Chapter 46

2.7K 305 1
                                    

Chapter 46 အရေးပေါ် ကယ်ဆယ်မှု-၃

အမျိုးသမီးကြီးက သေချာသိပေသည်။ စားစရာစားသောက်ကုန်တွေသာမရှိဘူးဆိုရင် ဒီကျောက်စိမ်းတွေက ဘာတန်ဖိုးမှ မရှိပါဘူး။ ၎င်းတို့က ဘယ်လောက်ပဲ အဖိုးတန်ခဲ့ပါစေ အစားအစာအဖြင့် စားသုံး၍မရသောကြောင့် သူတို့ကို အသက်ဆက်ရှင်အောင် မလုပ်ပေးနိုင်ပါ။

ကမ္ဘာပျက်တဲ့အချိန်လိုဘဲ ဘယ့်သူ့မှပိုက်ဆံလိုအရာမျိုးကို နောက်ထပ် မလိုအပ်တော့ပါဘူး။ သူတို့လိုအပ်တာက အစားအစာပါ။

တစ်ချိန်ထဲမှာဘဲ အမျိုးသမီးကြီး၏ စကားတွေက ဝမ်းနည်းမှုနှင့် အကူညီမဲ့မှု အချို့ကို ဖော်ပြနေခဲ့သည်။

ဒါပေမယ့် ရှုလန် အတွက်တော့ ဒီပစ္စည်းတွေက တန်ဖိုးရှိပါသည်။

ဒီကာလ ကုန်ဆုံးပြီး နောက်ထပ် ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်းမှာ တိုင်းပြည်ကို နောက်တကြိမ် ပြန်လည် တည်ဆောက်လိမ့်မယ်၊ပြီးတော့ သာယာဝပြောတဲ့ခေတ် ကို တဖြည်းဖြည်း ရောက်ရှိလာလိမ့်မယ်၊ အဲ့ အချိန်မှာ ဒီပစ္စည်းတွေရဲ့ တန်ဖိုးက ပြန်လည်မြင့်မားလာမည် ဆိုတာ သူမသိလေသည်။

ယခု သူမ ဒီပစ္စည်းတွေကို ရရှိဖို့ စားသောက်ကုန်ပစ္စည်း အနည်းငယ်ကိုသာ လိုအပ်ပေမယ့် သာယာဝပြောတဲ့ခေတ်ရောက်လာခဲ့ရင် အဲ့တာတွေက ကြီးမားတဲ့ ကံကောင်းခြင်းကို ဖြစ်စေနိုင်ပါသည်။

ရှုလန် က “ အဒေါ်၊ ဒီ ပစ္စည်းတွေက တန်ဖိုးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် အဒေါ်က စားသောက်ကုန်တွေ လိုတယ်။ ကျွန်မက ဒီပစ္စည်းတွေကိုလိုချင်တယ်။ အဲ့လိုဆိုတော့ ကျွန်မတို့အတွက် အရောင်းအဝယ်လုပ်ဖို့ အကိုက်ဘဲ မဟုတ်လား။”

“ကျွန်မရဲ့ ခြင်းတောင်းထဲမှာ စားသောက် ကုန်တွေ ပါပါတယ်။ဒါပေမဲ့ ဒီနေရာက အလဲအလှယ်လုပ်ဖို့ မသင့်တော်ဘူး။ အဒေါ်ရဲ့ အိမ်ကိုဘဲ သွားကြစို့။ အဲ့ဒီမှာ အဒေါ့်ကို စားသောက်ကုန်တွေပေးမယ်။” ဟုပြောခဲ့သည်။

ရှုလန် က အမျိုးသမီးကြီး၏ အခြေအနေကို တကယ် စိုးရိမ်ပေသည်။ အခုတော့ ပစ္စည်းလဲလှယ်မည့် အကြောင်းအရင်းဖြင့် သူမကို အိမ်ပြန်လိုက်ပို့နိုင်ပြီ ဖြစ်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now