Chapter 44

2.7K 299 1
                                    

Chapter 44 အရေးပေါ် ကယ်ဆယ်မှု-၁

အမျိုးသမီးရဲ့ မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားပြီး ရှုလန် ကိုကြည့်ကာ တုန်ယင်နေတဲ့ အသံနဲ့ “မိန်းကလေး... ဒါက အသားပေါင်မုန့်တော့ မဟုတ်ဘူးမလား”

ဒီနေ့များတွင် ဂျုံဖြူပေါင်မုန့် ကတောင် စားရဖို့ခက်ခဲတာ အသားဆိုတော့ ပြောမနေနဲ့တော့။ ပြောစရာပင် မလိုလောက်အောင် အသားအပိုင်းအစတွေက တကယ့်ကို ဈေးကြီးလှသည်။ မင်းမှာ ပိုက်ဆံရှိရင်တောင် အသားဝယ်ဖို့ကခက်ခဲနေတုန်းပင်။

အမျိုးသမီးက သူမဘယ်ကတည်းက အသားစားခဲ့သလဲဆိုတာကိုပင် မမှတ်မိတော့ပေ။ အသားပေါင်မုန့်ကို သူမပါးစပ်ထဲ ထည့်လိုက်သောအခါ သူမအလွန်အရသာရှိနေသည်ဟုသာ ခံစားရပြီး အရသာရှိတဲ့ စားစရာကို သူမအစာအိမ်ထဲ မြိုချချင်ခဲ့သည်။

သို့သော်လည်း ရှုလန် ကသူမကို အလွန်တန်ဖိုးရှိတာကို အလကားပေးထားခဲ့သည်။ အမျိုးသမီးက ရှုလန် ကိုဘယ်လို ကျေးဇူးတင်ရမလဲပင် မသိတော့ပေ။

သူမ ဒီနေ့ တကယ့်ကိုကောင်းတဲ့လူနဲ့ တွေ့ခဲ့ရတာပဲ။ သာမာန်လူတစ်ယောက်က ဘယ်လိုလုပ်သေခါနီး သက်လတ်ပိုင်း အမျိုးသမီးကိုကယ်ပြီး စားဖို့ တစ်ခုခုပေးမှာလဲ။

ရှုလန် ခေါင်းညိတ်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် တိုးတိုးလေး “ အင်း ဒါက အသားပေါင်မုန့်လေ။ ဒီတော့ အဒေါ် ဒါကိုမြန်မြန်စားသင့်တယ်”

အသားပေါင်မုန့်ရဲ့ အနံ့က တကယ့်ကို သန်မာလှပြီး အခြားသူတွေ အနံ့ရသွားနိုင်သည်။ ဒါက ပြဿနာဖြစ်လာနိုင်သည်။ အားလုံးပြီးနောက် ဒါက မှောင်ခိုဈေးဖြစ်တဲ့အတွက် လူပေါင်းများစွာ သွားလာနေကြသည်။ အမျိုးသမီးက ရှုလန် ဆိုလိုတာကို သိလေ၏။ဒီတော့ သူမမြန်မြန်ပင် အသားပေါင်မုန့်ကို စားပြီး သူမအစာအိမ်ထဲ ထည့်လိုက်သည်။

မူလက ဘာမှမရှိသော အစာအိမ်သည် ကြီးမားတဲ့ အသားပေါင်မုန့်ကို စားပြီးနောက် ဗိုက်ပြည့်သွားခဲ့သည်။ သူမရဲ့ ခန္တာကိုယ်က ပြန်အားပြည့်လာပြီး အရင်ကလို မူးဝေတာကို မခံစားရတော့ပေ။

အမျိုးသမီးက ကျေးဇူးတင်စွာပင် ရှုလန် လက်ကို ကိုင်လိုက်သည်။ “ မိန်းကလေး။ ဒီနေ့ အဒေါ့်ရဲ့ အသက်ကိုကယ်လို့ ကျေးဇူးအများကြီး တင်ပါတယ်။ မိန်းကလေးကြောင့်သာ မဟုတ်ရင် ဒီနေ့တောင် သေနိုင်တယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now