Chapter 187

1.3K 146 1
                                    

Chapter 187 - မကူညီနိုင်ဘူး(၂)

ကျောင်းရှုလန်ဆိုတဲ့ ဟာမ ငါ့ကို ဘယ်လိုဆက်ဆံသွားတာလဲ။

သူမပြန်သွားသည့်အခါ ကျောင်းဝေကောင်းအား ကျောင်းရှုလန် မကယ်ပေးခဲ့‌သည်ကို ကျိန်းသေပြန်တိုင်ရမည်။

ကျောင်းရှုလန် ပြန်ခါနီးတွင် ကျန်းချန်းက ရေထဲပြုတ်ကျနေသော လီလီကျွမ့် ကို တွေ့လိုက်ရသည်။

ကျန်းချန်းကို မြင်လိုက်ရတော့ လီလီကျွမ့်လည်း အသက်ကယ် ကောက်ရိုးတစ်မျှင်ကို မြင်လိုက်ရသလို ဝမ်းသာသွားသည်။

လုလန်လန် ရေထဲမကျသွားခင်မှာ ကျန်းချန်းက လုလန်လန်ကို ကယ်တင်ဖို့ ရေထဲခုန်ချရန် ဆန္ဒရှိပြီး အန္တရာယ်များလွန်းသည့်အတွက် ကယ်ချင်စိတ်ရှိခဲ့ခြင်းဖြစ်မည်။

လုလန်လန်က မျှော်လင့်ချက်ဖြင့် ကျန်းချန်းအား “ရဲဘော် ကျန်းချန်း ကျွန်မကို ဆွဲပေးပါလား”

ကျန်းချန်းက လုလန်လန် ကို စိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်ပြီး “မင်းကို ဆွဲရမယ် ဘာလို့ဆွဲရမှာလဲ”

ကျန်းချန်းနှင့် ကျောင်းရှုလန် တို့က တစ်ပုံစဲထဲ မေးကြသည်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လီလီကျွမ့်က ကျန်းချန်း ကို “ကျွန်မက ကျောင်းရှုလန် ရဲ့ညီမဖြစ်တယ် ပြီးတော့ ရှင်က တခြားသူတွေကိာ စေတနာကောင်းနဲ့ကယ်ပေးတယ် ကြားလို့ ဆွဲပေးပါ”

အကယ်၍ တစ်စုံတစ်ယောက် ရေကန်ထဲသို့ ပြုတ်ကျပါက ကျန်းချန်းက ကယ်ပေးမည်ဖြစ်သော်လည်း လီကျွမ့်၏ အခြေအနေမှာ မတူချေ။

လီလီကျွမ့်က ကျောင်းရှုလန်အား ဒုက္ခပေးဖူးသည်မှန်း ကျန်းချန်းသိလေသည်။

လီလီကျွမ့် မကြိုက်သူက ကျောင်းရှုလန်ဖြစ်သည့်အတွက် ကျန်းချန်းသူမအား သိပ်မကူညီချင်ပေ။

ကျောင်းရှုလန်လိုပဲ ကျန်းချန်းက “တောင်းပန်ပါတယ် ငါက လူတွေကို ကူညီပေးတတ်ပေမယ့် ကူညီတဲ့လူရွေးတယ်

ထုတ်လုပ်ရေးအဖွဲ့မှာ မင်းကိုကူညီဖို့ လူအများကြီးရှိလို့ စိတ်မပူပါနဲ့ “
စကားပြောပြီးနောက် ကျန်းချန်းက ကျောင်းရှုလန်‌ဆီသို့ လိုက်သွားခဲ့သည်။

ကျောင်းရှုလန်က ကျန်းချန်း နှင့် လီလီကျွမ့်တို့၏ ပြောနေသည်များကို ကြားလိုက်ရသည်။

မူလက ကျောင်းရှုလန်သည် ကျန်းချန်း အလွန်သဘောကောင်းနေမည်ကို တွေးပူခဲ့သည်။ လီလီကျွမ့် ဒုက္ခရောက်နေတာကို မြင်လိုက်ရတော့ လီလီကျွမ့်ကို ကျန်းချန်း ကူညီပေးမည်ဟု ထင်လိုက်မိသည်။ ကျန်းချန်းက ထိုကဲ့သို့ ငြင်းလိုက်မည်မှန်း သူမသိခဲ့ပေ။

ကျန်းချန်းကို အရမ်းသဘောမကောင်းစေချင်ပေ။

သဘောကောင်းသည်က လေးစားဖို့ကောင်းသော်လည်း အခြေအနေနှင့် အချိန်အခါရှိသေးသည်။

လီလီကျွမ့်ကဲ့သို့ စိတ်ပုတ်သောသူအား သူကူညီမည်ဆိုပါက စိတ်ညစ်ဖို့ကောင်းသွားပေမည်။
ကျောင်းရှုလန်က ကျန်းချန်း၏ အပြောအဆိုနှင့် တခြားအပြုအမူလေးများကို နှစ်သက်သည်။

ကျန်းချန်း ဝက်ကျင်းသို့ရောက်လာသောအခါ ကျောင်းရှုလန်ကို ပြုံးပြပြီး “ရဲဘော် ရှုလန် မင်းနဲ့ အတူတူဝက်ကျင်းကူ တူးပေးမယ်”

ကျောင်းရှုလန်က ကျန်းချန်းကို မငြင်းဘဲ ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြီး “ကောင်းပြီ!”

ကျန်းချန်းနဲ့ အလုပ်လုပ်ရတာ နည်းနည်း ပိုပျော်ဖို့ကောင်းသည်။

အထူးသဖြင့် ကျန်းချန်းရဲ့ အရပ်ရှည်ပြီး ချောမောတဲ့ ရုပ်ရည်ကို ကြည့်ရတာ  ကြည်နူးစရာကောင်းတဲ့ ခံစားချက်ကို အမြဲဖြစ်လာစေသည်။

“ကျန်းချန်း ရှင်ဘာလို့ ခုနက လီလီကျွမ့်ကို မကူညီတာလဲ” ကျောင်းရှုလန်က ကျန်းချန်းကို စိတ်ဝင်တစား မေးသည်။

“မင်းကို သူကဒုက္ခပေးပြီး မင်းမှ သူ့ကိုမကြိုက်တာ အဲ့တောကိုယ်လည်း သူ့ကိုမကူညီချင်ဘူး မင်းစိတ်ဆိုးမှာစိုးလို့”

“ကျွန်မ စိတ်ဆိုးမယ်မှန်း ရှင်ဘယ်လိုသိလဲ”

“ခံစားမိတယ်လေ မင်းမကြိုက်တဲ့လူကို ကိုယ်က ကူပေးမယ်ဆိုရင် မင်းဘယ်လို စိတ်ထဲပျော်နိုင်မလဲ။ မင်းမကြိုက်တာတွေကို ကိုယ်မလုပ်နိုင်သလို လုပ်လည်းမလုပ်ချင်ဘူး

ပြီးတော့ ကိုယ့်မှာ သူကို ကူပေးဖို့ တာဝန်ရှိတာမှမဟုတ်တာ ကူပေးစရာလား “

ကျန်းချန်း၏ စကားကိုကြားတော့ ကျောင်းရှုလန်၏ စိတ်သည်အလွန်ချိုမြိန်သွားသည်။

နောက်‌ဆုံး၌ လီလီကျွမ့်က သူမကို ကူညီမည့်လူ မရှိသည့်အတွက် သူကိုယ်တိုင် အတင်းရုန်းကာ ထွက်လာရတော့သည်။ 

မစင်တွေအားလုံးကို အမြန် ခါချလိုက်ရပြီး မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ မစင်တွေကို ကျုံးရန်ပြင်လိုက်‌ရတော့သည်။

သူမ၏ခန္ဓာကိုယ်မှာ နာကျင်နေပြီး ပင်ပန်းလွန်းနေပြီဖြစ်သည်။

လီလီကျွမ့်က လုကျင်းရှန်း၏ အပြစ်ပေးခံရပြီး သူမအိမ်ပြန်သည်မှာ အတော်လေးညဉ့်နက်လေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now