Chapter 116

2.2K 228 1
                                    

Chapter-116 ဖွားဖွားကျန်းရဲ့ ပစ္စည်းကောင်းလေးများ(၃)

ဒါပေမယ့် အဖိုးကျန်းကတော့ အနည်းငယ်စိုးရိမ်နေခဲ့ပြီး “မိန်းကလေး ရှုလန် စပါးလဲလှယ်ဖို့ မှောင်ခိုဈေးကွက်ကို သွားဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပါ။  စပါးအလဲအလှယ်လုပ်ရင် ဒုက္ခရောက်မှာလား ရဲတွေဖမ်းမှာလား”

အဖေကျန်းသည် ဤပြဿနာအတွက် စိတ်ပူနေသည်မှာ အံ့သြစရာမဟုတ်‌ပေ ထိုကိစ္စမှာ တွေးလိုက်ရုံနဲ့တင်အလွန် ဆိုးရွားလှသည်။

မဒမ်ကျန်းက အဖေကျန်း၏ စကားကိုကြားသောအခါ သူမ အလွန်ထိတ်လန့်သွားပြီး “ရပါတယ် သမီးလေး ရှုလန် ဒီလောက် အန္တရာယ်များတာကို မခိုင်းရက်ပါဘူး”

  ကျန်းမိသားစုသည် အစာရေစာ ပြတ်လပ်ပြီး အစာကို လိုချင်သော်လည်း ကျောင်းရှုလန် သူတို့အတွက် စွန့်စားရလောက်အောင် တစ်ကိုယ်ကောင်းဆန်၍ မရပေ။

ကျောင်းရှုလန်က သူတို့ကို အများကြီး ကူညီပေးခဲ့သည်။  သူတို့ရဲ့ ကျန်းမိသားစုကြောင့် တစ်ခုခုဖြစ်သွားရင် သူတို့တစ်သက်လုံး အပြစ်ရှိသလိုခံစားရမှာကို စိုးရိမ်ကြသည်။

ကျောင်းရှုလန်က အလျင်စလိုရှင်းပြရတော့သည် “တကယ်တော့ ဒါက အဲ့လောက်မစိုးပါဘူး  ဒီခေတ်က လူတွေစားစရာမရှိဘဲ နေရာတိုင်းက  စားနပ်ရိက္ခာပြတ်လပ်ပြီး စားနပ်ရိက္ခာအတွက် ထွက်ပေါက်မှန်း သူတို့နားလည်ပါတယ်။ အဲ့ဒါကြောင့် ပြည်သူ့လုံခြုံရေးကို သူတို့မနှောင့်ယှက်ပါဘူး   မသိချင်ယောင်ဆောင်ပြီး မျက်လုံးတစ်ဖက်မှိတ်ထားပေးမှာပါ။

မှောင်ခိုဈေးမှာ အစားအသောက်တွေ လဲတဲ့ လူတွေအများကြီးရှိတယ်  ဂရုတစိုက်နေသ၍ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး

အဘိုး ကျန်း  အဖွား ကျန်း  စိတ်မပူပါနဲ့  အစားအသောက် လဲဖို့ ခရိုင်ကို သွားရင် သေချာဂရုစိုက်မှာပါ ဘာမှမဖြစ်စေရဘူး စိတ်ချ“

ကျောင်းရှုလန် ပြောတာကိုကြားတော့ မစ္စကျန်း နဲ့ မစ္စတာကျန်း က တခြားဘာမှ မပြောကြချေ။

ကျောင်းရှုလန် ၏ကြင်နာမှုကြောင့် ငြင်းဆန်၍မရပေ။

အခုတော့ ထျဲ့တန် ရဲ့ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ အားဖြည့်ပေးဖို့ လိုအပ်နေ‌လေပြီ။  ထမင်းမစားရရင် ကလေးဘာကိုစားနိုင်မလဲ မသေချာ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now