Chapter 99

2.3K 252 1
                                    

Chapter – 99

“ရဲဘော် ရှုလန် သွားကြစို့”

ရှုလန်က စက်ဘီးနောက်ခုံတွင် သာမန်ပုံစံအတိုင်း ထိုင်နေလိုက်သည်။ သူတို့စုံတွဲကို နှုတ်ဆက်ပြီးနောက် ချန်းက စက်ဘီးနင်းကာ အဆောက်အအုံမှ ထွက်ခွာသွားခဲ့သည်။

သူတို့နှစ်ယောက်နဲ့ ဝေးသွားတဲ့အခါ ချိုက်ရှားက သူ့ခင်ပွန်းကို အကြောင်းအရင်းမေးသည်  “ချန်းက ရှုလန်ကို စိတ်ထဲရှိနေတာမလား?”

ချင်ကောင်းက ပြုံးပြီး ခေါင်းညိတ်သည်။ “ဟုတ်တယ်! ဒါကြောင့် သူ့အတွက် အခွင့်အလမ်းလေးတွေ ဖန်တီးပေးချင်ရင် နှစ်ယောက်ကို သီးသန့်အချိန်ပေးရမယ် ဒါမှတစ်ယောက်နဲ့တစ်ယောက် ပိုသိလာရင် သူတို့ လိုက်ဖက်တယ်ဆိုတာသိပြီး စုံတွဲဖြစ်သွားလိမ့်မယ်”

ချိုက်ရှားက ရယ်ရင်း “ဟား! ဟုတ်သား ဒါကကောင်းတဲ့အရာပဲပေါ့ ကျွန်မကိုကြည့် သူတို့အတွက်တွေးပြီးပျော်လို့ ပါးစပ်တောင်မစိနိုင်တော့ဘူး”

တကယ်တော့ ချင်ကောင်းက သူမမှာ အပြစ်ရှိကြောင်း

အရိပ်အမြွက်ပြခဲ့တယ်။

“ဘာပဲဖြစ်ဖြစ် အဆုံးမှာ အားလုံးအဆင်ပြေသွားရင် ရပြီ  လာအခု အိမ်ထဲပြန်ဝင်ကြရအောင် ချန်းအတွက်က အခွင့်အရေးရနေပြီ ကျန်တာ သူ့အပေါ်မှာပဲ မူတည်တယ်”

အပြန်လမ်းမှာ ချန်းနဲ့ရှုလန်က ကောင်းကင်ကြီး‌အောက်မှာ စကားစမြည် ပြောဖြစ်ကြသည်။ ရှုလန် ဘာပြောပြော ချန်းကတော့စကားမပြတ်။ လမ်းတစ်လျှောက်တွင် သူတို့သည် အလွန်ပျော်ရွှင်စွာ စကားစမြည်ပြောဆိုကြပြီး  မသိလိုက်ဘဲ အိမ်ရောက်ရှိလာကြသည်။

လမ်းကတိုလွန်းပြီး အချိန်က နည်းနည်းမြန်လွန်းတာကြောင့် နှစ်ယောက်စလုံး စိတ်ထဲမှာ မကျေနပ်ကြ။ ဒါကြောင့် ထိုအချိန်မှာ လမ်းက ပိုရှည်ရန် မျှော်လင့်ကြသည်။

ရှုလန်သည် စက်ဘီးပေါ်မှ ဆင်းတော့မည် ဖြစ်သော်လည်း လီကျွမ့်ရောက်လာကာစပ်စုတော့မည်ကို သူသိသည်။ သူမဘေးတွင် ရပ်နေသော

မိန်းကလေးက  ရှူချွေဟွာအမည်ရှိပြီး အသက်ဆယ့်ရှစ်နှစ်အရွယ်ရှိသည်။ သူတို့နှစ်ယောက်ဟာ အရင်က

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now