Chapter 94

2.5K 285 5
                                    

Chapter - 94

ရှုလန် တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချင်ကောင်း၏ စိတ်အားထက်သန်သော အကြည့်ကို မြင်လိုက်ရသောအခါတွင် သူမည်သို့ငြင်းဆန်ရမည်ကို မသိတော့ပေ။

ဘေးက နှုတ်ဆိတ်နေတဲ့ ချန်းကလည်း "ရှုလန် ထမင်းအတူတူစားရအောင် စကားလေးဘာလေးပြောရင်းနဲ့ မင်းသာမစားရင် ချင်ကောင်းက မင်းရဲ့ကျေးဇူးကြွေးတင်နေတယ်လို့ အမြဲခံစားရနေလိမ့်မယ်"

သူက ရှုလန်ထောက်ခံတာကို စောင့်နေရင်းမျက်လုံးက အရောင်တွေတောက်နေသည်။

သူသည် ရှုလန်ကို ချင်ကောင်း အိမ်ကနေ ထွက်ပြေးခွင့် မပြုတော့ပေ။သူ့အတွက် မပြောပြတတ်အောင် ပျော်နေ၏။

ရှုလန်၏မျက်နှာကိုမတွေ့ရတာ ရက်အတော်ကြာပြီးနောက် သူ့စိတ်ထဲတွင် သူမပုံရိပ်များနှင့် ပြည့်နေသည်။

ဖြစ်နိုင်မည်ဆိုလျှင် သူမထံ ပြေးပြီး‌တောင်သွားချင်သည်။

ယခု သူမကိုမြင်လိုက်ရသောအခါတွင် ဘုရားသခင်က

သူ၏နှလုံးသားမှ ဆုတောင်းသံကို ဖြည့်စည်းပေးသည်ဟု ခံစားမိသည်။

ရှုလန်သာ ထမင်းစားဖို့နေရင် သူတို့နှစ်ယောက်အတွက် အတူတူ အချိန်အနည်းငယ် ပိုရနိုင်ပေသည်။

ဒါကြောင့် ချင်ကောင်းက သူမကို နေ့လယ်စာစားဖို့ တောင်းဆိုတဲ့အခါ သူ(ချန်း)က သူမကို ဝင်ပြောပေးခဲ့ခြင်းဖြစ်သည်။

ချင်ကောင်းနှင့် သူ၏ဇနီးအလွန် စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသဖြင့် ရှုလန်က ချန်းကို ထပ်မံကြည့်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် သူမကို နေရန်ပြောနေသည့် အသံကိုနှလုံးသားထဲမှ ကြားနေရသည်။

"ဟုတ်ကဲ့ ဒါဆို ဧည့်ခံပေးလို့ ကျေးဇူးတင်ပါတယ်" သူမ ဟန်မဆောင်နေတော့ဘဲ အဆုံးတွင် သဘောတူလိုက်တော့၏။

ထိုအ‌ဖြေ‌ကြောင့် ချန်း၏ နှလုံးသား၌ ပျော်ရွှင်သွားသော်လည်း သူ့အမူအရာမှာ အနည်းငယ် ထိန်းထားပြီး မည်သည့်အပြုံးမျိုး မျှမပြခဲ့ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now