Chapter 190

1.7K 172 0
                                    

Chapter 190 - နွေရာသီ ကောက်ရိတ်ပွဲ(၂)

ထုတ်လုပ်ရေးအဖွဲ့သည် ဤနေရာတွင် ကန်စွန်းဥများကို ခွဲထုတ်ရန်အတွက် တာဝန်တစ်ခုကို အထူးစီစဉ်ထားသည်။

မြေပြင်မှ တူးထားသော ကန်စွန်းဥများပေါ်တွင် အညစ်အကြေးများ အများအပြား ရှိနေမည်ဖြစ်သည်။ သိမ်းဆည်းခြင်းမပြုမီ အပေါ်မှ အညစ်အကြေးများကို ဖယ်ရှားရန်လိုသော်လည်း သန့်ရှင်းလုနီးပါးဖြစ်နေသရွေ့ ရေဖြင့် ဆေးကြောရန် မလိုအပ်ပါ။

သိုလှောင်ခြင်းနှင့် ပစ္စည်းပို့ရာတွင် ကြီးပြီး အနာအဆာမရှိသော ကန်စွန်းဥများကို ရွေးယူလေမည်။

အထူးသဖြင့် သေးငယ်သောနှင့် တူးထားသော ကန်စွန်းဥများ အာလူး စသည်တို့ကို တင်ပိုရောင်းချရန် လုံးဝအဆင်မပြေပေ။အိမ်စားသုံးရာ၌
နာနေသော အပိုင်းကို ဓားဖြင့် လှီးဖြတ်ကာ ကျန်ကောင်းသောအပိုင်းကို စားသုံးနိုင်သည်။

ပျက်စီးသွားသော ကန်စွန်းဥများအတွက် လုကျင်းရှန်း က ၎င်းတို့ကို ထုတ်လုပ်ရေးအဖွဲ့ထံ ဝေပေးပြီး အိမ်ထောင်တစ်စုကို ပမာဏမနည်းမများရကြသည်။

ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံး၌ ကန်စွန်းဥတွေ အများကြီးစိုက်ထားကြသည်။ တူးဖော်ခြင်းမှ အမျိုးအစားခွဲခြင်းနှင့် သိမ်းဆည်းခြင်းအထိ အချိန်ပေးရန်လိုကြသောကြောင့် ဒီရက်ပိုင်း၌ အဖွဲ့မှာ အလုပ်များနေကြပေသည်။

စပါးအထွက်နှုန်းနဲ့ ပတ်သက်ပြီးတော့ ပြောစရာမရှိလောက်အောင် အလုပ်များတဲ့ စီမံကိန်းများစွာရှိနေ၏။

ပထမဦးစွာ ရိတ်သိမ်း ခြွေလှေ့ပြီး အခြောက်ခံပြီး သိမ်းစည်းထားရမည်။

အလုပ်က နည်းနည်းအလုပ်များပေမယ့် လူကြီးများက တတ်ကြွနေဆဲပင်။
 
ယခုနှစ်အတွင်း နိုင်ငံတဝှမ်းရှိ နေရာအများအပြားတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရပြီး နေရာအများအပြားတွင် အစားအသောက်များ ဝေငှရန်နေနေသာသာ အများပြည်သူအတွက် စားနပ်ရိက္ခာပင် မရနိုင်တော့ချေ။

ထို့ကြောင့် လူများစွာက နေရာများစွာ၌ အစာငတ်ပြီး သေဆုံးခဲ့ရသည်။

ဤနေရာမှာ ထို‌သို့ဖြစ်သော်လည်း နည်းပြီး အလုပ်နှက့် စားစရာရရှိနိုင်ပေသေးသည်။

ဘာပဲဖြစ်ဖြစ် စားစရာရှိရင် ငတ်သေမှာ စိတ်ပူစရာ မလိုတော့ဘဲ အေးဆေးစွာ နေထိုင်နိုင်သည်။

နည်းနည်း ပင်ပန်းပြီး အလုပ်များနေရင်တောင် စားစရာရှိတာစားရရင် အရမ်း ကျေနပ်ကြသည်။

မနက်ခင်း အလုပ်တွေရှုပ်ပြီး နေခင်း၌ ခါတိုင်းနှင့်မတူပဲ စားစရှိသည်ကို စားပြီး အလုပ်ဆက်လုပ်ကြပေသည်။
ကျောင်းမိသားစုမှလည်း စားစရာ တော်တော်များများရှိလေသည်။

အချို့က အတူတူစားကြပြီး ကျောင်းရှုလန်မှာ မအားသည့်အတွက် နေရာလွတ်ထဲမှ အစေ့ကြမ်းနှင့် ပြုလုပ်ထားသော ဟင်းချိုတစ်ခွက်ဖြင့်သာ ဗိုက်ဖြည့်ခဲ့သည်။
အရသာမရှိသော်လည်း ဗိုက်ပြည့်လေသည်။

ကျောင်းရှုလန် အရင်ကနေ့လယ်စာ အများကြီးမစားသည့်အတွက် အားမရှိပေ။

ကံကောင်းစွာနဲ့ပဲ အဖွားကျန်းက နေ့လည်စာကို ကြိုပြင်ထားကာ ကျောင်းရှုလန်ကို ပေးလိုက်သည်။ အပေါ်ယံက အရွက်များဖြင့် ကာထားသော်လည်း အထဲ၌ အသားပြားများပါနေလေသည်။

အဖွားကျန်းက ကျောင်းရှုလန်နဲ့ ကျန်းချန်း တို့အတွက် သရေစာတွေကို အထူးပြုလုပ်ခဲ့ပြီး ကလေးနှစ်ယောက် ပင်ပန်းလွန်ပြီးကောင်းကောင်း မစားနိုင်မည်ကို စိုးရိမ်ကြလေသည်။

အိမ်မှာ စားရသည်က မကောင်းသော်လည်း အဖွားကျန်းက ပြင်ဆင်လာပေးသည့်အတွက် အဆင်ပြေလွန်းသည်။

အလုပ်ပြီးသောအခါတွင် ခေါင်းဆောင်က ကန်စွမ်းဥများကို ဝေပေးသဖြင့် မိသားစုတစ်စုတွင် သုံးကီလိုလောက် ရကြသည်။
မများပေမယ့် ဗိုက်ဝနိုင်သဖြင့် ကျေကျေနပ်နပ်ယူကြသည်။

တူးထားသော ကန်စွန်းဥများက အလွန်မွှေးပြီး ကင်သည်ဖြစ်စေ ပြုတ်သည်ဖြစ်စေ အရမ်းကောင်းလွန်းလှသည်။

အစားအသောက် ဝေမည့်အခါ အိမ်တစ်အိမ်က ကန်စွမ်းဥများစွာ ရနိုင်ပြီး လောက်ငှကြနိုင်သည်။
ပြန်ခွဲလို့ရတဲ့ ကန်စွန်းဥတွေကို တစ်ချို့လူတွေက အဆာပြေအဖြစ် တခါတည်း စားကြပြီး တချို့ကလည်း ကန်စွန်းဥမုန့်လုပ်ဖို့အတွက် ပြန်ယူသွားကြသည်။

ကျောင်းရှုလန်၏ မိသားစုထဲတွင် အလုပ်မလုပ်သည့် ငပျင်းနှစ်ယောက်ရှိသဖြင့် ထိုသို့ ကန်စွမ်းဥမုန့်ကို မလုပ်နိုင်ဘဲ အစားအသောက်လောက်စေရန် ပြန်ယူသွားကြရသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now