Chapter 108

2.3K 226 1
                                    

Chapter 108

မားယုမိန်သည် ကျောင်းဝေကောင်းက ကျောင်းရှုလန်အတွက် ပြောပေးမည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် သူမအံ့ဩသွားခဲ့သည်။

"ဝေကောင်း..."

မားယုမိန်ပြောချင်တာကိုမြင်တော့ ကျောင်းဝေကောင်းက "ငါ အနားယူတော့မယ် နောက်ကျနေပြီ ထမင်းစားပြီးရင် အခန်းထဲကို မြန်မြန်ပြန်လာခဲ့"

စကားပြောပြီးနောက် ကျောင်းဝေကောင်း အခန်းထဲသို့ဝင်သွားကာ မားယုမိန်သည် ကျောင်းဝေကောင်း စိတ်ဆတ်နေပုံကိုမြင်၍ မားယုမိန်က ထပ်၍ တိုင်ကြားချင်လာသည်။

ကျောင်းရှုလန်ကို ဒေါသတကြီးစိုက်ကြည့်ပြီးနောက် မားယုမိန်သည် အိမ်သို့ပြန်သွားခဲ့သည်။

ကျောင်းရှုလန်လည်း ကျောင်းရှုကျူကို အိမ်သို့ပြန်ခေါ်

သွားပြီး ရေချိုးကာ စောစောအိပ်ကြသည်။

ဟောင်းနွမ်းတဲ့ အဝတ်အစားနဲ့ ဖိနပ်တွေ ရှိတာကြောင့် အခြားသူတွေ၏ဟာကို အသုံးပြုခဲ့ကြပေမယ့် ယခုအဝတ်များမှာ ယခင်အဝတ်အစားများထက်ပင် ပို၍ကောင်းနေလေသည်။

ထို့ကြောင့်ကျောင်းရှုကျူက ကျေနပ်စွာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့တွင် ကျောင်းရှုလန်သည် ခရိုင်မြို့သို့ မသွားတော့ဘဲ ထုတ်လုပ်မှုအဖွဲ့တွင်သာ အလုပ်လုပ်ခဲ့သည်။

သူမ ဒီနေ့အလုပ်က ဝက်မစင်တွေကို လှည်းကျင်းတဲ့အလုပ်ပဲ ရှိသေး၏။ ကျောင်းရှုလန်က လမ်းလျှောက်လာသည်ကို ကလေးနှစ်ယောက်ဖြစ်တဲ့ ကျန်းရှောင်ယာ နဲ့ ကျန်းထျဲ့တန်က သတိမထားမိလိုက်ပေ။

ကျန်းရှောင်ယာရဲ့ မျက်လုံးတွေနီရဲနေပြီး အလုပ်ဆင်းလာတာကို သူသတိပြုမိလိုက်သည်။

ကျောင်းရှုလန်က အလျင်စလို မေးသည် "သမီးလေး ဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်ခဲ့တာလား မင်းအစ်ကို သံမဏိဥကရော ဘယ်မှာလဲ"

ကျောင်းရှုလန်သည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက ဝက်ကျင်းသို့ မလာဘဲ ခရိုင်ရုံးသို့ သွားခဲ့ခြင်းကြောင့် သူမသည် ကျန်းရှောင်ယာ နှင့် ကျန်း ထျဲ့တန် အဆက်အသွယ်မရှိခဲ့ဘဲ ကျန်းမိသားစု၏ အခြေအနေကို မသိခဲ့ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now