Chapter 38

2.9K 326 2
                                    

Chapter 38

ဒါတွေအားလုံးက ရှုလန် ဒီစကားတွေကို ဝေကောင်း ရှေ့တွင် ပြောတဲ့အတွက်ကြောငင့်ပဲ။ မဟုတ်ရင် သူက သူမရဲ့တောင်းဆိုလျက်ကို ငြင်းမှာမဟုတ်ဘူး။

ယုမိန် က ရှုလန် ရဲ့စိတ်နေစိတ်ထားသည် မြစ်ထဲသို့ ကျပြီးကတည်းက အမှန်တကယ် ပြောင်းလဲသွားသည်ကို သိလိုက်ရသည်။

ရှုလန် ကအရင်က သူမရှေ့မှာ ‌လေပင် မလည်ရဲခဲ့ပါ။ အခုတော့ သူမမှာ ထက်ရှတဲ့ ပါးစပ်တောင်ရှိပြီး သူမက အလွန်ရဲရင့်လာသည်။ ဝေကောင်း ရဲ့ရှေ့တွင် တိုင်တန်းဖို့ သိရှိလာခဲ့ပြီး ဘယ်လိုနည်းဖြင့် သူ့ရဲ့ စိတ်ထဲ ညီအစ်မနှစ်ယောက်လုံး ရောက်အောင် လုပ်ရမလဲကို ပင်သိရှိခဲ့သည်။

ဒါက အဆင်မပြေဘူး။ ဒီလိုအခြေအနေသာ ဆက်ဖြစ်နေမယ်ဆိုရင် သူမနဲ့ လီကျွမ့် က အနာဂတ်မှာ ဒီမိသားစုထဲ ဘယ်လိုလုပ် ကောင်းကောင်းနေနိုင်မှာလဲ။

အကယ်၍ ဝေကောင်း သာ ဒီညီအစ်မနှစ်ယောက်ဘက်ကို လိုက်မယ်ဆိုရင် သူ့တို့ရဲ့ အမေနဲ့ သမီးဘဝက သေချာပေါက်ကို ပိုပြီး ဆိုးလာလိမ့်မယ်။

ဝေကောင်း က အခုတော့သူမနဲ့ သူမညီမကို ကာကွယ်ပေးသည့်အတွက် ရှုလန် ပျော်နေပေသည်။ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်များအရ ဝေကောင်း ကသူမကို မုန်းနေတယ်လို့ ခံစားခဲ့ရသော်လည်း အခုတော့ သူက အားလုံးကို သေချာ မသိဘူးဆိုတာ သူမသိသွားသည်။

သူက မယားကြောက်တဲ့ ခင်ပွန်းဖြစ်ပြီး ဘယ်သူမဆို သူ့ရဲ့နား နားတွင် ခိုင်မာစွာ တိုးတိုးလေးပြောရင် သူက ဒီလူဘက်ကို ဘက်လိုက်သွားမှာပင်။

အရင်တုန်းက ရှုလန် ကအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်ပင် သယ်ဆောင်ထားလေသည်။ သူမရဲ့ နည်းလမ်းများနှင့် လုပ်နိုင်စွမ်းများမှာ အမေနှင့် သမီးအတွဲကို မယှဉ်နိုင်ပေ။ သူမမှာ နစ်နာစရာတွေ များတာက ပုံမှန်ပင်ဖြစ်သည်။

ဒါပေမဲ့ အခုတော့ သူမက သနားစရာကောင်းပြီး သဘာဝကျကျပင် သရုပ်ဆောင်လိုက်တဲ့အတွက် ဝေကောင်း ရဲ့နှလုံးသားက တဖြည်းဖြည်း သူမဘက်သို့ ယိမ်းယိုင်လာပြီဖြစ်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Där berättelser lever. Upptäck nu