Chapter 66

2.7K 311 4
                                    

Chapter 66 ကျန်းချန်း ရဲ့ ဆရာ

မင်းဒါကိုကြည့်မယ်ဆိုရင် ကွာဟချက်က အတော်ကြီးတယ်လို့ ပြောလို့ရနိုင်တယ်။

ဒီလိုကုသမှုမျိုးက တော်တော်ဆိုးတာပဲ။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းတဲ့သူသာဆို သူဒါကိုလက်ခံနိုင်မှာ မဟုတ်ဘူး။

ဒီနှစ်တွေက မစ္စတာ နဲ့ မစ္စချန်း တို့အတွက် တော်တော်ခက်ခဲတဲ့အချိန်တွေဆိုတာ သံသယရှိစရာ မလိုဘူး။

ချန်း ရဲ့ စိုးရိမ်စိတ်ကို မြင်ရတော့ စိုးရိမ်မှုမရှိအောင် မစ္စချန်း က ပေါ့ပေါ့ပါးပါးစကားအနည်းငယ်ပြောဆိုတယ်။

သူတို့ခက်ခဲတဲ့ အချိန်ရှိသော်လည်း ကံကောင်းထောက်မစွာနဲ့ သေလောက်တဲ့ထိ ဖြစ်အောင်တော့ မငတ်ခဲ့ဘူး။

ဒါတွေအကုန်လုံးက ရှုလန် ရဲ့ ကျေးဇူးကြောင့်။ သူမကြောင့်သာမဟုတ်ရင် ခုသူတို့နှစ်ဦးစလုံး ငတ်ပြီး သေနေလောက်ပြီ။

မစ္စတာချန်း ရဲ့ စိတ်ခံစားမှုကအတော်ကောင်းတယ်။ သူပြုံးပြီး ချန်းကိုပြောလိုက်တယ်။
"မင်းငါနဲ့ပတ်သက်ပြီး စိုးရိမ်မနေပါနဲ့။ ဒီအဘိုးအိုကြီးက ငတ်ပြီးမသေနိုင်ပါဘူး။ ငါအသက်ရှုနိုင်သေးတယ်။ ငါ့ကိုငါဂရုစိုက်နိုင်တယ်။

မင်းရဲ့အလုပ်ကို စိတ်ချလက်ချ သွားလုပ်နိုင်တယ်။ ငါ့ကိုမစိုးရိမ်နဲ့"

" ဒါမှန်တယ် ချန်း ငါတို့ကို စိတ်ပူဖို့မလိုပါဘူး ဘာကြောင့်ဆို အခုငါတို့အဆင်ပြေတယ်။ အခုရက်တွေက အရင်ကလောက်တော့ မကောင်းဘူး။ ဒါပေမဲ့ ငါတို့အသက်ရှင်နိုင်ပါသေးတယ်။ "

သူတို့က သူကို စိတ်မပူအောင်လို့ပြောတယ်ဆိုတာ
ချန်း သိတယ်။

သူအခြားဘာမှတော့ မပြောခဲ့ပါဘူး။ သူလည်း ဒီရောက်နေပြီဆိုတော့ သူတတ်နိုင်သမျှ သူတို့ကို ကူညီချင်တယ်။

ကံကောင်းတာက အဲ့ချိန်မှာပဲ လက်မှတ်များစွာနဲ့ ပြန်လာပြီး သူမပြန်ခင် အချို့ကို သူတို့အတွက် ထားခဲ့တယ်။

အစားအသောက်လက်မှတ်၊ အသားလက်မှတ်၊ စသည်ဖြင့်ပေါ့... ။ သူတို့အတွက် အနည်းငယ်ပိိုပြီး ထားခဲ့တယ်။ ဒါမှ သူတို့အချိန်အတော်ကြာ စားသောက်နိုင်မှာပါ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now