Chapter 45

2.8K 297 2
                                    

Chapter 45 အရေးပေါ်ကယ်ဆယ်မှု-၂

ဒီအမျိုးသမီးကြီးက မှောင်ခို ဈေးကို နောက်တစ်ကြိမ် ထပ်သွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ ထို့ကြောင့် ရှုလန် အနေနဲ့ စားသောက်ကုန်ပစ္စည်းများကို သူမ အားတိုက်ရိုက်ရောင်းပါက ပို၍ကောင်းပေသည်။

ရှုလန် ရဲ့စကားများကို နားထောင်ပြီးနောက် အမျိုးသမီးကြီးက သူမကို အံ့အားသင့်မှု၊ ပျော်ရွှင်ဝမ်းမြောက်မှုတို့ဖြင့် ကြည့်ခဲ့သည်။

“မိန်းကလေး ...မင်းမှာ စားသောက်ကုန်တွေ တစ်ကယ်ရှိပြီး တော့ အဲ့ဒါတွေ ငါ့ကိုရောင်းချင်တယ်ဟုတ်လား။”

လူပေါင်းများစွာကို မေးမြန်းခဲ့ပြီးနောက် အမျိုးသမီးကြီးသည် အနည်းငယ် မျှော်လင့်ချက်မဲ့ လာခဲ့ပေသည်။ ရှုလန် နဲ့ တွေ့ဆုံပြီး သူ့ရဲ့ကယ်ဆယ်ခြင်းကို ခံရလောက်အောင် ကံကောင်းခဲ့မယ်လို့ သူမ မမျှော်လင်ခဲ့ဘူး။ ရှုလန် မှာ သူမ ဝယ်ချင်တဲ့ စားသောက်ကုန်တွေလည်း ရှိခဲ့သည်။

ရှုလန် ကခေါင်းညိတ်၍ “ အင်း၊ အန်တီ။ ကျွန်မမှာ ရောင်းနိုင်တဲ့ စားသောက်ကုန်အချို့ ရှိတယ်။” လို့ ပြောလိုက်သည်။

အမျိုးသမီးကြီး၏ မျက်လုံးမှာ မျက်ရည်များပင်ရှိနေခဲ့သည်။

“ အဲ့ဒါကောင်းတယ်...မိန်းကလေး။ ငါ ဒီနေ့ လူကောင်းတစ်ယောက်ကို တွေ့ခဲ့ရတာဘဲ။”

“ဒါပေမယ့် မိန်းကလေး ငါ့မှာပိုက်ဆံ မရှိဘူး။ မိန်းကလေးနဲ့ လဲလှယ်ဖို့အတွက် တစ်ခြားပစ္စည်းတွေကို အသုံးပြုလို့ ရမလား။

ဒါပေါ့၊ မလဲလှယ်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ဒီနေ့ခေတ်မှာ အစားအသောက်တွေက အရမ်းဈေးကြီးလာတာကို။”

ရှုလန် က ဒီအမျိုးသမီးကြီးကို သနားသော်လည်း စားသောက်ကုန်တွေကို အလကားပေးဖို့အတွက်တော့ အကြောင်းပြချက် မရှိပါ။ သူမ မှာ ကူညီချင်စိတ် မရှိလို့တော့ မဟုတ်ပေ။ အဲ့လိုအပြုအမူမျိုးက သံသယဖြစ်ဖွယ် အရမ်းကောင်းနေလို့ပါ။

အမျိုးသမီးကြီး၏ စကားများကိုကြားပြီးနောက် ရှုလန် က “ အန်တီက ဘာပစ္စည်းနဲ့ အလဲအလှယ် လုပ် ချင်တာလဲ။” ဟုမေးလိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now