Chapter 117

2.1K 205 1
                                    

Chapter-117 ဖွားဖွားကျန်းရဲ့ ပစ္စည်းကောင်းလေးများ(၄)

“ဟုတ် မမရှုလန် အစားအစာလဲပြီးတဲ့အထိ စောင့်ရအောင်”

“ကောင်းပြီ”

ဤထမင်းဖြူ ဂျုံယာဂု စားရခြင်းကြောင့် ကျန်းမိသားစုသည် ကျန်းထျဲ့တန် မတော်တဆမှု ဖြစ်ခဲ့သည့် နေ့များနှင့် မတူဘဲ ရှားပါးသော အငွေ့အသက်များ ရှိနေလေသည်။

ကျန်းထျဲ့တန် အားလုံးအဆင်ပြေသွားပြီး ကျန်းမိသားစုက နည်းနည်း အရယ်အပြုံးရှိလာသည်။

ညနေရောက်တော့ ကျောင်းရှုလန်နဲ့ ကျောင်းဝေကောင်းက နှုတ်ဆက်ပြီး မနက်ဖြန် စားစရာတောင်းဖို့ ခရိုင်မြို့ကို သွားရန် ဆွေးနွေးကြသည်။

ကျောင်းဝေကောင်းက အိမ်ထဲက အသားလက်မှတ်ကို ယူပြီး ကျောင်းရှုလန် ကို ပေးလိုက်ကာ  “ရှုလန်က ဒါသားအဖဆက်ဆံရေးအနေနဲ့ပေးတာ  သူများဆီက ဝယ်လာရတာ မနက်ဖြန်ခရိုင်ရုံးသွားရင် ဝက်သားဝယ်လာလိုက်နော်

အန်တီမိန်မှာ ကိုယ်ဝန်ရှိနေပြီ သူ့ခန္ဓာကိုယ်ကို အားဖြစ်ဖို့ အိမ်မှာ ဘာကောင်းတာမှ မရှိဘူး ဒါကြောင့် အသားဝယ်ဖို့ ခရိုင်မြို့ကိုသွားပြီး နည်းနည်းဝယ်ပေးပါ။  သူ့ကို အဆီအနှစ်မရှိတာပဲ ကျွေးနေရင်မကျန်းမာပဲနေမယ်“

ကျောင်းရှုလန်သည် ကျောင်းဝေကောင်း ပြောသည်ကိုကြားပြီးနောက် မားယုမိန်က ကျောင်းဝေကောင်း ရှေ့မှာ အစားအသောက်ကောင်းကောင်းစားခြင်းအကြောင်းပြောပြီး မားယုမိန် ထပ်ပြီး မကျေမနပ်ဖြစ်သည်ကို သူမသိသည်။

ဤအမျိုးသမီးသည် ပိတ်ရက်များတွင် ဘာမှမလုပ်တတ်၊ အကျိူး၊ အ အ ကဲ့သို့နေသော်လည်း ပါးစပ်သည် အလွန်လုံ့လရှိသည်။

ရွာမှာ သူ့လို ဗိုက်ကြီးဖောင်းနေသော ကိုယ်ဝန်ဆောင် အမျိုးသမီးရှိမည်မဟုတ်။

ကျောင်းဝေကောင်း ကဲ့သို့ အမျိုးသမီးအပေါ်  ယုယသူများမှာ အလွန်နည်းပါးပါသည်။

ကျောင်းဝေကောင်း၏ နားရွက်များသည် ပျော့ပျောင်းနေပြီး(နာခံနေပြီး) မားယုမိန်က ပြောပြီးသည်နှင့် သူသည် မားယုမိန်ကို သဘောကောင်းချင်ရုံမှအပ မတတ်နိုင်ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now