Chapter 81

2.4K 273 1
                                    

Chapter – 81

လီကျွမ့်က ထိုကဲ့သို့ ချုပ်တည်းထားရတာကို မြင်လိုက်ရတော့ ရှုလန်စိတ်ထဲ ပိုလို့တောင် အဆင်ပြေလာတော့သည်။ တစ်ချိန်တည်းမှာပင် ရှုလန်သည် ကျင်းဟွ၏ အကူအညီအတွက်လည်း ကျေးဇူးတင်နေခဲ့သည်။ ကျင်းဟွရဲ့ တစ်စုံတစ်ဦးကို ကြိမ်းမောင်းခြင်းစွမ်းရည်သည် သူ့ထက်ပင် ပိုမိုအားကောင်းနေပြီး လီကျွမ့်သည် d*mn ကိုပင် မပြောဝံ့ပေ။ နောက်ဆုံးတွင်၊ ကျင်းကောသည် အခြားသူများကို တံစဉ်ငှားစရာ မလိုတော့သဖြင့် သူ့တံစဉ်ကို သူအမြန်ဆွဲယူလိုက်သည်။

အလုပ်များသော နေ့လည်ခင်းကုန်ဆုံးသွားပြီးနောက်၊ စပါးရိုးတံများကို ဆွဲထုတ်ရတာကြောင့် ရှုလန်၏ လက်များက နာကျင်လာတော့သည်။ ကုန်ထုတ်လုပ်ရေးအဖွဲ့တွင် လယ်ယာသုံး ကိရိယာများ အလွန်နည်းပါးသည်။ များများဝယ်ယူနိုင်လျှင်တော့ လူတွေ ပိုပြီး သက်သာရုံသာမက ရိတ်သိမ်းမှု ထိရောက်မှုလည်း တိုးတက်စေမည် ဖြစ်သည်။ သူတို့အိမ်ပြန်ရောက်တဲ့အခါ လီကျွမ့် ဟာ ယုမိန်ရှေ့မှာ ငိုချင်းချတော့သည်။

အစကတော့ ယွီမိန်သည် ဝေကောင်းထံသို့ ပြေးပြီး သူ့သမီးကို အလုပ်မသွားခိုင်းတော့ရန် တစ်ခုခုပြောဖို့ တွေး

လိုက်သေးသည်။ သို့သော် လီကျွမ့်က ယမန်နှစ်က ပြဿနာဖြစ်ခဲ့သေးတာကြောင့် ယွီမိန်သည် ယခု ဝေကောင်းကို ဘာမှ မပြောလိုတော့ပေ။ 

သူမတကယ်လုပ်ခဲ့မယ်ဆိုရင် သိပ်စဉ်းစားနေဖို့မလိုပါဘူး။ အကြောင်းမှာတော့ ဝေကောင်းဟာ လီကျွမ့်ကိုသာမက သူမကိုပါ ဒေါသထွက်သွားမှာ အသေအချာပင်။ ထို့ကြောင့် သူမနေနဲ့ သမီးဖြစ်သူကို စကားအနည်းငယ်မျှသာ နှစ်သိမ့်နိုင်ခဲ့ပြီး အခြားဘာမှ မပြောနိုင်တော့ပေ။

နောက်နှစ်ရက်ကြာတော့ ရှုလန်က ခရိုင်ရုံးကို မသွားတော့ဘဲ ကောက်ရိတ်သိမ်းရန်အတွက် ကူညီပေးဖို့ ကုန်ထုတ်လုပ်မှုအဖွဲ့မှာ နေခဲ့သည်။ ပထမအချက်မှာ စပါးရိတ်သိမ်းရာသီဖြစ်သောကြောင့် ကုန်ထုတ်လုပ်မှုအဖွဲ့မှာ အလုပ်များလွန်းသည်။ ဒုတိယအနေနဲ့၊ သူမဟာ မှောင်ခိုဈေးကွက်မှာ မကြာခဏ ပေါ်မလာချင်ခဲ့ပေ။ကုန်ထုတ်လုပ်ရေးအဖွဲ့တွင် အလုပ်ဝင်သောအခါတွင် သူမသည် အလုပ်အတွက် ပြင်ဆင်ရန် နံနက်စောစောထရသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Tahanan ng mga kuwento. Tumuklas ngayon