Chapter 39

2.8K 305 0
                                    

Chapter 39

ဒါတွေက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ခရမ်းသီး၊ ငရုတ်ကောင်း၊ မုန်လာဥ နဲ့ ဟင်းသီးဟင်းရွက်များ စသည်ဖြင့် အများအားဖြင့် တွေ့နိုင်သည်များပင် ဖြစ်သည်။

အခြေခံအားဖြင့် ထုတ်လုပ်ရေးအဖွဲ့မှ မိသားစုတစ်ခုစီ သည်မြေကွက်လပ် တစ်ခုကို ရထားကြပြီးအများစုက ဟင်းသီးဟင်းရွက်ပင် အမျိုးမျိုးကို စိုက်ကြလေသည်။ အချို့က အာလူး၊ ကန်စွန်းဥနဲ့ အခြားသော အစေ့အဆန်တွေပင်ဖြစ်သည်။ ဤနည်းအားဖြင့် ထုတ်လုပ်ရေးအဖွဲ့မှ ခွဲဝေပေးသော စားသောက်ကုန်များအပြင် အချို့သော အိမ်များတွင်လည်း စိုက်ပျိုးနိုင်သည်။

ဒီနေ့ခေတ်တွင် လူတိုင်းက ဒီလိုနည်းဖြင့် ရှင်သန်နေကြသည်။

သူမ ခေါက်ဆွဲချက်နေစဉ်တွင် ၊ရှုလန် က ရှုကျူး ကို ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာလောက် ယူခိုင်းလိုက်သည်။ ဒါက သူမ ခေါက်ဆွဲထဲတွင် ထည့်ချက်ရန်ဖြစ်သည်။

အိုးထဲတွင် ဆီမပါသောကြောင့် သူမ ဆားအနည်းငယ် ထည့်လိုက်သည်။ဒါက လူတွေကို သွားရည်ကျအောင် လုပ်နေလေသည်။

သူတို့သည် အလွန်ဆင်းရဲတဲ့အတွက်ကြောင့် ပုံမှန်နေ့ရက်များတွင် လုံလုံလောက်လောက် မစားရပါ။ သူတို့က စားဖို့အတွက် ရေနဲ့ ဟင်းကိုသာ စားရလေသည်။ အခုတော့ သူတို့ခေါက်ဆွဲနဲ့ ပက်ပင်းကြုံရတော့ ဒါက ခါးတဲ့ခေါက်ဆွဲဆိုရင်တောင် သူတို့အတွက်တော့ ကောင်းတဲ့အရာဖြစ်နေတုန်းပင်။

ရှုကျူး က ပွက်ပွက်ဆူနေတဲ့ ခေါက်ဆွဲအိုးကို ကြည့်ပြီး သူမ အစာအိမ်ထဲ တံတွေးမြိုချခြင်းကို မရပ်တန့်နိုင်ပါ။

“အစ်မ ညီမတကယ့်ကို အခုစားချင်နေပြီ”

ရှုလန် ကအနည်းငယ်ပြုံးကာ “ဒါက ဆူနေပြီလေ။ ခဏလေးပဲ့စောင့်”

“အင်း ကောင်းပြီလေ” ရှုကျူး ကလက်ခံလိုက်ပေမဲ့ သူမက အိုးထဲက ခေါက်ဆွဲကို စိုက်ကြည့်နေတုန်းဖြစ်ပြီး အဝေးကို သွားဖို့ စိတ်မပါပေ။

နှစ်မိနှစ်လောက် ချက်ပြီးတော့ ရှုလန် ကပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ဖြူးလိုက်ပြီး ခေါက်ဆွဲကို ပန်းကန်ထဲ စထည့်လိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now