Chapter 91

2.4K 272 1
                                    

Chapter – 91

“မင်းက ငါ့ကို စျေးလျှော့ပေးစေချင်သေးလား။ ညီမလေး ပေးမယ့်ဈေးတွေက အရမ်းသက်သာနေပြီ ”

အမျိုးသမီးက “စျေးသက်သာတယ်? သမဝါယမဆိုင်မှာထက် နှစ်ဆလောက် ဈေးကြီးတယ်လေ။ ဟုတ်ပြီလား။ မင်းရဲ့စျေးတွေက အရမ်းကိုများလွန်းတယ်။ မင်းတို့လို ငွေနောက်လိုက်နေတဲ့ သူတွေက တကယ်ကို အမြတ်ကြီးစားကြတာပဲ”

ရှုလန်သည် ထိုစကားကိုကြားသောအခါ သူမ၏ မျက်နှာက ချက်ချင်းပင် ဒေါသတကြီး နီရဲသွားတော့သည်။ တကယ်တော့ ဒီအမျိုးသမီးသာ သူနဲ့ အကြွေအနည်းငယ်လောက်လျှော့ချပြီး ညှိနှိုင်းခဲ့မယ်ဆိုရင်၊ သူမက လိုက်လျောဖို့ ဆန္ဒရှိနေတုန်းပင်ဖြစ်သည်။ သို့သော် ဒီအမျိုးသမီးက တိုက်ရိုက်ကို ဈေးဖြတ်ချချင်နေခြင်းဖြစ်သည်။ အကယ်၍ ထိုအမျိုးသမီးသည် သူမနှင့် အရောင်းအဝယ်မလုပ်ချင်လို့သာ မဟုတ်ခဲ့ရင် ဒီလို လုပ်လိမ့်မည်မဟုတ်ပေ။ ရှုလန်သည် အမှန်တကယ်ပင် စကားမပြောနိုင်တော့ပါ။

သူမက အေးစက်စွာပြန်ဖြေလိုက်သည်။

“ညီအစ်မ၊ မင်းကို စပါးမျိုးကောင်းတွေ တိုက်ရိုက်ပေး

စေချင်တာလား”

“အိုတကယ်ပဲလား? ညီမလေး၊ မင်းက အရမ်းကြင်နာတတ်တာပဲ။ အစေ့အဆံ မျိုးကောင်းတွေကို ပေးမှာလား”

ရှုလန်က အမှန်တကယ်ကို ပေးလို၍ ပြောနေသည်ဟု ထင်ပြီး အမျိုးသမီးက အခွင့်ကောင်းယူနိုင်ရန် တွေးကာ ဝမ်းသာသွားတော့သည်။

ရှုလန်၏နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ တွေးလိုက်သည်။ တစ်ချို့လူတွေက ဘာလို့ နေ့ခင်းဘက် အိပ်မက်ကို ကြိုက်ကြတာလဲ။

“ကောင်းပြီ ညီအစ်မ ခဏနေရင် မှောင်ခိုဈေးကွက်သို့ သွားကာ အခြားရောင်းသူများကို မေးမြန်းကြည့်လိုက်ပါ။ တစ်ယောက်ယောက်က မင်းကို ရိက္ခာကီလိုဝက်ကို ပေးမယ်ဆိုရင် ငါက အဲ့ဒီအမျိုးအစားအတိုင်း ငါးကီလိုပေးမယ်။

“မင်းက စီးပွားရေးလုပ်တဲ့ နေရာမှာ ရိုးသားမှုကို မရှိဘူး။ မင်းနဲ့ အချိန်ကုန်ခဲ့သမျှ ထားလိုက်တော့။ စျေးသက်သက်သာသာနဲ့ ရောင်းနိုင်တဲ့ စားသောက်ကုန်တွေကိုပဲ သွားရှာတော့မယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now