Chapter 37

2.7K 316 1
                                    

Chapter 37

ယုမိန် ကသူမသွားတွေကို ဒေါသတကြီးကြိတ်လိုက်ပြီး ရှုလန် ကိုစိုက်ကြည့်လိုက်သည်။ “ ရှုလန် နင်က ငါ့ကို အသုံးမဝင်တဲ့သူလို့ ခေါ်လိုက်တာလား။ ဒါဆို ငါလည်း အခု တစ်ခုခုစားမယ်ဆို အလုပ်လုပ်ဖို့ လိုတယ်ပေါ့”

ပြောပြီးသည်နှင့် သူမက ဝေကောင်း ကိုငိုယိုပြကာ “ ဝေကောင်း နားထောင်ကြည့်။ ဒီမိန်းကလေး ဘာပြောလိုက်လဲ နားထောင်ကြည့်။ကျွန်မ နောက်ဆုံးမှ သားလေးကို သားအိမ်ထဲလွယ်ထားနိုင်တာ အခုတော့ ရွံစရာကောင်းပြီး အသုံးမဝင်တဲ့လူလို့ ခေါ်ခံရတယ်”

“ကောင်းပြီလေ။ ကျွန်မလည်း မနက်ဖြန်ကစပြီး အလုပ်သွားပြီး အလုပ်အမှတ်တွေ သွားယူမယ်

ဒါပေမဲ့ ကျွန်မမောပန်းနွမ်းနယ်ပြီး ရှင့်ရဲ့သားတစ်ယောက်ကို ဆုံးရှုံးသွားနိုင်လားဆိုတာကိုတော့ အာမ မခံနိုင်ဘူး”

ရှုလန် က ယုမိန် ကိုကြည့်လိုက်ပြီး စကားပြောရန်ကိုပင် ဆွံ့အသွားသည်။

ဒီအမျိုးသမီးက မမွေးရသေးတဲ့ သူမဗိုက်ထဲက ကလေးကိုတောင် ခြိမ်းခြောက်ပြီး တကယ်ကြီး ညဉ်းညူပြတယ်ပေါ့။

ရှုလန်သည်အနိုင်ကျင့်ရန် မလွယ်သောကြောင့် ယုမိန် ကို ဝေကောင်း ရှေ့တွင် သဘာဝကျကျပင် ဘာမှ မပြောဘဲ နောက်ဆုံးတော့ လီကျွမ့် အလုပ်မလုပ်ဖို့ သဘောတူလိုက်သည်။

“ အဒေါ်မိန် ကျွန်မ ဘယ်တုန်းက အလုပ်လုပ်ဖို့ လိုတယ်လို့ပြောလို့လဲ။ အဒေါ်က ကျွန်မအဖေရဲ့ ကလေးကို လွယ်ထားပြီး အိမ်က အရာအားလုံးကိုတောင် ပေးထားတာလေ။ ကျွန်မပြောနေတာက လီကျွမ့် အကြောင်းလေ

အဒေါ့်ရဲ့ သမီးအတွက် စိတ်မကောင်းဖြစ်နေတာ မှန်ပေမဲ့ ကျွန်မလည်း ရှင့်ရဲ့ သမီးပါပဲ။ ပြီးတော့ ရှုကျူး ရောပေါ့။ ကျွန်မတို့က ‌လင်ပါ သမီးတွေဖြစ်ပေမဲ့ ကျွန်မတို့က အမေရင်းလို ဆက်ဆံတာပါ

ကျွန်မတို့လည်း အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ ဘာလို့ ကျွန်မတို့အတွက်ကော စိတ်မကောင်းမဖြစ်တာလဲ”

သူမက တမင်တကာပင် အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်ကာ သူမသည် “ကျွန်မတို့ မိသားစု ကောင်းကောင်းနေဖို့ အတွက် အားလုံး ရဲ့ပူးပေါင်းလုပ်ဆောင်တာကို လိုတယ်လေ။ အလုပ်မလုပ်ရင် ဘယ်နေရာကနေ စားဖို့ စားစရာတွေ ရလာမှာလဲ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now