Chapter 85

2.4K 261 2
                                    

Chapter – 85

ရှုလန်ရဲ့ စကားကို ကြားသည်နှင့် လီကျွမ့်၏ မျက်နှာမှာ ဒေါသများဖြင့် နီမြန်းသွားတော့သည်။ ဝက်ချေးနံ့ကို ကြိုက်တယ်လို့ သူမ ပြောဖူးလို့လား။ အဲဒါက ဘယ်လောက်တောင် ရွံဖို့ကောင်းလဲ။ သို့သော်လည်း သူမက ခံစားချက်များကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ရှုလန်ကို အေးစက်စွာကြည့်ရင်း အော်လိုက်သည်။

“ဝက်ချေးနံ့ကို ငါက ကြိုက်မနေဘူး။ ငါက နင် ဘယ်လောက် ခက်ခက်ခဲခဲလုပ်နေရလဲဆိုတာကို ကြည့်ဖို့ပဲ လာခဲ့တာ။ ဒီညစ်ပတ်တဲ့ နေရာမှာ နင်ဝက်ချေးတွေ လှည်းနေရတာကိုတွေ့တော့ ငါအရမ်းကို သက်တောင့်သက်သာ ခံစားရတယ်လေ။ အခုကစပြီး နင်ဒီမှာ နေ့တိုင်း ဝက်ချေးပဲလှည်းနေတော နင့်ဆီက အနံ့ကိုရပြီး အနာဂတ်မှာ ဘယ်ယောက်ျားကများ နင့်ကို သဘောကျနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

သူမ အမြင်အရ ညစ်ပတ်နေတဲ့ မိန်းမကို ယောက်ျားတွေက လိုချင်မှာမဟုတ်ပေ။  ဝက်နဲ့တူတဲ့ အနံ့ရှိတဲ့ အမျိုးသမီးကို ယောက်ျားတိုင်း ချစ်ဖို့ဆိုတာ မဖြစ်နိုင်။ ရှုလန်ရဲ့ တစ်ကိုယ်လုံး ဝက်ချေးနံ့တွေ လှိုင်လှိုင်ထနေတာနဲ့  တပြိုင်နက် ကျင်းကောက ထူးခြားသည့်

အကြိုက်သာမရှိပါက  ရှုလန်ကို နှစ်သက်နေနိုင်ဦးမည်ဟု သူမ မယုံခဲ့ပေ။

ဒါပေမယ့် ကျင်းကောဟာ သာမန်လူတစ်ယောက်ဖြစ်ပြီး ရှုလန်ရဲ့ ဝက်ချေးနံ့ကို မကြိုက်မှာကတော့ သေချာသလောက်ပင်။

ရှုလန်က မျက်လုံးများကို မှိတ်လိုက်ပြီး လီကျွမ့်ကို လျစ်လျူရှုကာ သူ့ကို ဉာဏ်ရည်မမီသူတစ်ယောက်အဖြစ်သာ တိုက်ရိုက် မှတ်ယူလိုက်တော့သည်။ ခဏတာ အနားယူပြီးနောက် ရှုလန်က ဂေါ်ပြားကို ပြန်ကောက်ယူလိုက်ပြီး အလုပ်ပြန်လုပ်နေလိုက်သည်။

လီကျွမ့် မြင်ချင်သောအရာမှာ ရှုလန်၏ ဒေါသနှင့် ရှက်ရွံ့သောအမူအရာဖြစ်သည်။ သို့သော် ရှုလန်က အလွန်ပင် လျစ်လျူရှုတတ်သည့် သဘောထားရှိပြီး အပျက်သဘော တုံ့ပြန်မှု လုံးဝမရှိဟု မည်သူက ထင်မည်နည်း။ သူမက ချည်သားကို လက်သီးဖြင့်ထိုးလိုက်သလို ဖြစ်နေပြီး ရှုလန်အပေါ် သက်ရောက်မှုမရှိပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now