Chapter 77

2.6K 279 12
                                    

Chapter – 77

ချန်းက ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့။ ရှုလန်သည်လဲ ငယ်သေးသည်မို့ သူမအပေါ် ထားရှိသည့် သူ့ရဲ့ ချစ်မြတ်နိုးမှုတို့ကို သတိမထားမိခဲ့ပေ။

ဒေါ်လေးချန်းကတော့ ဒီကလေးနှစ်ယောက်ဟာ ကံကြမ္မာက စီမံပေးထားတယ်ဆိုတာကို ခံစားမိသည်။

ချန်းက ရှုလန်ကို သဘောကျတာကြောင့် သူမက သူတို့ကြားထဲက ကြိုးကို အစဆွဲထုတ်ကာ အောင်သွယ်တော်ဖြစ် လုပ်ဆောင်ခဲ့ရသည်။

သူမက အပြုံးလေးနဲ့ ပြောလိုက်သည်။

“ရှုလန် ချန်းက အဆင်ပြေတယ်လို့ ပြောတာပဲကွယ်၊ သူ့ကို လွှတ်လိုက်ပါ။ ဒီလို ရှည်လျားတဲ့ လမ်းကြီးကို နောက်ပြန်လှည့်ဖို့ဆိုတာ ခက်မှာပါ”

“ကောင်းပြီ၊ ကျွန်မက ယဉ်ကျေးနေမှာမဟုတ်ဘူး။ ကျေးဇူးတင်ပါတယ် ရဲဘော်ကျန်း “

“အဆင်ပြေပါတယ်။ ဒါက ကိစ္စကြီးမဟုတ်ပါဘူး”

ချန်းက တောက်ပဖြူဖွေးနေသည့် သွားများပေါ်သည်အထိ ပြုံးလိုက်သည်။

နှစ်ယောက်သား အိမ်အပြင်ထွက်တဲ့အခါ ချန်းစီးလာတဲ့ စက်ဘီးက ခြံဝင်းထဲမှာ ရပ်ထားသည်။  စက်ဘီးကို ရှန်ဟိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အနည်းငယ်တော့ ဟောင်းနွမ်းနေပြီး အသစ်တော့မဟုတ်ပေ။ ထိုအချိန်တွေတုန်းကတော့ စက်ဘီးစီးရတာက အရမ်းကို မိုက်လှသည်။ စက်ဘီးတစ်စီး၏ တန်ဖိုးသည် ယွမ် ၁၀၀ကျော်နှင့် စက်ဘီးလက်မှတ်ခများ ကုန်ကျမည်ဖြစ်ပြီး  သာမာန်လူများ အနေနှင့်တော့ လိုချင်ရင်တောင် ဝယ်နိုင်မည်မဟုတ်ပေ။

အထူးသဖြင့် တိုင်းသူပြည်သားများအတွက်မူ စက်ဘီးတစ်စီးအတွက် ငွေကုန်ကြေးကျခံပြီး ဝယ်ဖို့ နေနေသာသာ တစ်နှစ်အတွက် လုပ်အားခတောင် အများကြီး မရှာနိုင်ကြပေ။

ချန်းက အရင်စက်ဘီးပေါ်တက်လိုက်သည်။ အရပ်ရှည်သည့် သူက စက်ဘီးကို ခြေထောက်တစ်ဖက်တည်းနဲ့

ထောက်ထားနိုင်သည်။

သူ၏ သွယ်လျသော ခြေထောက်များကို မြင်လိုက်ရတော့ ရှုလန်သည် သူမ နှလုံးသားထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူကတော့ တစ်ကယ့်ကို ခြေတံရှည် ကိုကိုပါပဲ။ ၂၁ ရာစုကိုသာ  ရောက်လာရင် သူ့ကို သေလောက်အောင် သဘောကျပါသည်ဆိုသည့် မိန်းကလေးတွေ ဘယ်လောက်များများ ရှိနေလိုက်မလဲ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now