Chapter 166

1.8K 198 1
                                    

Chapter-166 လီလီကျွမ့်၏ ကြောင်သူတော်မျက်နှာဖုံးကြီး ကွာကျခြင်း(၁)

လုကျင်းရှန်းက လီလီကျွမ့်ကို အေးစက်သော မျက်နှာဖြင့် ပြောပြီး အရာအားလုံးကို သူမသဘောပေါက်စေရန် ဘွင်းဘွင်းထင်းထင်း ပြောချလိုက်သည်။

လီလီကျွမ့် နားလိုက်သည့် ငါးရက်တာ ကာလအတွင်း နွားများမှာ ကျောင်းရှုလန်၏ကျေးဇူးနှင့် သိသိသာသာ ဝဖြိုးလာလေသည်။

လီလီကျွမ့် ဆေးကြောကာကျုံးထားသော ဝက်မစင်များကမူ ကျောင်းရှုလန် လုပ်ခဲ့သည်နှင့်နှိုင်းယဉ်ပါက အခြေအနေဆိုးလွန်းသည်။

သုံးသပ်ချက်ရေးဖို့ လီလီကျွမ့်ကို အကြောင်းအရင်း မရှိပဲ ပြောခဲ့သည့်မဟုတ်။

ဒီကိစ္စတွေကို ထားလိုက်ပြီး သူမပြန်သွားသည့်အခါ သူမ၏အလုပ်ရမှတ်များကိုတွက်ကြည့်လေသည်။ အလုပ်များစွာကိုတစ်နှစ်နီးပါးလုပ်ထားသည့်တိုက် အမှတ်များက ကြက်ပျောက်ငှက်ပျောက်ပေ။

အလုပ်လုပ်ရန် ငယ်လွန်းတော့သည်လည်းမဟုတ်။ သူမသည် အရွယ်ရောက်‌နေပြီဖြစ်သောကြောင့် အခြားသူများနှင့်ယှဉ်ပါက ရှက်စရာကောင်းလွန်းသည်။

လီလီကျွမ့်သည် လုကျင်းရှန်း၏ စကားကိုကြားပြီးနောက် လန့်သွားလေသည်။

နွားကျောင်းရန် သွားချင်စိတ်မရှိသည့်အတွက် သုံးသပ်စာ ရေးခိုက်းခြင်းက ကောင်းလားဆိုးလား မခွဲတတ်တော့ပေ။

စကားတစ်ခွန်းကို သေချာစွာနားမလည့် သူမအတွက် သုံးသပ်စာရေးခိုင်းသည့်က ပြသနာပင်။

“ခေါင်းဆောင် နွားသွားထိန်းလို့ မရဘူးလား သုံးသပ်စာ မရေးချင်ဘူး”  လီလီကျွမ့်က ခါးသီးသောမျက်နှာဖြင့် တောင်းပန်လိုက်သည်။

လုကျင်းရှန်းက အသံတိုးသော်လည်း လေသံမာမာဖြင့် “ဒါညှိနှိုင်းစရာ ကိစ္စလား လာဈေးဆစ်နေတယ် ခိုင်းရင်ခိုင်းတာလုပ်လိုက်

မရေးချင်လည်း ရတယ်လေ “

လုကျင်းရှန်း မှာ ညှိနှိုင်းရန် နေရာမရှိသည်ကို မြင်လိုက်ရသဖြင့် လီလီကျွမ့် ငိုလုမတတ်။
နောက်အစည်းအဝေးခေါ်ရင် အဲ့တော့မှ လူတွေရှေ့မှာ အမှားသုံးသပ်ပေါ့”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now