Chapter 76

2.5K 252 2
                                    

Chapter – 76 ကျောင်းရှုလန်ကို စိတ်၀င်စားခြင်း

ငရုတ်သီးဆော့စ်ကို ဦးလေးချန်း နှင့် ဒေါ်လေးချန်း တို့အား ဟင်းပွဲအဖြစ်ပေးခဲ့သည်။

ဒါပေမဲ့ ဒေါ်လေးချန်းက အဲ့တာကို လက်မခံပါ “မိန်းကလေး ရှုလန်၊  ဒီဟာက ဘယ်လိုဖြစ်တာလဲ။ သမီး ဒီကောင်းတာလေးကို ပြန်ယူပြီး ကိုယ့်ဘာသာ စားပါ။ငါတို့ လူကြီးနှစ်ယောက်က မင်းဆီက အခွင့်‌ကောင်းတွေ အများကြီး ယူထားတယ်လေ ။ ငါတို့ ဆက်ပြီး အခွင့်ကောင်းယူခဲ့ရင်လဲ တောင်းပန်ပါတယ်နော်”

“ဒေါ်လေး ဘာကိစ္စရှိလို့ နောင်အပေးအယူ မလုပ်ကြသေးလဲ ဒီနေ့ ပိုယူမယ်၊ နောက်တစ်ခါ လျှော့ပေးမယ်။ အိမ်မှာ ငံပြာရည်ပူပူရှိလို့ မလိုပါဘူး၊ ဒါဆို ဒါ်လေးသိမ်းထားပီး စားလိုက်။”

ကျောင်းရှုလန်က ပြောလိုက်သည် ဒေါ်လေးချန်းမှာ ကျောင်းရှုလန်၏ ဆော့စ်အစပ်ကို လက်ခံရန်မှလွှဲ၍ ရွေးချယ်စရာမရှိပေ ကျောင်းရှုလန်နှင့် ပစ္စည်းများ ပြန်ပြောင်းဖို့ စဉ်းစားနေသောကြောင့် သူမသည် လက်ဝတ်ရတနာကောင်းများ ရရှိမှာဖြစ်ပြီး ကျောင်းရှုလန် က ဘာမှမရရှိတော့ပါ။

ကျောင်းရှုလန် ထွက်သွားတာကို မြင်ပြီးနောက်ကျန်းချန်းသည် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ကျောင်းရှုလန်ကို မေးလိုက်သည်”ရဲဘော် ရှုလန် အခုထွက်သွားတော့မှာလား?”

“ဟုတ်တယ် နောက်ကျနေပြီ ။ ကျွန်မအိမ်က ခရိုင်ရုံးနဲ့ ဝေးတယ်လေ။ အဲ့ဒီကို လမ်းလျှောက်ပြန်ဖို့ ၂နာရီ ဒါမှမဟုတ် ၃နာရီကြာတယ်”

ကျန်းချန်းသည် ကျောင်းရှုလန်ဆီက ထွက်သွားရန် အနည်းငယ် စိတ်လေးနေပြီး သူသည် ကျောင်းရှုလန်  နှင့် အချိန်အများကြီး နေချင်သေးသည်။

“အဲ့တာဆို ကိုယ်မင်းကို ပြန်ပို့ပေးမယ် မင်းအိမ်က အရမ်းဝေးပြီး လမ်းလျှောက်ပြန်ဖို့ ပင်ပန်းတယ်လေ။ကိုယ်စက်ဘီးစီးပြီး လိုက်ပို့တာက ပိုမြန်လိမ့်မယ်။” ကျန်းချန်းက စဉ်းစားလိုက်ပီး ကျောင်းရှုလန်နဲ့ အချိန်ကြာကြာနေရရန် သူလိုက်ပို့ချင်ခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now