Chapter 9

3.8K 416 1
                                    

Chapter-(9)  ချီးမွမ်းခံရခြင်း

“ အဒေါ်၊ ကုန်းဒင် ရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေသေးတယ်။ သူ့ကိုအနားယူဖို့ ပြန်ခေါ်သွားသင့်ပါတယ်။ ဒီရက်ပိုင်းတွေမှာ ကုန်းဒင် ကိုဆိုးဆိုးရွားရွား မဆက်ဆံပါနဲ့ ကလေးကို လုံလောက်အောင်ကျွေးပါ” ရှုလန် ကထပ်မံ သတိပေးခဲ့တယ်။

ကျင်းဟွ သည် ရှုလန် ၏စကားကိုနားထောင်ပြီး လျင်မြန်စွာ ခေါင်းညိတ်ကာ ကုန်းဒင် နဲ့အတူ ပြန်သွားခဲ့သည်။

တခြားလူတွေကလည်း ရှုလန် ကိုစူးစမ်းပြီး “ မိန်းကလေး ရှုလန် ၊ မြွေအဆိပ်ကုသနည်းကို မင်းဘယ်လိုသိတာလဲ၊ အဲ့ဒီအရည်အချင်းက တကယ့်ကိုမလွယ်ဘူးနော်”

ရှုလန် ကအကြောင်းပြချက်ကိုမရှင်းပြနိုင်တာကြောင့် သူ့မဟာပေါ့ပေါ့ပါးပါးနဲ့ 

“ စာတတ်မြောက်တဲ့အတန်းမှာ ပညာသင်ကြားနေတဲ့ကျန်းမာရေးနဲ့ဆေးဘက် ဆိုင်ရာလမ်းညွန်စာအုပ်ကိုဖတ်ပြီး အဆိပ်ပြင်းမြွေကိုက်ခံရပြီးနောက် ကိုယ့်ကိုကိုယ်ကူညီတဲ့နည်းလမ်းတွေ အကြောင်းရေးထားတယ်။ စာအုပ်အတိုင်း စမ်းသုံးကြည့်တာ အောင်မြင်မယ်လို့ မမျှော်လင့်ထားဘူး။”

ရှုလန် ပြောနေတာကိုကြားတော့ အားလုံးကနားလည်သွားတယ်။

သို့သော်ရှုလန်ကို အားလုံးကလေးစားဆဲပါ။ တခြားသူများအတွက်မူ စာအုပ်များတွင်အသိပညာလက်တွေ့အသုံးချရန် ခက်ခဲသည်။ ရှုလန် သည် ဤအရာကိုသင်ယူအသုံးပြုပြီး အလွန်အစွမ်းထက်ဆဲဖြစ်သည်။ ကုန်းဒင် ကိစ္စပြီးသွားတော့ အားလုံးစုခွဲပြီး အလုပ်သွားလုပ်ကြတယ်။

ရှုလန် သည်လည်း ကောက်ပင်နှင့်တံစဥ်းကို ထမ်းကာ မုန်ညှင်းပင်များ ကိုဆက်လက်ခုတ်ထစ်သည်။ ယနေ့ ရှုလန်သည်လူများကို ကယ်တင်မှုကြောင့် အဖွဲ့၏ကပ္ပတိန် လုကျန်းရှင်းက ရှုလန် သည်အသက်များကိုကယ်တင်ခြင်းနှင့် ကျေးရွာရှိ ဒဏ်ရာရသူများကိုကူညီခြင်းအပြုအမူ ကိုဆုချရန်အတွက် ရှုလန် အားအလုပ်အမှတ် ဆယ်မှတ်တိုးမြင့်ပေးခဲ့သည်။

ပုံမှန်ဆိုလျှင် မုန်ညှင်းပင် ဖြတ်တောက်ခြင်းသည် အလုပ်သုံးမှတ် သို့ လေးမှတ်သာ ရမည်ဖြစ်သည်။ နောက်ထပ်အလုပ်အမှတ်အနည်းငယ်သည် အနာဂတ်တွင် အစားအသောက်အနည်းငယ်ကိုဆိုလိုသည်။ လုကျန်းရှင်း ရဲ့အစီအစဥ်နဲ့ပက်သက်ပြီး မည်သူမှ အထွန့်အထက်မရှိပါ။ လူတိုင်းက ရှုလန် ရဲ့ အံ့သြစရာကောင်းတဲ့လုပ်ရပ်ကို အသိမှတ်ပြုကြတယ်။

“ရဲဘော် ကျောင်းရှုလန် ၊ နောက်နောင်လဲမင်းဒါကို ဆက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်တယ်” ကျန်းရှင်း ရှုလန် ကိုကျေးဇူးတင်ကြောင်း အရိပ်အမြွက်ပြကာ ပြုံးလျက်ပြောလိုက်တယ်။

ဤမျှကြီးမားသော အကျိုးကျေးဇူးကြောင့် ရှုလန် သည် သဘာဝအတိုင်း ပျော်ရွှင်နေပြီး “ ကောင်းပါပြီ ဗိုလ်ကြီး ကျွန်မဆက်ထိန်းထားပါ့မယ်”

“ကောင်းပြီရဲဘော် ကျောင်းရှုလန် မင်းဒီနေ့တာဝန်ကျေပါတယ် အနားသွားယူတော့”

တနေ့လုံးပင်ပန်းနွမ်းနယ်နေပြီး မူလပိုင်ရှင်ရဲ့ကိုယ်ခန္ဓာက သိပ်မကောင်းတော့  ရှုလန် တကယ်ပဲ အနားယူပြီး အသက်ရှုကြပ်သွားခဲ့ပါတယ်။

ဝေကောင်း လည်းအလုပ်ကပြန်လာတယ်။ ဒီနေ့ ရှုလန်ကလူတွေကို ကယ်တင်တာကိုကြားတော့ သူပြန်လာတဲ့အခါ ဂုဏ်ယူမှုအပြည့်နဲ့  “ရှုလန် မင်းကကောင်ကောင်းလုပ်ခဲ့ပြီးပြီ၊ မင်းကြင်နာတတ်တယ် ကူညီတတ်တယ်၊ ရဲဘော်စိတ်ဓာတ်ရှိတယ်”

ခြံထဲမှာ လီလီကျွမ့် က ရှုလန် ကိုမြင်တော့ မျက်လုံးပြူးသွားပြီး အထင်အမြင်သေးမှုတွေ ပြည့်နက်နေခဲ့တယ်။

ဒီနေ့ ရှုလန် ကို ရွာကလူတွေက ချီးကျူးသံကြားတော့ လီကျွမ့် က ဒေါသထွက် ပြီး မနာလိုဖြစ်သွားတယ်။

လီကျွမ့်ရဲ့ စိတ်ထဲ၌မူ ‘ရှုလန် သည် စျေးပေါသောမိန်းကလေးဖြစ်သည်မှာ သိသာထင်ရှားသည်မို့ လူတိုင်းက သူ့ကိုချီူကျူးသင့်တယ်။ သူမကိုချီးကျူးတာမှန်တယ်။ ရှုလန် နဲ့ယှဥ်လိုက်ရင် လက်တချောင်းတည်းတောင် ယှဥ်လို့မရပါဘူး။ ရှုလန် သည်သူမအစား တခြားလူရဲ့ချီးကျူးခြင်းခံရသည်မှာ စိတ်ပျက်စရာပဲ့’

လီကျွမ့် ဒီအကြောင်းကိုပိုတွေးလေလေ စိတ်ဓာတ်ပိုကျလေလေဖြစိသည်။ယခု ဝေကောင်း ဆီမှ ချီးကျူးသံကြားလိုက်ရတော့ လီကျွမ့် ပို၍ပင်စိတ်မသက်မသာ ဖြစ်လာသည်။

ရှုလန် တနေကုန်ပင်ပန်းပြီး နဖူးပေါ်မှ ချွေးများမှာ အလွန်များပြားလျက်ရှိသည်။   ဝေကောင်း သည်ကောင်းကောင်းအနားယူ ရန် ရှုလန် အားပြောကာ ညစာချက်သည့် အလုပ်သည် လီကျွမ့် ၏ခေါင်းပေါ်တွင် သဘာဝအတိုင်းကျသွားသည်။

လီကျွမ့် အနည်းငယ်စိတ်မချမ်းသာစွာဖြင့်
“ဘာ! ငါက မနက်စာကိုအစောဆုံးချက်ရမဲ့လူလား၊ အခုမင်းညစာလာချက်ပေးမလား၊ ရှုလန် အနေနဲ့လည်း တာဝန်တစ်ခုခုတော့ ထမ်းဆောင်သင့်တယ်မလား”

ဝေကောင်း ကအနည်းငယ်စိတ်မချမ်းသာသော မျက်နှာထားဖြင့်
“ရှုလန် နေမကောင်းဘူး ၊ ဒါမဲ့အလုပ်သွားလုပ်ဖို့ပြောနေတုန်းပဲ့ ဒီနေ့သူမက လူတွေကိုကယ်တင်ပြီး အမှတ်ဆယ်မှတ် ရခဲ့တယ်။ သူမညဘက်မှာကောင်းကောင်းအနားယူသင့်တယ်။ လီကျွမ့် မင်းအိမ်မှာဘာအလုပ်မှမလုပ်ပါလား၊ ဒါနဲ့ မင်းကဘာလို့ ရှုလန် ကိုညစာချက်ဖို့တွန်းအားပေးနေတာလဲ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now