Chapter 161

1.9K 209 0
                                    

Chapter 161 - ကျန်းမိသားစုအတွက်ငွေနှင့် လက်မှတ်များ

“အဖိုးလေးနဲ့ အဖွားလေး ကျွန်တော့်ကို အားမနာပါနဲ့ ကျွန်တော်တို့က ကျန်းမျိုးရိုး အချင်းချင်းပဲဟာကို အားနာစရာမလိုပါဘူး

ပြီးတော့ ကျွန်တော့်မှာ လက်မှတ်နဲ့ငွေက လုံလုံလောက်လောက် ရှိတယ်

အဖိုးကလည်း အဖိုးလေးနဲ့အဖွားလေးကိုတွေ့ရင် လိုတာဝယ်ပေးပြီး လွှဲပေးထားလိုက်ပါလို့ ပြောထားသေးတယ်  “

ကျန်းချန်းက သူ့အိတ်ကပ်ထဲက ပိုက်ဆံနဲ့ လက်မှတ်တွေကို ထုတ်ယူပြီး ကျန်းမိသားစုကို ပေးလိုက်လေသည်။

ကျန်းမိသားစု အံသြသွားသည် ။

ကျန်းချန်းသည် သူတို့အား ယွမ်နှစ်ထောင်နှင့်တကွ အသားလက်မှတ်၊ သကြားလက်မှတ်၊ အစားအသောက်လက်မှတ်စသည်ဖြင့် လက်မှတ်တစ်အုပ်စီကို ပေးလေသည်။

ဤလက်မှတ်များကို ပမာဏအနည်းငယ်မျှ မဟုတ်ဘဲ အများကြီးထည့်ထားပေးသည်။

ပိုက်ဆံနဲ့ လက်မှတ်တွေ အများကြီးတွေ့တော့ ကျန်းမိသားစုက ချက်ချင်းလက်မခံဘဲ ကျန်းချန်း ကို ပြန်ပေးလိုက်သည်။

“ပိုက်ဆံနဲ့ လက်မှတ်တွေ အများကြီး မပေးပါနဲ့ကွယ် မလိုပါဘူး”

“အဖိုးလေး အဖွားလေး မငြင်းပါနဲ့ အဖိုးရဲ့ဆန္ဒဖြစ်လို့ လက်ခံထားလိုက်ပါနော်

ဒီထုတ်လုပ်ရေး အဖွဲ့ကလည်းကြပ်နေတာမလား ဒါလေးတွေနဲ့ပဲ လိုတာရှိရင်သုံးပါဗျာ “ ကျန်းချန်းက အကြပ်ကိုင်ပြီး ကျန်းမိသားစုအား လက်မှတ်ပေးလိုက်သည်။

ကျန်းချန်းက ကျန်း မိသားစု၏ လက်ရှိအခြေအနေများကို သဘောပေါက်ပေသည်။  ကျောင်းရှုလန် ရဲ့အကူအညီကြောင့်မဟုတ်ရင် သူတို့စားစရာတောင် မရှိနိုင်ကြချေ။

ထိုကြောင့် ကျန်းချန်းက အေးဆေးမနနိုင်ပဲ စိုးရိမ်မိနေလေသည်။

သူပြန်သွားသောအခါ ကျန်းမိသားစု စားနိုင်ပါ့မလားဟု တခါတရံ၌ စိုးရိမ်နေမိသည်။

ပိုက်ဆံနဲ့ လက်မှတ်က မတူနေချေ။

ကျန်းချန်းမှပေးသော ဤလက်မှတ်များအားလုံးသည် ဒေသဆိုင်ရာလက်မှတ်များကဲ့သို့မဟုတ်ဘဲ အထူးလက်မှတ်များဖြစ်ပြီး အစားအသောက်အတွက် လဲလှယ်နိုင်ကာ အခြားလက်မှတ်များထက် ပို၍ဦးစားပေးကြသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now