Chapter 144

2K 197 1
                                    

Chapter 144 - နွား‌ကျောင်းပေးမည့် လူပြောင်းလိုက်ခြင်း(၂)

ကျောင်းရှုလန်က ပြုံးပြီး လုကျင်းရှန်း ကို “ရပါတယ် ကျွန်မကလည်း အဖွဲ့ဝင်တစ်ယောက်ပဲလေ ဒါကြောင့်အမြင်မတော်နေတာလေး တွေ့လို့ပြောပေးရုံပါ   နွားတွေက ပြသနာရှိနေတယ်ထင်လို့ အရင်ဆုံးလာအကြောင်းကြားလိုက်တာ နွားအခြေအနေမကောင်းရင် လုပ်ငန်းလည်း ခြေအနေမကောင်းနိုင်ဘူးလေ”

  လုကျင်းရှန်းသည် ကျောင်းရှုလန်၏ သဘောထားကို အလွန်သဘောကျသည်။  သူမသည် မာနကြီးသူမဟုတ်သလို အချောင်ခိုစိတ်ရှိသူလည်းမဟုတ်။   ဉာဏ်ထက်မြက်ပြီး စနစ်တကျအလုပ်လုပ်ကိုင်သည်။  ထုတ်လုပ်ရေးအဖွဲ့တွင် စံထားပြီး လုပ်ကိုင်ရန်ကောင်းသော ထုတ်လုပ်ရေးအသင်းအဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

  ကျောင်းရှုလန်ကဲ့သို့ စိတ်ဓာတ်ကို ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးက ရှိထားသင့်ပေသည်။

  လီလီကျွမ့်နှင့် နှိုင်းယှဉ်ပါက တစ်မိသားစုထဲက ဖြစ်သော်လည်း ကွာခြားမှုများမှာ အပြည့်။

  ကျောင်းရှုလန်၏ စိတ်နေသဘောထားသည် အမြဲတမ်း ကောင်းမွန်နေသော်လည်း လီလီကျွမ့်က ရှုလန်တစ်ဝက်လောက်တောင် စိတ်ဓာတ်မကောင်းချေ။

  လုကျင်းရှန်းသည် လီလီကျွမ့် အပေါ် မကျေနပ်မှုများက ပိုဆိုးလာလေသည်။

  ကျောင်းရှုလန်သည် တခြားသူများနှင့် မတူသဖြင့် လုကျင်းရှန်းက ကျောင်းရှုလန် ၏ထင်မြင်ချက်ကို မေးလိုက်သည်။

  “ရဲဘော် ရှုလန် ဒီနွားတွေကို လီလီကျွမ့်လက်ထဲမထားချင်‌ေတာ့ဘူး ဘယ်သူ့ကို တာဝန်ပေးရင် ပိုသင့်တော်မယ်ထင်လဲ”

  ကျောင်းရှုလန်က လုကျင်းရှန်း ဒီမေးခွန်းမေးမယ်လို့ မမျှော်လင့်ထားပေမယ့် လုကျင်းရှန်းက မေးလာတဲ့အတွက် ကျောင်းရှုလန်က သူ့အတွေးတွေကို ပြောပြလိုက်သည်။

  လီလီကျွမ့် မဟုတ်ပဲ တခြားမည်သူမဆို ဤအလုပ်ကိုလုပ်ပါက ကျောင်းရှုလန် လုံးဝကျေနပ်ပေမည်။

  ယခုမူ လုကျင်းရှန်းက သူမ၏ထင်မြင်ချက်ကို မေးနေပြီဖြစ်သဖြင့် ကျောင်းရှုလန်သည် သူ့ပတ်ဝန်းကျင်ရှိလူများ အကျိုးအတွက် ကူညီပေတော့မည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now