မျိုးနွယ်စုကြီးများ အတွင်းမှ အစွမ်းထက်ဆုံးသော ပညာရှင်များပီပီ မည်သည့်အရာကိုမျှ ကြောက်ရွံ့ကြမည် မဟုတ်ပေ။
သို့သော် စိုးရိမ်ရမည့် အရာများ ရှိနေသေးပေသည်။ ပညာရှင်များ ဖြစ်သော်လည်း တစ်ကောင်ကြွက်တော့ မဟုတ်ကြချေ။ တာဝန်ဝတ္တရားကိုယ်စီ ရှိနေကြသည့် သူများ ဖြစ်ကြသည်။
ရဲရင့်သည့် လူများအနေဖြင့် သေဆုံးရမည် ဆိုလျှင်ပင် စိုးရိမ်ကြောက်လန့် နေကြမည် မဟုတ်ချေ။
သို့သော် သေဆုံးခြင်း၏ နောက်ဆက်တွဲအနေဖြင့် မိမိတို့၏ မိသားစုများလည်း အသတ်ခံရပေလိမ့် မည်။
နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော မျိုးနွယ်စုကြီး တစ်ခုလုံး မိမိတို့၏ မဆင်မခြင် လုပ်ရပ်ကြောင့် အမြစ်ပြတ်သွားပေလိမ့်မည်။
မည်သူမျှ ထိုကဲ့သို့ အဖြစ်ခံချင်လိမ့်မည် မဟုတ်ပေ။
ယခုပြဿနာသည် ဂိုဏ်းကြီး ၂ ခု၏ သိက္ခာနှင့် ဆက်စပ်နေလေသည်။ မည်သည့်ကိစ္စရပ်မဆို သိက္ခာတရားနှင့် ဆက်စပ်နေသည့် ကိစ္စမျိုးဆိုလျှင် အလွန်ဖြေရှင်းရ ခက်လှပေသည်။
ဂိုဏ်းကြီး ၂ ခုသည် မော်တယ်ကမ္ဘာတွင် သမိုင်းအစဉ်အလာ ကြီးမားစွာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့သော ဂိုဏ်းကြီးများ ဖြစ်ကြသည်။
မျိုးနွယ်စုကြီး ၅ စုမှ လူများသည် စိတ်ထဲမှ နေ၍ "မင်းတို့လည်း သိက္ခာကို တန်ဖိုးထားသလို ငါတို့လည်း တန်ဖိုးထားတယ်ကွ . . ." ဟူ၍ ပြန်ခံပြောချင်သော်လည်း အသံကျယ်ကျယ်ထွက်၍ပင် မပြောရဲကြချေ။ ဂိုဏ်းကြီး ၂ ခုမှ ကျဆင်းခဲ့ရသည့် သိက္ခာတရားများအား ပြန်လည် အဖတ်ဆယ်ချင် နေကြသည်ကိုလည်း သိကြသည်။