Chapter 184

1.4K 155 1
                                    

Chapter 184 - လီလီကျွမ့်အား လက်စားချေခြင်း(၂)

“ခေါင်းဆောင် ဒါက”

“ပြီးခဲ့တဲ့ တစ်‌ခေါက်က ငါဝေဖန်ပေးတာ မ‌လုံလောက်ဘူးထင်တယ် နည်းနည်းပါးပါး ပညာလေးဘာလေးလည်း လေ့လာပါဦး။ အေး ဒါဆိုရင် ငါတို့အဖွဲ့အစည်းအဝေး ခေါ်ပြီး မင်းကို သုံးသပ်ပေးမယ်”

လုကျင်းရှန်းက လေးနက်သော မျက်နှာထားမျိုးနှင့် ပြောနေလေသည်။

လုကျင်းရှန်း၏ မျက်နှာကိုမြင်လိုက်ရတော့ လီလီကျွမ့်က ဆက်မပြောရဲတော့ပေ။

လုကျင်းရှန်းကို စော်ကားမိသလို ဖြစ်သွားပါက ထုတ်လုပ်ရေးအဖွဲ့တွင် သူ့အတွက် ခက်ခဲလိမ့်မည် ။

လီလီကျွမ့်သည် မစင်ကိုမကောက်ချင်သော်လည်း ရွေးချယ်စရာ မရှိတော့၍ သဘောတူခဲ့ရတော့သည်။

လီလီကျွမ့်က မကျေမနပ်ဖြစ်သွားကာ ထိုသို့ဖြစ်မည်မှန်းသိပါက သူမတောင်းဆိုခဲ့ချေ။

စပါးနှုတ်ရတာဟာ အရမ်းပင်ပန်းပြီး နာကျင်ပေမယ့် မစင်ကောက်တာထက် ပိုကြိုက်လေသည်။

လီလီကျွမ့်သည် အံကြိတ်ကာ မစင်ကောက်ရန် မစင်ပုံးနှစ်ပုံးကို ယူလိုက်သည်။

မလှမ်းမကမ်းတွင် လုလန်လန်က ဝမ်းသာစွာဖြင့် ပြုံးလိုက်လေသည်။

လီလီကျွမ့်က ကြောင်သူတော်ဖြစ်ပြီး သူမအား လက်တုံပြန်ချင်လေသည်။

လုလန်လန်သည် လုကျင်းရှန်းကို လီလီကျွမ့် အတွက် လုကျင်းရှန်းကို အထူးတလည် တောင်းဆိုထားသည်။

လီလီကျွမ့်က အလုပ်လုပ်ပျင်းသော်လည်း အသန့်ကြိုက်သည်။ ထိုကဲ့သို့ မစင်ကျုံးနေရမည်မှန်း မထင်ထားမိချေ။

ယခုရှိနေသည့် လီလီကျွမ့်က စိတ်ပျက်ဖို့ကောင်းသည်။

“မမ ရှုလန် လီလီကျွမ့် ဒီမှာ အလုပ်လဲလုပ်နေရတာလေ ခေါင်းဆောင်က စီစဉ်ပေးထားတာ!” ကျန်းရှောင်ယ  ကျောင်းရှုလန်၏လက်ကို ကိုင်လိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။

ဝက်ချေး နွားချေးနှင့် သိုးချေးမျိုးစုံဖြင့် ပြည့်နေသည့်  အညစ်အကြေးကန်တစ်ခုရှိသည်။ ပိတ်ရက်များတွင် ထုတ်လုပ်ရေးအဖွဲ့က ထိုမစင်မြေဩဇာကန်သို့ သွားကာလုပ်ကိုင်ရမည်ဖြစ်သည်။

လီလီကျွမ့်က ချေးပုံးနှင့်အတူ ရောက်လာပြီး စက်ဆုပ်ရွံရှာစွာဖြင့် နှာခေါင်းကို ပိတ်လိုက်ကာ မစင်ကို ခြစ်ယူ၍ မစင်ပုံးထဲသို့ ထည့်လိုက်သည်။

ကျောင်းရှုလန်က လီလီကျွမ့် ကို ကြည့်ပြီး ရယ်ချင်သော်လည်း မရယ်နိုင်။

မမျှော်လင့်ဘဲ ခေါင်းဆောင်က လီလီကျွမ်အား ချေးကောက်ရန် စီစဉ်ပေးလိုက်သည်။

လီလီကျွမ့်၏ နာကျင်သော အမူအရာကို မြင်လိုက်ရတော့ ကျောင်းရှုလန်  သူမ၏ နှလုံးသားထဲတွင်  စိတ်မကောင်းဖြစ်မိလေသည်။ 

လီလီကျွမ့်က မြေဩဇာကောက်ခြင်းနှင့် လုံးဝမရင်းနှီးပါ။ သူမသည် သေမလိုဖြစ်နေပြီး နိဗ္ဗာန်ကို ခဏတာ ရောက်သွားလေသည်။ နောက်ဆုံးတွင် သူမသည် ချေးပုံးကို မြေဩဇာများဖြင့် ပြည့်စေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူမ ခန္ဓာကိုယ်ပေါ်တွင် အညစ်အကြေးများစွာ ပေသွားခဲ့၏။

လီလီကျွမ့်က သေချင်စော်နံသွားပြီး အော့အန်ချင်လာတော့သည်။

“နံလိုက်တဲ့ အနံ့ဆိုးတွေ”

ဒီလိုဖြစ်လာမည်မှန်းသာ သိပါက နေ့လည်စာ စားမထားချေ။ အခုတော့ အရမ်းနံ့နေသဖြင့် ဗိုက်ထဲက စားထားသည်များကတောင် မနေချင်တော့ပေ။
လီလီကျွမ်က မစင်များကို သယ်ယူ၍ မြေဩဇာလုပ်ဖို့ ထပ်ကောက်နေရသေးသည်။

ဒါကိုမြင်တော့ ကျောင်းရှုလန်က သူမရဲ့ ပါးစပ်က ကလိချင်လာသည်။

လီလီကျွမ့်ကို သင်ခန်းစာပေးရမည့် အချိန်ဖြစ်လေသည်။

ကျန်းရှောင်ယ အာရုံမရှိသည်ကို အသုံးချ၍ ကျောင်းရှုလန်က အရုပ်ပစ္စတိုတစ်လက်ကို နေရာလွတ်မှ ထုတ်ယူကာ လီလီကျွမ့်၏ ခြေကျင်းဝတ်ကို ပလတ်စတစ် ကျည်ဆန်ဖြင့် ပစ်ခဲ့သည်။

မတ်ပဲအရွယ် ကျည်ဆန်သည် လူကို အနည်းငယ်မျှ ထိခိုက်မှု ဖြစ်စေနိုင်သော်လည်း နည်းနည်းစပ်သွားနိုင်လေသည်။

လီလီကျွမ့်၏ ခြေချင်းဝတ်ကို ထိသွားပြီး သူမရှောင်နိုင်ခဲ့ပေ။

မရှောင်သည်က အဆင်ပြေသော်လည်း သူရှောင်လိုက်သဖြင့်  သူ့ပခုံးပေါ်ရှိ မစင်ပုံးမှာလည်း မှောက်သွားကာ လူနှင့် မစင်ပုံး မြေပေါ်သို့ ပြုတ်ကျသွားကြသည်။

ကံအဆိုးဆုံးကတော့ မစင်ကျင်း က ဘေးမှာရှိနေလို့ပင်။ လီလီကျွမ့်  ထရန်ကြိုးစားသော်လည်း သူမ၏ ခြေထောက်များ ချော်ကျကာ ထိုထဲသို့ တိုက်ရိုက်ကျသွားခဲ့သည်။

ကံ့ကောင်းသည်က ထိုမိလ္လာကန်မှာ နစ်လောက်အောင် မနက်သော်လည်းလီလီကျွမ့်သည် ထိုမိလ္လာကန်ထဲသို့ ပြုတ်ကျသွားပြီး သူ့ကိုယ်သည်လည်း မစင်များနှင့် ဖုံးလွှမ်းနေလေသည်။

ထို့နောက်တွင် ထိုအနံ့များက နှာခေါင်းထဲဝင်လာပြီး လူကအန်ချင်လာတော့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now