Chapter 92

2.5K 302 3
                                    


Chapter – 92

ရှုလန်မှာ ကြက်ဥနဲ့ ဆီတွေတောင် ပါနေတာကို ကြားလိုက်ရတော့ ချိုက်ရှား အံ့သြသွားသည်။ ချိုက်ရှား က စျေးနှုန်းများကို မမေးဘဲ ချက်ချင်း ပြန်ဖြေပေးလိုက်သည်။

“ဒါပေါ့၊ သေချာတာပေါ့။ ညီမ၊ မင်းမှာ ဘယ်လောက်ရှိသေးလဲ”

ဆီနှင့်ဥများသည် ယခုအချိန်တွင် ရွှေထက်ဈေးကြီးပြီး ဝယ်ရခက်ခဲသည်။ စားသောက်ကုန်များကို မှောင်ခိုဈေးကွက်တွင် ရနိုင်သော်လည်း ကြက်ဥနှင့်ဆီများကို ဝယ်ယူနိုင်ခြေမှာ အခြားသော စားသောက်ကုန်များဝယ်ယူရန် အခွင့်အလမ်းများထက် များစွာနည်းပါးသည်။

ထို့ကြောင့် ချိုက်ရှားက ဈေးတောင် မမေးတော့ဘဲ လိုချင်တယ်လို့ ချက်ချင်းပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်မဆီမှာ ကြက်ဥနဲ့ဆီက များများစားစားတော့ မရှိဘူး။ ကြက်ဥဆယ်လုံးနဲ့ ဆီတစ်ကီလိုပဲရှိတယ်”

ရှုလန်က ပြန်ဖြေသည်။ ချိုက်ရှားကို ရှင်းလင်းစေရန်အတွက် ရှုလန်က ကမ်းလှမ်းရမည့် စျေးနှုန်းများကို စဉ်းစားကြည့်လိုက်သည်။

“ကြက်ဥတစ်လုံးကို ငါးဆယ်ဆင့်ရှိပြီး *အသီးအရွက်ဆီတစ်ကီလိုကို ယွမ်နှစ်ဆယ်ပါ။ မင်းမှာ လက်မှတ်ရှိရင် အသီးအရွက်ဆီ တစ်ကီလိုအတွက် တစ်ဆယ့်ခြောက်ယွမ်နဲ့ ဆီကူပွန် ၅၀၀ ဂရမ်။”

(*အသီးအရွက်ဆီဆိုပေမဲ့ canola က မုန်ညှင်း၊ ဂေါ်ဖီလိုမျိုးကို ပြောတာပါ။ အသီးအရွက်ဆီလို့ ဘာသာပြန်တာက ပိုအဆင်ပြေမယ်ထင်လို့ပါ။)

ထိုစကားကိုကြားပြီးနောက် ချိုက်ရှားသည် ရှုလန် ကမ်းလှမ်းထားသော စျေးနှုန်းများသည် သက်သာနေဆဲဖြစ်ကြောင်း ခံစားခဲ့ရသည်။

“ကောင်းပြီ  ညီမ၊ မင်းက ရိုးသားတဲ့ လူတစ်ယောက်ဆိုတာ ငါသိတယ်၊ ဒါတွေအားလုံးကို ငါလိုချင်တယ်။ ဒါပေမယ့်လည်း ပိုက်ဆံအများကြီးနဲ့ ကူပွန်တွေ ယူမလာဘူး။ ဒီပစ္စည်းတွေကို ငါ့အိမ်ကိုပို့ဖို့ အဆင်ပြေနိုင်မလား၊ ဒီနည်းနဲ့ ငါတို့လူစည်ကားတဲ့ နေရာမှာ အရောင်းအ၀ယ်လုပ်ဖို့ မလိုဘဲ ငါတို့ အိမ်ကို ရောက်တဲ့အခါ မင်းကို ငွေနှင့်ကူပွန်တွေကို တခါတည်းပေးပါ့မယ်။ မင်းအဆင်ပြေရဲ့လား”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now