Chapter 55

2.7K 306 2
                                    

Chapter 55 ကျန်းမိသားစု ၂

ရှုလန် သည် ပန်းကန်ထဲမှ အသီးအရွက်ပေါင်မုန့် နှစ်လုံး ယူလာပြီး ကလေးများဆီ ထွက်လာခဲ့သည်။

“ဟေ့ ကလေးတွေ ဒီမှာ မင်းတို့ဗိုက်ဖြည့်ဖို့အတွက် ပေါင်မုန့် တစ်ယောက်တစ်လုံးစီ လာယူကြ”

ကလေးများသည် သူမ ပေးသော ပေါင်မုန့်များကို မြင်သောအခါ ကြက်သေသေသွားခဲ့ကြသည်။

ရှောင်းယ သည် အံ့ဩဟန်ဖြင့် သူမ မျက်လုံးများကို ပွတ်သပ်ခဲ့သည်။

အစာသွတ်ထားတဲ့ မုန့်ပေါင်းတွေပဲ!

ထိုမုန့်လုံးလေးများကို တွေ့သောအခါ သူမသည် အိပ်မက်မက်နေသလားဟု မိန်းမောတွေဝေခဲ့မိသည်။

သို့သော် သူမရှေ့ရှိ ပေါင်မုန့်လုံးဖြူဖြူလေးများသည် ဆွဲဆောင်မှုရှိလှသည်။

ရှောင်းယ မော့ကြည့်လိုက်သောအခါ သူမ သိသော ရှုလန် ကိုတွေ့ခဲ့သည်။

သူမသည် တံတွေးမြိုချလိုက်ပြီး “မမ ရှုလန် အဲဒီ ပေါင်မုန့်လေးတွေကို ညီမတို့ကိုပေးချင်တာလား” ဟု အတည်ပြုမေးခဲ့သည်။

လယ်သူမလေးတစ်ယောက်အနေနဲ့တော့ ဒါက သူမဘဝမှာ ပထမဆုံးတွေ့ဖူးတဲ့ ဂျုံဖြူနဲ့လုပ်ထားသော မုန့်လုံးလေးများသာဖြစ်သည်။

သို့သော်လည်း ကလေးတစ်ယောက်အနေနဲ့တောင်မှ ဒီမုန့်လုံးဖြူလေးတွေက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ သူမ သိ‌နေသည်။

သူမသည် ရှုလန် ကို မေးနေချိန်တွင်ပင် ဤမုန့်လုံးလေးများကိုသာ ကြည့်နေခဲ့မိသည်။

“ဟုတ်တယ် ငါဒီမုန့်လေးတွေကို မင်းတို့စားဖို့အတွက် ပေးနေတာ။ ငါ မင်းတို့ရဲ့ wowotou လေး အခိုးခံလိုက်ရတာကို တွေ့ခဲ့မိလို့။ အခုမှ မင်းတို့ တစ်ခုခုမစားရင် နေ့လည်ပိုင်းမှာ အလုပ်လုပ်ဖို့ အားဘယ်လိုလုပ်ရှိမလဲ” ဟုပြောကာ ရှုလန် သည် အစာသွတ်ထားသော မုန့်လုံးလေးများကို သူတို့၏လက်ထဲ ထည့်ပေးလိုက်သည်။

ဤမုန့်လုံးလေးများကို ကိုင်ထား၍ ကလေးနှစ်ယောက်သည် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်ခဲ့မိကြသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now