Chapter 165

1.7K 179 1
                                    

Chapter- 165 ကျန်းချန်းနှင့် ရှုလန်အား ထမင်းဖိတ်ကျွေးခြင်း(၂)

ဝမ်ရှုယင် လုပ်ထားတဲ့ အစားအစာက အရသာရှိပြီး စားသောက်ရသည်က ကျေနပ်ဖွယ်ကောင်းလွန်းလှသည်။

ကျောင်းရှုလန်ကို ညစာစားရန် ဖိတ်ခေါ်သည့်အခါ သူမ မငြင်းခဲ့ပေ။

လုကျင်ရှန်းက စိတ်ရင်းမှန်ဖြင့် ထမင်းစားရန် ခေါ်သောကြောင့် အားနာစိတ်ဝင်ရန် မလိုအပ်ချေ။

အရင်တုန်းက လုလန်လန်ဟာ ကျောင်းရှုလန် အပေါ် မကျေနပ်ပေ။  သေချာတာကတော့ သူမဟာ ကျောင်းရှုလန် နဲ့ အတူတူ စားချင်မှာမဟုတ်သလို ကျောင်းရှုလန်ကို စားရန် သူ့မိသားစုက ဖိတ်သည်ကိုလည်း သဘောတူလိမ့်မည် မဟုတ်။

ကျောင်းရှုလန်က သူမကို နှစ်ခါကူညီပြီးနောက် လုလန်လန်က ကျောင်းရှုလန်ကို သိပ်မုန်းပုံမပေါ်သလို မကြိုက်ကြောင်း မပြောဘဲ အနည်းဆုံးတော့ တိတ်တဆိတ်နေပေးလေသည်။

ခေါင်းဆောင်က ကျောင်းရှုလန်ကို ထမင်းစားဖိတ်သည့်အခါ လီလီကျွမ့်က အလွန်မနာလိုဖြစ်ခဲ့သည်။

သူတို့အိမ်မှာ မကောင်းသည့်အစားများကို စားနေချိန်တွင် ကျောင်းရှုလန်က လုအိမ်မှာ အစားကောင်းကောင်း စားနိုင်နေသည်။

ကျောင်းရှုလန် ပြန်လာပြီးနောက် လီလီကျွမ့်က ကျောင်းဝေကောင်း ရှေ့မှာ အပြစ်တင်သည့် စကားအချို့ကို တမင်တကာ ပြောဆိုခဲ့သည်။  ကျောင်းရှုလန်သည် ပင်ပန်းစွာ အလုပ်မလုပ်ရဘဲ နွားများကို လွယ်ကူစွာ ထိန်းကျောင်းကာ ကောင်းမွန်စွာ စားသောက်နိုင်ခဲ့ခြင်းမှာ တရားမျှတမှု မရှိခဲ့ပေ။

ကျောင်းဝေကောင်းသည် ပြောင်းလဲသွားကာ လီလီကျွမ့်က အရေခြုံလွန်းသည်ကို ခံစားမိခဲ့သည်။

သူ့သမီးသည် ဝက်မစင်ကို ကျုံးရသည်အခါက သူမအတွက်လည်း ခက်ခဲမည်ဆိုသော်ငြားမူ ငြီးငြူခဲ့ခြင်းမရှိပေ။
လီလီကျွမ့် သည် တစ်ရက်နှစ်ရက်သာ အလုပ်လုပ်ရပြီး သူမမှာ အလွန်ပင် ပင်ပန်းနေခဲ့သည်။

ကျန်းချန်းက လုလန်လန်ကို ကယ်တင်ခဲ့သဖြင့် လုကျင်ရှန်းက ဝင်ရောက်စွက်ဖက်ခြင်း မပြုသောကြောင့် ထုတ်လုပ်ရေးအဖွဲ့တွင် ခေတ္တနေခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now