Chapter 179

1.4K 161 0
                                    

Chapter 179- ကောင်းအိုက်ထန်၏တူမ(၂)

ကျောင်းရှုလန်က လုရှောင်းဟောင် ကို လျစ်လျူရှုပြီး “ဘာတွေလာပြောနေတာလဲ ငါက သန့်ထားပြီးသား အစေ့အဆန်တွေလာပိုရုံပဲ ပြသနာမရှာချင်နဲ့။”

သို့သော်လည်း လုရှောင်းဟောင် သည် သူမ၏ ခါးထောက်လိုက်ပြီး ကျောင်းရှုလန် ရှေ့မှာ “သန့်စင်ထားတဲ့ အစေ့အဆန်လာပိုတယ် ဟုတ်လား

ငါ့အိမ်မှာ ဘယ်သူမှမရှိတာကို နင်က ဘယ်လိုဝင်လာတာလဲ

နင်ခိုးဝင်လာပြီး တစ်ခုခုခိုးဖို့ လုပ်နေတာမလား

နောက်ပြီး နင်လို တောရွာမှာ နေတဲ့လူက အစေ့အဆန်လာပိုတယ် ဆိုထဲက နင်လိမ်နေတာသိသာနေပြီ။

ကောင်းကင်ကိုတောင် နင်လိမ်ရဲတယ်ပေါ့

ငါ ရဲကို အကြောင်းကြားပြီး နင့်ကိုဖမ်းခိုင်းမှာ“

ယခင်က ကျောင်းရှုလန်၏
ခြိမ်းခြောက်မှုကို တွေးတောရင်း လုရှောင်းဟောင်သည် သူမ၏ နှလုံးသားထဲတွင် အာဃာတများ ရှိခဲ့သော်ငြား ကျောင်းရှုလန်ကို မယှဉ်နိုင်ခဲ့ပေ။

ယခု ကျောင်းရှုလန်ကို ပြည်သူ့လုံခြုံရေးထံ တိုက်ရိုက်ပေးပို့လိုက်ပါက  ကျောင်းရှုလန် ကျိန်းသေဒုက္ခရောက်မည်ဖြစ်သည်။

ကျောင်းရှုလန် ခဏတာ စကားမပြောဖြစ်ပေ။

လုရှောင်းဟောင်က သူမသည် ရွာသူတစ်ဦးသာဖြစ်၍ ထိုသို့လုပ်နိုင်မည်မဟုတ်ဟု တွေးနေသည်။

သူ့အိပ်မက်အလုပ်က ကောက်နှံတစ်ရာလောက်ကို ရှာပြီး ယာယီအလုပ်ရရန်ဖြစ်ပေသည်။

လုရှောင်းဟောင်သည် ဤကဲ့သို့ လူဖြစ်သောကြောင့် ကျောင်းရှုလန်သည် ထိုစပါးများကို လုရှောင်းဟောင်အား ရောင်းရန် စိတ်မပါချေ။

ယခု ဈေးကွက်တွင် သန့်စင်ပြီး စပါးများ ပြတ်လပ်နေသဖြင့် ကျောင်းရှုလန်အား သူမ ကောက်နှံများ ရောင်းမကုန်မည်ကို မစိုးရိမ်ပါ။

လုရှောင်းဟောင်၏ တစ်ခုတည်းသော လုပ်ငန်းကို မလုပ်ချင်ပါက သူမအား မရောင်းရုံသာဖြစ်သည်။

ကျောင်းရှုလန်က လုရှောင်းဟောင် နှင့် စကားများရန်မသင့်သည့်အတွက် အိတ်နှစ်လုံးကို သယ်ကာ ထွက်ခွာသွားခဲ့သည်။

လုရှောင်းဟောင်က မြင်သောအခါ သူမသည် ကျောင်းရှုလန်ကို  တားလိုက်ပြီး”ဘယ်သွားမလို့လဲ ခိုးပြီးတာနဲ့ပြန်တော့မလို့လား ရဲတွေမလာမချင်း နင်ပြန်ရဖို့မတွေးနဲ့”

ကျောင်းရှုလန်က အေးစက်စွာပြောတယ် “ငါဘာမှ မခိုးထားဘူး ငါ့ပစ္စည်းငါယူပြီး အေးအေးဆေးဆေး ပြန်ချင်ရုံပဲ ဟုတ်ပြီနော်!”

“လွယ်လှချည်လားဟ ငါကရောလွယ်လွယ်နဲ့ ပေးပြန်ပါ့မလား!”

လုရှောင်းဟောင် မေးခွန်းများစွာ ထုတ်‌နေချိန်၌ ကောင်းအိုက်ဖန်က အပေါ်ထပ်ကနေ ဆင်းလာပြီး လုရှောင်းဟောင်ကို မြင်လိုက်တာနဲ့ သူပြောလေသည် “ရှောင်းဟောင် နင်ဘာတွေပြောနေတာလဲ  နင့်အလုပ်က သန့်စင်ထားပြီးသား အစေ့အဆန်တွေလိုတယ်ဆိုလို့လေ ငါတို့လည်းလိုက်ရှာပေးတာ ဒီမိန်းကလေးဆီမှာ တွေ့လိုဝယ်မဲ့ဟာကို အဲ့တာမှ နင်အလုပ်ရမှာလေ!”

ကောင်းအိုက်ဖန် ပြောတာကို ကြားတော့ လုရှောင်းဟောင်က လန့်သွားပြီး ကျောင်းရှုလန်ကို မှင်တက်စွာ ကြည့်နေလိုက်သည်။  သူ မထင်ခဲ့သလိုပင် ကျောင်းရှုလန်က သူ့အတွက် အစေ့အဆန်တစ်ရာကို လာပို့ပေးခြင်းဖြစ်သည်။
သန့်စင်ပြီး အစေ့အဆန်တစ်ရာ ရနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ကျေးလက်က သူထင်သလောက် မဆင်းရဲကြတာလား?

သူတို့မြိုထက် အခြေအနေပိုကြောင်းကြတာလား

ဒီလိုမှမဟုတ်ရင် ကျောင်းရှုလန်က ဒီလောက်အများကြီးကို ဘယ်ကရခဲ့တာလဲ

အစပိုင်းက ရန်လိုသေးသော လုရှောင်းဟောင်သည် ဆွံ့အသွားပြီး အသံမထွက်နိုင်တော့ပေ။

သူမဟာ ကျောင်းရှုလန်ကို တကယ်နားလည်မှုလွဲခဲ့လေသည်။ သူမက လာခိုးတာမဟုတ်ပဲ သူတို့အတွက် ပစ္စည်းလာပို့ပေးခြင်းသာဖြစ်နေသည်။

ဒါပေမယ့် ကျောင်းရှုလန်ကို နားလည်မှုလွဲသည့်အတွက် လုရှောင်းဟောင်က ကျောင်းရှုလန် ကို ပြန်‌တောင်းပန်ရန်လည်း စိတ်မဝင်စားပေ။

ဒီလို အကျင့်မကောင်းသူတစ်ယောက်က သူမ၏တောင်းပန်မှုနှင့် မတန်ပေ။

ကောင်းအိုက်ဖန်က ကျောင်းရှုလန်ဆီသို့ လျှောက်လာပြီး ကျောင်းရှုလန်အား တောင်းပန်စကားဆိုကာ “ရဲဘော် တောင်းပန်ပါတယ် သမီးကစိတ်ပူသွားလို့ ပြောမိပြောရာ ပြောလိုက်တာ စိတ်ထဲမထားပါနဲ့!”

လုရှောင်းဟောင်၏ စိတ်ဓာတ်နှင့် နှိုင်းယှဉ်လျှင် ကောင်းအိုက်ဖန်၏ စိတ်ထားမှာ ပိုကောင်းလေသည်။

သို့သော် လုရှောင်းဟောင်ကို တွေးမိပြီး ကျောင်းရှုလန်က ကောင်းအိုက်ဖန် အား စပါးတစ်ရာကို ရောင်းရန် တွန့်ဆုတ်နေသေးသည်။

“ရပါတယ် ကိစ္စမရှိပါဘူး ဒါပေမဲ့ ကျွန်မ မရောင်းနိုင်တော့ဘူး ဘယ်လောက်ပဲစိတ်ပူတယ် ပြောပြော သူတစ်ဖက်သားကို မသိပဲ မစွပ်စွဲသင့်ဘူးလို့ ကျွန်မထင်တယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now