Chapter 49

2.7K 306 2
                                    


Chapter 49 အရေးပေါ်ကယ်ဆယ်မှု-၆

မစ္စတာချန်း က အခု တကယ်  ဗိုက်ဆာနေပေမဲ့ ငြင်းဆိုချင်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့အရမ်း စားချင်နေတဲ့စိတ်ကို မငြင်းဆန်နိုင်တော့ဘဲ အသားပေါင်မုန့်ကိုယူ၍ စားလိုက်သည်။

“မိန်းကလေး မင်းရဲ့အသားပေါင်မုန့် အတွက် ကျေးဇူးတင်ပါတယ်။” သူသည် ကျောင်းရှုလန် ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သည်။

“ ဦးလေးချန်း ယဥ်ကျေးမနေပါနဲ့။ ကျွန်မလည်း ဦးလေးကို ကူညီနိုင်တဲ့ အတွက် ဝမ်းသာပါတယ်။”

ဦးလေးချန်း အသားပေါင်မုန့် စားနေတာကို ကြည့်ရင်း သူကလည်း မစ္စချန်း လိုပဲ ကောင်းမွန်တဲ့ မိသားစုက ဆင်းသက်လာသူဆိုတာ ရှုလန် သိခဲ့သည်။ သူ့ရဲ့ အစားစားတဲ့ အပြုမူကိုကြည့်ခြင်းဖြင့် သူမပြောနိုင်လေသည်။

သူ့မှာ ကောင်းမွန်တဲ့နောက်ခံရှိတဲ့ လူတစ်ယောက်မှာရှိတဲ့ ခြားနားတဲ့ ပင်ကိုယ်စရိုက်ရှိတယ်။ သူက အသက်ကြီးပြီး ညှိုးနွမ်းနေပေမယ့် ရည်မွန်နေဆဲဖြစ်သည်။

အဓိကအားဖြင့် ဒီအချက်တွေကြောင့် သည်လင်မယားနှစ်ယောက်ဟာ ဤကဲ့သို့ အခြေနေမျိုးဖြင့် အဆုံးသတ်ခဲ့ရခြင်းဖြစ်မည်။  ထို့ကြောင့် ရှုလန် က သူတို့ကို ပို၍ သနားပေသည်။

အစာစားပြီးသွားတဲ့နောက် မစ္စတာချန်း ရဲ့ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာပြီး ဗိုက်ဝသွားသည့် ခံစားချက်က သူ အချိန်ကြာကြီး မခံစားခဲ့ရတဲ့ ပျော်ရွှင်မှုကို ယူလာပေးသည်။

သူ့မိသားစု မကျဆုံးသေးတဲ့ အတိတ် နှစ်အနည်းငယ်ကို ပြန်တွေးကြည့်ရင် သူ့တို့ နေ့ရက်ကောင်းများစွာကို ပိုင်ဆိုင်ခဲ့ပါသည်။

အခုတော့ အစာကိုတောင် ဝလင်အောင် မစားနိုင်တော့တဲ့အတွက် သူ မတတ်နိုင်ဘဲ သက်ပြင်းသာချ ရတော့သည်။

ဒီလင်မယားက စိတ်ဓါတ်တော်တော် ကြံ့ခိုင်တယ်။ အရင်နဲ့ အခု ကွာဟချက်ကကြီးမားပေမဲ့ သူတို့က အရှုံးမပေးဘဲ အသက်ရှင်ဖို့အတွက် ကြိုးကြိုးစားစား ရုန်းကန်ခဲ့ကြသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Donde viven las historias. Descúbrelo ahora