Chapter 5

4.2K 438 1
                                    

Chapter-(5) နား နားကိုဖြတ်သွားသောလေ

ရှုလန် သည် ထိုစကားကိုကြားသောအခါ သူမ၏နှာခေါင်းက ကျဥ်တက်လာသည်။  သူမတို့ညီမတွေက လွန်ခဲ့တဲ့နှစ်တွေတုန်းက အတော်လေးနာကျင်ခံစားခဲ့ရသည်။  ငယ်စဥ်ကတည်းက မိခင်ရဲ့မေတ္တာကို မခံစားခဲ့ရတဲ့အပြင် အဖေကလဲ နောက်အိမ်ထောင်ပြုလိုက်သည်။

ရှုလန် က ရှုကျူး လက်ထဲကို ကြက်ဥပေးလိုက်ပြီး
“အခုပဲစားရအောင် ရှုကျူး ၊ အစ်မနဲ့အတူတူဒီမှာ အစ်မကြီးက မင်းကို ဘဝမှာ ကောင်းကောင်းနေနိုင်စေအောင်လုပ်ပေးနိုင်မှာသေချာတယ်၊ အနာဂတ်မှာ အစ်မက အစားအသောက်ကို ပြည့်စုံအောင်လုပ်ပေးမယ် “

“ဟမ်” ရှုလန် ၏စကားကိုကြားသောအခါ  ရှုကျူးသည် ဘာမှမတွေးတော့ဘဲ ယုံကြည်သွားခဲ့သည် ။ 

ရှုကျူးရဲ့ စိတ်ထဲတွင် အစ်မပြောတဲ့အတိုင်းလုပ်နိုင်မှာ သေချာပါတယ် ။  အနာဂတ်မှာ ဗိုက်ပြည့်နေသ၍ အရာအားလုံးအဆင်ပြေသွားမှာပါ။ ညီအမနှစ်ယောက်က ကြက်ဥကို အခွံခွာပြီးစားကြသည်။

ပျော့ပျောင်းနူးညံ့နေသော ကြက်ဥများသည် ဆာလောင်နေသော ညီအစ်မများအတွက်တော့ အရသာရှိနေမှာ အသေအချာပင်ဖြစ်သည်။ ကုတင်ပေါ်တွင်ပြန်လဲပြီး ဦးစွာအနားယူလိုက်သည်။ ဘယ်သူမရှိတဲ့အချိန်မှာ ရှုလန် က နေရာလွတ်ထဲက ရေတခွက်ကိုတိတ်တဆိတ်ယူထုတ်လိုက်ပြီး ပိုးသတ်ဆေးအနည်းငယ်ကို ထုတ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်သည် အလွန်ပူလောင်ပြီး လွတ်ထားရန်အဆင်မပြေသလို သူမကိုယ်တိုင်ကလဲဒုက္ခရောက်နေသည်။ ကြက်ဥတစ်လုံးစားပြီးနောက် ရှုလန် သည် နေရာလွတ်ထဲမှ အဖြူရောင်ယာဂုအနည်းငယ်ကို  ယူထုတ်ပြီး ဗိုက်ထဲသို့အစာဖြည့်လိုက်သည်။

မူလပိုင်ရှင်၏ အစာအိမ်က အဆီများတဲ့အစားအစာများကိုလက်မခံနိုင်ပေ။ ထိုကြောင့် အသားများကို အလွယ်တကူအစာမခြေဖျက်နိုင်ပေ။ အစပိုင်းမှာတော့ အလွန်အကျွံမစားနိုင်တဲ့တွက် ဒီလိုပေါ့ပါးတဲ့အရာတွေပဲစားနိုင်ခဲ့တယ်။ဆေးသောက်ပြီး အစာစားပြီးနောက် ရှုကျူး သည် အလွန် နေရကောင်းမွန်လာသည်။ ကုတင်ပေါ်တွင်လှဲချပြီး နောက်တစ်ရက် သို့‌
ရောက် ရန် အိပ်စက်လိုက်သည်။

နောက်နေ့မနက်မှာ အဖျားသက်သာပြီးအင်အားတွေတက်လာသည်။ ရှုလန် သည်အကြာကြီးလှဲလျောင်းနေခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ်နာကျင်နေသဖြင့် ကိုယ်လက်လှုပ်ရှားရန် ထလာလေသည်။

ရှုလန် ထွက်လာတာမြင်တော့ လီကျွမ့် ကမျက်လုံးပြူးပြီး ဒေါသတကြီးနဲ့ “ဟေ့ နောက်ဆုံးတော့ တစ်စုံတယောက်အိပ်ယာက ဘယ်လိုထရမလဲဆိုတာသိလာခဲ့ပြီပေါ့၊ ငါထင်တာနင်က အခန်းထဲမှာပဲပုန်းနေပြီး အလုပ်မလုပ်ချင်ဘူးပဲ”

ဒီလိုလူတွေနဲ့ စကားပြောရတာဟာ သူမတွက်အချ်န်ဖြုန်းတာနဲ့တူတာမလို့  ရှုလန် လျစ်လျူရှုလိုက်သည် ။ ရှုလန် ၏လျစ်လျူရှုခြင်းကို တိုက်ရိုက်ခံလိုက်ရသော လီကျွမ့် သည် ဒေါသထွက်လွန်း၍ အံ့ကြိတ်ထားခဲ့သည်။ “ရှုလန်မင်းနေရောကောင်းရဲ့လား” ကျောင်းဝေကောင်း အခန်းထဲမှထွက်လာပြီး ရှုလန် ကိုမေးလိုက်သည်။

ရှုလန် ကတော့ ပေါ့‌ပေါ့တန်တန် ပဲ့ပြန်ဖြေခဲ့ပြီး သူမအနေနဲ့ သူ့နားကိုပုတ်ခတ်ခဲ့တဲ့ ဒီအဖေကို အထင်မကြီးခဲ့ပေ ။  ဝေကောင်း က ရှုလန် ကိုကြည့်လိုက်ပြီး

“ရှုလန်၊ အခုမင်းကျန်းမာရေးကောင်းနေပြီပဲ့၊ အိမ်မှုကိစ္စကိုပိုဂရုစိုက်ရမယ်။ မင်းရဲ့အဒေါ် မိန် က ကိုယ်ဝန်ရှိနေပြီ၊ လှုပ်ရှားဖို့ အဆင်မပြေဘူး။”

အဖေကသူ့သမီး တစ်စိတ်တစ်ပိုင်းဖြစ်မှန်းမသိပါဘူး။ ရှုလန် က ယုမိန် ရဲ့အမေနဲ့သမီး တို့အားလုံးကို စကားသိပ်မပြောပါဘူး။ ယခုတော့ ရှုလန် သည်အစီအစဥ်တစ်ခုကို ပြင်ဆင်ထားပြီး သူမသည် ဝေကောင်းအနားတွင် ဖြေးညှင်းစွာ ရပ်တည်ရမည်ဖြစ်သည်။

“ကောင်းပြီ၊ ဖေဖေ ကျွန်မမြင်ပါတယ် ။ လွန်ခဲ့တဲ့နှစ်ရက်ကျွန်မအဖျားကြီးပြီး နည်းနည်း နေမကောင်းဘူး။ ကျွန်မတတ်နိုင်ရင်ကူညီပါမယ်။ “ ရှုလန် သည်ပျော့ညံ့ပြီး သနားစရာကောင်းသော အသွင်အပြင်ကိုဖန်တီးခဲ့သည်။

ဝေကောင်း သည် ရှုလန် ၏ဖြူဖျော့သော မျက်နှာနှင့် ပျော့ပျောင်းသော ခန္ဓာကိုယ်ကို မြင်လိုက်ရပြီး ရုတ်တရက်အနည်းငယ် လွန်သွားသလိုခံစားလိုက်ရသည်။ မိန်းကလေးက ဉာဏ်ကောင်းပြီး အလုပ်တွေအများကြီးလုပ်တယ်။ နေမကောင်းလို့ အလုပ်မလုပ်နိုင်တာလား။ ဒါပေမဲ့ ယုမိန် က သူ့သမီးက ပျင်းတယ်လို့ ပြောတယ်။ ဒါကိုစဥ်းစားရင် ဝေကောင်း သည် ယုမိန် အပေါ်အနည်းငယ် ပိုသိမြင်လာခဲ့သည်။

“မင်းနေမကောင်းသေးရင် နားလိုက်ပါအုံး၊ နေပြန်ကောင်းမှ အလုပ်တွေပြန်လုပ်ပေါ့”  ဝေကောင်း သည်စဥ်းစားစရာတခုခုကို ပြောခဲ့တယ်။ ထိုနောက် လီကျွမ့်  ကို အမိန့်ပေးလိုက်တယ်။ “နောက်ရက်တွေမှာ အိမ်မှုကိစ္စနဲ့ ဟင်းချက်ဖို့ကို မင်းတာဝန်ယူလိုက်”

ဝေကောင်း ရဲ့ အမိန့်စကားကိုကြားပြီးနောက်မှာ လီကျွမ့်  သည် ရုတ်တရက် မျက်နှာမှာ မပျော်ရွှင်မှုများ ဖြစ်ပေါ်လာပြီး နှုတ်ခမ်းစူကာ

“ဦးလေး ကျောင်း.. ရှုလန် ကပဲ့ အိမ်မှုကိစ္စတွေကို လုပ်သင့်တယ်‌၊ ကျွန်မကဘာကြောင့်လုပ်ရမှာလဲ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now