Chapter 162

1.8K 193 1
                                    

Chapter-162 လုလန်လန်ရေနစ်ခြင်း(၁)

ကျန်းချန်း နှင့် ကျန်းမိသားစုမှာ စကားအများကြီးမပြောဖြစ်ကြပေ။ သူတို့မှာ‌ နေ့ခင်း၌ အလုပ်ရှိနေသေးဆဲ ဖြစ်သဖြင့် ကျန်းချန်းအား အကြာကြီး ဧည့်မခံပေးနိုင်‌ခဲ့ပေ။

ကျန်းမိသားစုလည်း အလုပ်မှအမှတ်များ လိုသည်ကို ကျန်းချန်း နားလည်သည်။

ကျန်းချန်းက ပြန်ရန်အစီအစဉ် မရှိသေးသည့်အပြင် သူတို့လိုအပ်နေသည်များကို သိရရန် ထုတ်လုပ်ရေးအဖွဲ့တွင် ခဏနေဖို့ စဉ်းစားမိသည်။သို့မှသာ သူလိုအပ်သည်များကို ဝယ်ပေးနိုင်လေမည်။

ဤခေတ်၌ အလုပ်နှင့် ရမှတ်များက သက်ဆိုင်နေလေသည်။ အလုပ်များများ လုပ်ပါက အမှတ်များများရပြီး နေရာကောင်း မြန်မြန်ရနိုင်သည်။

သူသာ ကူညီနိုင်ပါက ကျန်းမိသားစုလည်း အလုပ်ပိုအဆင်ပြေလေမည်။

ကျန်းမိသားစုသည် တစ်ခါတစ်ရံတွင် ကျွဲနွားများနှင့် သိုးများကို ကျွေးမွေးကြပြီး တစ်ခါတစ်ရံတွင် နွား သိုး ဝက် စသော တိရစ္ဆာန်အညစ်အကြေးများကို သန့်ရှင်းရေးလုပ်ကြရသည်။

ရှင်းရှင်းပြောရလျှင် ကျန်းမိသားစုဝင်များလုပ်ရသည်မှာ ဆိုးရွားလွန်းလှသည်။

ကျန်းရှောင်ယ နှင့် ကျန်းထျဲ့တန်တို့သည် ပျားပေါင်းပင်ကို ခုတ်ထစ်ရန် သွားခဲ့ကြပြီး ကျန်းချန်း သည် ကလေးနှစ်ယောက်ကို  ခုတ်ကူရန် လိုက်သွားခဲ့သည်။

ကျောင်းရှုလန်က သူတို့နှင့် မဝေးသော နွားစားကျက်၌ နေလေ၏။ကျောင်းရှုလန် ကို ဒုက္ခမဖြစ်စေဖို့အတွက် ကျန်းချန်းက ကျောင်းရှုလန်ကို မသိမသာ ချောင်းကြည့်ခဲ့ပေမယ့် ကျောင်းရှုလန်နဲ့ စကားမပြောချင်ပေ။

ကျန်းချန်းကို ဒီလိုပုံစံဖြင့် မြင်ရတာနဲ့ ကျန်းရှောင်ယ က ခဏခဏ တခစ်ခစ်ရယ်ပြီး ကျန်းချန်းကို”အစ်ကို ကျန်းချန်း  မမရှုလန် ကို ကြိုက်နေတာလား?”

“သိသွားပြီလား?”  ကျန်းချန်းက ကျန်းရှောင်ယ၏ နှာခေါင်းကို ပုတ်ကာ ပြုံးပြီး ပြန်ပြောသည် ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now