Chapter 115

2.4K 247 1
                                    

Chapter-115 ဖွားဖွားကျန်းရဲ့ ပစ္စည်းကောင်းလေးများ(၂)

ကျောင်းရှုလန်က မဒမ်ကျန်း ၏ကြင်နာမှုကို လက်မခံပါက သူမ(မဒမ်ကျန်း)သည် တစ်ချိန်လုံး အကြွေးတင်နေသည်ဟု ခံစားရပေလိမ့်မည်။

ထိုကြောင့် သူမယူလိုက်ပေသည်။

မစ္စကျန်းက သူ့ကိုစိတ်ရင်းနဲ့ တစ်ခုခု ပေးလိမ့်မည် ဟုထင်နေပြီးသားပင်။

ကျောင်းရှုလန်က မစ္စကျန်း ပေးအပ်သော သေတ္တာကို ယူလိုက်သည်။  သေတ္တာကိုဖွင့်ကြည့်လိုက်တော့ ရွှေပုတီးများအပြင် ကျောက်စိမ်းမြ ဆံထိုးတွေအပြင် အလွန်နူးညံ့ပြီး လှပတဲ့ ကျောက်စိမ်းနဲ့ပြုလုပ်ထားတဲ့  ကျောက်စိမ်းဆွဲသီးတစ်ခုနဲ့ ရွှေလက်ကောက်တစ်ရံတို့ကို တွေ့လိုက်ရသည်။

ဤအရာအားလုံးက အလွန်တန်ဖိုးရှိပြီး ၂၁ ရာစုတွင် ၎င်းတို့သည် အရမ်းဈေးမြင့်မားကြသည်။

ဒီခေတ်၌ တခြားလက်ဝတ်ရတနာတွေက  သိပ်တန်ဖိုးမရှိပေ။ မှောင်ခိုဈေးကွက်မှာ မသိတဲ့လူတစ်ယောက်ကို စားစရာနှင့်
လဲမည်ဆိုရင်တောင် မလဲပေးချေ။

သို့ပေမဲ့ ရွှေလက်ကောက်ေတွ မှာ မတူညီကြ။  ရွှေသည်လည်း ရှားပါးသော သယံဇာတဖြစ်နေ၏။  နိုင်ငံတော်က ရွှေဝယ်နေဆဲပင် ထိုကြောင့် ရောင်းထုတ်ပါက ငွေအများကြီးရနိုင်သည်။

ဒါပေမယ့် ကျန်းမိသားစုရဲ့ အခြေအနေအရ မိသားစုပြသနာ တစ်ခုခုရှိနေရင်တောင် လွယ်လွယ်နဲ့ မထုတ်ဝံ့ကြပေ။

တန်ဖိုးကြီးတဲ့ အရာတွေက ကျန်းမိသားစုကို ပိုလေးနက်တဲ့ အကျိုးဆက်တွေ ပေးနိုင်သည်။

  ကျန်းထျဲ့တန် ဖျားနေသည့်အချိန်တွင် ကျန်းမိသားစုက သူ့ကို ကုသရန် ပိုက်ဆံမရှိသသည့်တိုင် ထိုရတနာများကို မထုတ်သုံးကြပေ။  အလွန်အကျွံ မလိုအပ်သော ပြဿနာများကို ဖြစ်စေနိုင်သည်။

ကျန်းမိသားစုက သူမရှေ့တွင် ဤအရာများကို ထုတ်ပြနိုင်သည်အထိ သူမအား လုံးလုံးယုံကြည်ကြသည်ကို တွေ့မြင်နိုင်သည်။

မစ္စကျန်း ပေးတာကိုမြင်တော့ ကျောင်းရှုလန်က ခေါင်းကို ဆတ်ဆတ်ခါပြီး “အဘိုး ကျန်း အဖွားကျန်း  ဒီပစ္စည်းတွေက အရမ်းအဖိုးတန်လွန်းတယ် ကျွန်မ မယူနိုင်ပါဘူး ပြန်သိမ်းထားလိုက်ပါ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Wo Geschichten leben. Entdecke jetzt