Chapter 93

2.3K 280 2
                                    

Chapter – 93

ချိုက်ရှားရဲ့ အတွေးမှာတော့ သူယွမ်တွေပိုပေးတယ်ဆိုရင် ရှုလန်အပေါ် ငွေပေးပြီးအခွင့်ကောင်းယူတယ်လို့ ခံစားမိနေဦးမှာပဲ။

တစ်ယွမ်က မများပေမဲ့ ချိုက်ရှားက သူ(ရှုလန်)မှောင်ခိုဈေးကွက်မှာ တွေ့ခဲ့တဲ့ ကိုယ်ကျိုးပဲကြည့်တဲ့ မိန်းမကြီးနဲ့ မတူဘဲ အကျင့်စရိုက်ကောင်းတယ်ဆိုတာ ရှုလန်သိ၏။

ရှုလန်က ပြုံးပြုံးရွှင်ရွှင်နဲ့

“ ဒါဆို မယဉ်ကျေးနေတော့ဘူးနော်။ ကျေးဇူးပါ “

ချိုက်ရှားကလည်း ပြုံးရင်း

“ ရပါတယ် ညီမလေး နောက်အဲ့လို စားသောက်ကုန်တွေရှိလည်း အစ်မဆီ လာရောင်းလို့ရတယ်နော် “

ရှုလန်က‌ ခေါင်းညိတ်လိုက်သည်။ဘာမှမသွယ်ဝိုက်ပဲ တည့်သာလုပ်တတ်သော ဒီလိုလူမျိုးနှင့် အလုပ်လုပ်ရသည်မှာ ရှုလန်အတွက် စိတ်သက်သာစေသည်။

နောက်ပိုင်းတွင်လည်း ချိုက်ရှားအား စားသောက်ကုန်များ ထပ်ရောင်းရန်ဆုံးဖြတ်ထားသည်။ သေချာတာက သူမ အများကြီးရောင်းစရာ မလိုဘဲ လူတွေကို သူမမှာ စားစရာတွေ အများကြီးရှိတယ်လို့ မတွေးမိသရွေ့ အဆင်ပြေလေသည်။

သူပြန်ဖို့ရန် တံခါးမှအထွက်တွင် ပြန်ရောက်လာတဲ့ ချင်ကောင်းနဲ့ ချန်းကို တိုက်‌မိလေသည်။

သူ ချန်းကိုထပ်တွေ့ရသဖြင့် အံ့ဩကာ သူ့ကိုယ်သူမမေးဘဲ မနေနိုင်တော့ပေ။ ငါဘာလို့ သူ့ကိုဒီမှာထပ်တွေ့တာလဲ။ ငါတို့ကရေစက်ရှိနေတာလား။

ချင်ကောင်းနဲ့ ချန်းလည်းပဲ ရှုလန်အား ထပ်တွေ့ရသည့်အတွက် အံ့ဩမိကြသည်။

ချင်ကောင်းက ချက်ချင်းမေးလိုက်သည်က

“ မင်းဘာလို့ ကိုယ့်အိမ်ကိုရောက်နေတာလဲ? ကိုယ်ဘယ်မှာနေတယ်ဆိုတာ သိနေတာလား။”နောက်ထပ်တစ်ကြိမ် ရှုလန်အံ့ဩမိပြန်ကာ ပြန်မေးခွန်းထုတ်လိုက်သည်မှာ “ ဒါရှင့်အိမ်လား? “

“အင်း” ချင်ကောင်းဖြေရင်း ခေါင်းညိတ်ပြလိုက်သည်။

ရှုလန်စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ ဒါက ချင်ကောင်း အိမ်သာဆိုလျှင် ချိုက်ရှားက သူ့မိန်းမဆိုတဲ့ သဘောမဟုတ်လား။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now