Chapter 47

2.7K 294 1
                                    

Chapter 47 အရေးပေါ် ကယ်ဆယ်မှု-၄

“ ရှုလန် ခဏလောက်ထိုင်လိုက်ဦး။ အဒေါ် ရေငှဲ့ပေးမယ်နော်။ အဒေါ်ကို အိမ်ပြန်လိုက်ပို့တော့ ပင်ပန်းနေမှာပေါ့”

ပြောပြီးတော့ မစ္စချန်း က‌ရေနွေးအိုးထဲက ရေပူကို ခွက်ထဲငှဲ့‌ပြီး ရှုလန် ကိုပေးလိုက်သည်။

ရေက နွေးနေပြီး မပူလောင်ပါ။

ရှုလန် က အမျိုးသမီးပေးလိုက်သော ကြွေခွက်ကို မကြိုက်တာမျိုးမဖြစ်ပေ။ ဒါကို ယူပြီး ပါးစပ်အပြည့်ရေသောက်လိုက်ပြီး သူမဗိုက်ထဲကို မြိုချလိုက်သည်။

သောက်ပြီးနောက် သူမရဲ့ပါးစပ်ထောင့်များကို သုတ်လိုက်၏။ သူမအစာအိမ်ထဲ ရေတွေရှိနေတော့ သူမပိုပြီး သက်တောင့်သက်သာ ရှိနေသလိုခံစားလိုက်ရသည်။

“ ရှုလန် ဒီမှာခဏလောက်ထိုင်နေနော်။ အဒေါ့်ယောက်ျားကို အရင်သွားကြည့်လိုက်မယ်”

သူမပြန်လာပြီး မကြာမှီ သူမယောက်ျားကို စိတ်ပူလာခဲ့သည်။ သူမ မထွက်လာခင်က သူမယောက်ျားလည်း သူမလိုတကယ် ဆာလောင်နေခဲ့တာ ဖြစ်ပြီး သူအခု ဘာတွေဖြစ်နေပြီလဲ သူမ မသိပါ။

ရှုလန် က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်ပြီး သေးငယ်တဲ့ ကုတင်တစ်လုံးရှိသည့် အခန်းဆီသို့ လမ်းလျှောက်သွားနေသည့် အမျိုးသမီးကို တွေ့လိုက်ရသည်။

ဒီအချိန်မှာ သက်လတ်ပိုင်းလူကြီး မစ္စတာချန်း ကသေးငယ်တဲ့ အိပ်ရာပေါ်မှာ လဲလျောင်းနေသည်။

မစ္စချန်း အခန်းထဲသို့ လမ်းလျှောက်သွားပြီး ကုတင်ပေါ်က လူကိုအော်လိုက်သည်။ “အဖိုးကြီး။ မှောင်ခိုဈေးကနေ စားစရာတွေ ဝယ်လာတယ်။ ကျွန်မတို့ ဒီနေ့အတွက် စားဖို့စားစရာရှိပြီ”

ဘယ်လိုပင် ပြောနေပါစေ ကုတင်ပေါ်က မစ္စတာချန်း က သူမကိုမတုံ့ပြန်ပါ။

သူမသည် ခဏ‌တာမျှ အထိတ်တလန့်ဖြစ်ကာ ကမန်းကတန်း အကြိမ်အနည်းငယ် အော်လိုက်သော်လည်း သူက မတုံ့ပြန်သေးပေ။

“အဖိုးကြီး။ ဘာတွေမှားနေတာလဲ။ ငါ့ကို မခြောက်ပါနဲ့။ အဖိုးကြီး...”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now