Arc-6.5(နန်းကျအရှင်ကြင်ယာတော်)

Start from the beginning
                                    

ချင်းယုယောင်ဟာ အိမ်ရှေ့စံမင်းသားလျန်လျန့်ထိုက်ရဲ့ကြင်ယာတော်ပေမယ့် မင်းသားလျန်လျန့်ထိုက်ဟာ ပိုင်ချန်ရုန်နဲ့သာ အမြဲတစေရှိနေပြီး ချင်းယုယောင်ရဲ့မာနကို ထိခိုက်စေခဲ့သည်၊အဆိုးဆုံးဟာ ပန်းပွဲတော်မှာပင် ပြောင်ပြောင်ထင်ထင်ပင် မင်းသားလျန်လျန့်ထိုက်ဟာ ပိုင်ချန်ရုန်ကိုတွဲဖက်အနေနဲ့ခေါ်လာကာ တက်ရောက်ခဲ့သည်၊

သူတို့ဟာ ချင်းယုယောင်ရဲ့ရိုင်းစိုင်းတဲ့အပြုအမူကြောင့် ထိုအချက်အလက်တွေကို သတိမထားမိကြဘဲ အခုမှ စတင်ကောက်ချက်ချလာတော့သည်၊တကယ်တော့ အစတည်းက မှားနေခဲ့တာကဟာ လျန်လျန့်ထိုက်နဲ့ပိုင်ချန်ရုန်ပင်၊

ထိုမှတ်ချက်ဟာ နန်းတော်အတွင်းပြန့်နှံ့သွားပြီး ချင်းယုယောင်ရဲ့ဂုဏ်သတင်းကို ပြန်လည်မြှင့်တင်နိုင်ပြီး အခြားနှစ်ဦးကိုတော့ ထိခိုက်သွားစေသည်၊

ကာယကံရှင်ချင်းယုယောင်ကတော့ ဧကရာဇ်နန်းဆောင်ထဲမှာရှိနေပြီး သူတို့ဟာ ထျန်းအင်ပါယာကိုသွားရောက်မဲ့ခရီးကို နောက်ဆုတ်လိုက်ရသည်၊ဒါပြင် လျန်ဘုရင်မင်းမြတ်နဲ့အခြားထွက်ပြေးတိမ်းရှောင်သွားတဲ်သူတွေဟာလည်း ပြန်လည်ရောက်ရှိလာတော့သည်၊

သူတို့ဟာ ပထမက မယုံကြည်ဖြစ်နေပေမယ့် ထျန်းအင်ပါယာရဲ့စစ်သူကြီးက သေချာကတိပေးလိုက်ကာမှ စိတ်အေးစွာပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်၊လက်ရှိမှာတော့ ချင်းယုယောင်နဲ့မင်းသားလျန်ရဲ့ထိမ်းမြားမည့်ကတိဟာဖျက်သိမ်းခံလိုက်ရပြီး မင်းသားလျန်နဲ့ပိုင်အမတ်ကြီးရဲ့သားပိုင်ချန်ရုန်တို့စေ့စပ်မည့်သတင်းဟာ နန်းတော်မှာပြန့်နေတော့သည်၊

တော်တော်များများကတော့ အရှင်ကြင်ယာတော်အတွက် စိတ်မကောင်းဖြစ်နေကျတော့သည်၊အရှင်ကြင်ယာတော်ချင်းယုယောင်ဟာ အိမ်ရှေ့စံကို ချစ်မြတ်နိုးရသူဆိုတာ တစ်တိုင်းပြည်လုံးသိကြသည်ကိုး၊

"ဒီတိုင်းပြည်က အိမ်ရှေ့စံမင်းသားနဲ့ပိုင်ချန်ရုန်တို့က မကြာခင် ေစ့စပ်တော့မည်လို့ ငါကြားလာတယ်" မင်ချန်ရိဟာ ချင်းယုယောင်ရဲ့မျက်နှာကို မလွတ်တမ်းစိုက်ကြည့်ရင်းပြောလိုက်သည်၊ဒါပေမယ့် ချင်းယုယောင်ဟာ လက်ဖက်ရည်ကြမ်းကိုသာ အေးဆေးသောက်တုန်းနေရင်း "အော်"လို့သာ တစ်ချက်ပြောလာပြီး ဂရုမစိုက်သည့်အပြုအမူနဲ့သာနေနေတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now