Chapter 56

2.8K 327 3
                                    

Chapter 56

ကျန်းမိသားစုအနေနှင့် ဒီရင်းနှီးမှုကို အမှတ်ရနေလိမ့်မည်။

တစ်ယောက်ယောက်ဆီက တစ်စုံတစ်ခု ပြန်ရနိုင်မယ်ဆိုရင် ထိုသူကို ဆိုးဆိုးဝါးဝါး မဆက်ဆံသင့်ပေ။

ရှောင်းယနှင့် ထျဲ့တန် သည် သူတို့၏ ပေါင်မုန့်လုံးကို တစ်ဝက်စီ ဝက်လိုက်ကြပြီး သူတို့၏ အဖိုးနှင့်အဖွားကို ပေးလိုက်သည်။

“ဖိုးဖိုး၊ ဖွားဖွား… ပေါင်မုန့်အဖြူကို သမီး တစ်ခါမှ မစားဖူးဘူး” ရှောင်းယက ပျော်ရွှင်စွာ ပြောသည်။
သို့ပေမယ့် အဖိုးအဖွားစုံတွဲကတော့ သူမ စကားဆီက ဝမ်းနည်းသံကို သတိထားမိသည်။

အရင်အချိန်က သူတို့မိသားစုရဲ့ ငွေကြေးအခြေအနေကြောင့် စားချင်သည့် မည်သည့်စားဖွယ်ကိုမဆို စားနိုင်ခဲ့သည့် အချိန်ကို ပြန်တွေးမိသည်။
ယခုအချိန်မှာတော့ ထမင်းတစ်နပ်စားရဖို့အရေးက ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည့် အခြေအနေကို သူတို့ ကျဆင်းသွားခဲ့ရပြီ။

ကံကောင်းသည်မှာ အဖိုးအိုတို့မောင်နှံက စိတ်ဓာတ်ပျော့ညံ့ကြသူများ မဟုတ်ကြပေ။ သို့မဟုတ်ပါက သူတို့ လောကဓံကို လက်မြှောက်အရှုံးပေးရပေလိမ့်မည်။

ကျန်းဖွားဖွားက ပြုံးပြီး ကလေးမလေးရဲ့ ခေါင်းကို ပွတ်သပ်သည်။ “ ရှောင်းယက ကလေးပဲ အကုန်စားလိုက်ပါ။ အဖွားမစားတော့ ပါဘူးကွယ်”
ကျန်းဖွားဖွားရဲ့ သဘောအရဆိုရင် ပေါင်မုန့်လုံး နှစ်လုံးစလုံးကို သူ့မြေးတွေကိုသာ ကျွေးလိုက်ချင်သည်။

“ဟင့်အင်း။ အဲလိုသာဆို သမီးလည်း ဖွားဖွားလိုပဲ လုပ်မှာ။ ဖွားဖွားမစားရင် သမီးလည်း မစားဘူး” ရှောင်းယ ရဲ့ ခေါင်းမာတဲ့အကြည့်ကြောင့် ကျန်းဖွားဖွားလည်း လက်လျှော့လိုက်ရသည်။

“ဟုတ်ပါပြီ၊ အဲဒါဆို ဖွားဖွား စားမှာမို့ ရှောင်းယလည်း စားရမယ်နော်”

“ကောင်းတယ်”

ရှုလန်ပေးတဲ့ ပေါင်မုန့်ကြောင့် ကျန်းမျိုးရိုးလေးယောက်သားဟာ အရသာရှိတဲ့ ထမင်းတစ်နပ်ကို စားခွင့်ရခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now