Chapter 48

2.7K 307 1
                                    

Chapter 48 အရေးပေါ် ကယ်ဆယ်မှု-၅

ဂလူးကိုစ့်ကို တိုက်ပြီးနောက် ရှုလန်က မစ္စတာချန်း ကိုရေအနည်းငယ်တိုက်လိုက်သည်။

ဒီအချိန်မှာ မစ္စချန်း ကရေနွေးအချို့ကိုယူပြီး ပြန်လာခဲ့သည်။

ရှုလန် ကမစ္စချန်း ထံမှရေကိုယူလိုက်ပြီး မစ္စတာချန်း ရဲ့ခေါင်းပေါ်ကို ရေဆွတ်ပေးလိုက်၏။

ထိုနောက် နှစ်ယောက်စလုံးက စိတ်ပူစွာဖြင့် စောင့်ကြည့်နေသည်။ မစ္စချန်း ၏မျက်နှာပေါ်တွင် စိုးရိမ်မှုများ အပြည့်ဖြစ်နေပြီး သူမရဲ့ယောက်ျားတွင် ဆိုးရွားတာ တစ်ခုခုဖြစ်သွားမည်ကို ကြောက်နေ၏။

သူတို့ရဲ့ အသက်အရွယ်အရ မစ္စချန်း ရဲ့စိုးရိမ်နေတဲ့ အမူအရာကို မြင်တော့ ရှုလန် ကစကားလုံး အချို့ဖြင့် နှစ်သိမ့်လိုက်သည်။ “ ဒေါ်‌လေး ချန်း အရမ်း စိတ်မပူပါနဲ့။ ဦးလေး ချန်း ကအဆာလွန်ပြီး သတိလစ်သွားရုံပါ။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး”

မစ္စချန်း က သူမခင်ပွန်း မထလာသေးသဖြင့် သက်ပြင်းချလိုက်ပြီး သူမရဲ့ နှလုံးသားက မတည်ငြိမ်နိုင်ဘဲ တွဲ‌လွဲချိတ်ထားသလို ဖြစ်နေ၏။

ဂလူးကိုစ့်ကြောင့် ဆယ်မိနစ်မျှ ကြာပြီးနောက် မစ္စတာချန်း ပြန်နိုးလာခဲ့သည်။

သူမခင်ပွန်းနိုးလာတာ မြင်တော့ မစ္စချန်း ကအမြန်ပင် သူ့ဆီကို ပြေးသွားကာ ပျော်နေတဲ့အမူအရာဖြင့် “ဒါက အရမ်းကောင်းတာပဲ။ အဖိုးကြီး ရှင်ပြန်ကောင်းသွားပြီ”

မစ္စတာချန်း က သူမကို ခဏလောက်ကြည့်နေပြီးနောက် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့ပါးစပ်ထဲက ချိုမြိန်မှုကို ခံစားနေရတုန်းပင်။

သူဗိုက်ဆာတဲ့အတွက်ကြောင့် သွေးလေဖောက်ပြားနေတာဟု တွေးလိုက်၏။

ဒီအချိန်မှာ သူအများကြီးမတွေးတော့ပေမဲ့ သူ့ဇနီးကို ကြည့်ကာမေးလိုက်၏။ “အမ် ငါဘာဖြစ်သွားတာလဲ”

“အဖိုးကြီး။ ရှင် အဆာလွန်ပြီး သတိလစ်သွားတာလေ။ ရှင် ကျွန်မကို သေလောက်အောင် ခြောက်တာပဲ့။ ရွတ်...ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပြီ အဖိုးကြီးရေ။ ကျွန်မ နောက်ဆုံးတော့ စားသောက်ကုန်ကို ဒီနေ့ရလာပြီလေ။ နောက်မှ စားဖို့အတွက်တစ်ခုခု လုပ်ပေးမယ်နော်။ ဒါ‌ဆို နောက်တစ်ခါ သတိလစ်သွားမှာ မဟုတ်ဘူး။ အိုး... ရှင် ကျွန်မကို အခု သေလောက်အောင် ကြောက်သွားစေတာ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now