Chapter 82

2.5K 273 2
                                    

Chapter – 82

လန်လန်က ကျင်းဟွ ကို မနှစ်မြို့သော အကြည့်နှင့် ကြည့်ကာ ပြောသည်။ “သူကျ ဘာဖြစ်လို့ မလုပ်ရတာလဲ။ တခြားလူတွေအကုန် လုပ်နေရတာပဲ၊ ဘာဖြစ်လို့ သူ့ကျမှ မလုပ်နိုင်ရတာလဲ။ သူက အလုပ်အမှတ်တွေ မလိုချင်တာလား။ သူက အဖွဲ့အတွက် လုပ်မပေးချင်တာလား”

သူမ၏ ပြင်းထန်သော စကားလုံးများကြောင့် သူမနှင့် သဘောမတူဘဲ ငြင်းဆန်ရန် ဟန်ပြင်နေသူများပါ နှုတ်ဆိတ်ကုန်သည်။

ကျင်းဟွက အံကြိတ်ရင်း ပြောသည်။ “ဒီအလုပ်က ဒီလောက်တောင် ညစ်ပတ်ပြီး ပင်ပန်းတာကို။ ရှုလန်ကို တခြားခိုင်းစရာတွေ တပုံကြီး ရှိရဲ့သားနဲ့ ဘာလို့ ဝက်ချေးကျုံးခိုင်းတာလဲ”

လန်လန်က ခါးထောက်ပြီး ကတ်ကတ်လန် ရန်တွေ့သည်။ “ ဝူကျင်းဟွ၊ နင် ဒီလို မတွေးသင့်ဘူး။ ငါတို့လူမှုအဖွဲ့အစည်းက အရင်နဲ့ မတူတော့ဘူး။ အားလုံးက အလံနီအောက်မှာ မွေးလာကြတာ။ နိုင်ငံကောင်းဖို့

အတွက်ဆို အခက်အခဲမှန်သမျှ ကျော်ဖြတ်ပြီး အကောင်းဆုံး ကြိုးစားရမှာ။ ဘယ်သူမဆို ညစ်ပတ်တဲ့အလုပ်လည်း လုပ်ရမှာပဲ။ ပင်ပန်းလည်း လုပ်ရမှာပဲ။

နင် ဒါကို ခံပြင်းရင် လူနှစ်သောင်းခွဲက အရှည်ကြီး ချီတက်ခဲ့ရတာကို တွေးလိုက်ပါ။ ပင်ပန်းလာရင် တော်လှန်ရေးခေါင်းဆောင်တွေကို သတိရလိုက်ပါ။ ကျောင်းရှုလန်က ပင်ပန်းလို့၊ ခက်ခဲလို့ မလုပ်နိုင်ရင် သူများဝေဖန်တာ ခံရလိမ့်မယ်”

ထိုခေတ်တွင်တော့ လူတိုင်းတွင် တည်ကြည်မှန်ကန်သည့် စိတ်ထား ရှိရပေမည်။ သို့မဟုတ်ပါက လူအများတံတွေးခွက်တွင် ပက်လက်မြောပြီး သင်ရော၊ သင့်မိသားစုပါ ဒုက္ခရောက်နိုင်သည်။

လန်လန်ပြောသွားသည်မှာ ဟာကွက်မရှိသောကြောင့် သူမနှင့် ပြိုင်ငြင်းပါက ထိုသူတွင် မှန်ကန်သည့် စိတ်ထားမရှိဟူသည့်သဘော သက်ရောက်ပေလိမ့်မည်။

လန်လန်ပြောစကားကြောင့် ကျင်းဟွ မျက်နှာမှာ ဒေါသနှင့် နီရဲလာသည်။ သူမသည် ရှုလန်ကို ကူညီလို

သော်လည်း ပြိုင်ငြင်းနေပါက သူမပါ ရှုလန်နှင့်အတူ အပြစ်တင်ခံရပေမည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now