Chapter 192

1.3K 145 0
                                    

Chapter 192 - ကန်စွန်းဥဖုတ် အတူတကွစားကြခြင်း(၁)

ကျန်းမိသားစုဆီသို့ မည်သူမှ မရောက်လာသောလည်း သူတို့စားကောင်းသောက်ဖွယ်များကို မြင်၍ မနာလိုဖြစ်ကာ အတင်းပြောမည်ကို စိုးရိမ်သောကြောင့် တံခါးပိတ်လိုက်လေသည်။

“မမရှုလန် လာစားတော့ ကျန်တာတွေညီမတို့ လုပ်လိုက်မယ် ဗိုက်ဆာနေရောပေါ့” ကျန်းရှောင်ယသည် ကျောင်းရှုလန်ကို ခေါ်ကာ ထိုင်ခိုင်းလိုက်သည်။

ကျန်းရှောင်ယ ပြောပြီးတဲ့အခါ မစ္စကျန်းက “ဟုတ်တယ် သမီး ရှုလန် အရင်ထိုင်လိုက် ထမင်း‌ထည့်ပေးမယ်” လို့ပြောလိုက်သည်။

ထုံးစံအတိုင်း ဒီလိုအလုပ်မျိုးက ကျောင်းရှုလန်ကို ဒုက္ခမပေးသည့်အတွက် မစ္စကျန်းကိုလည်း ချက်ခွင့်မပြုချေ။

မစ္စကျန်းလည်း ချက်တတ်ပြီး ကျောင်းရှုလန်လောက်တော့ မကောင်းချေ။မိသားစုရှိလူတိုင်းင ကျောင်းရှုလန်၏ လက်ရာကို နှစ်သက်ကြပြီး ကျောင်းရှုလန်ချက်သည်ကို စားချင်ကြသည်။

ကျောင်းရှုလန်သည် တစ်နေကုန်အလုပ်၌ ပင်ပန်းနေပြီး ယခုရက်ပိုင်း မီးဖိုချောင်ဝင်သည်ကပင် သူမအား ပို၍ပင်ပန်းစေသည်။

အထူးသဖြင့် ဒီရက်ပိုင်းမှာ အရမ်းပူသည့်အတွက် မီးဖိုချောင်၌ ချက်ပြုတ်ပြီးနောက် သူမချွေးများရွဲနေလေသည်။
ကျောင်းရှုလန်က ပြုံးပြီး ထမင်းစား စားပွဲမှာ ဝင်ထိုင်လိုက်သည်။

ကျန်းချန်းက မစ္စကျန်းကို “အဖွားလေး ကျွန်တော်လာခဲ့မယ် ကျွန်တော် ပြင်ပေးလိုက်မယ်!”

ကျန်းချန်းက မီးဖိုချောင်သို့ သွားပြီး လူတိုင်းအတွက် ထမင်းပန်းကန်အနည်းငယ်ကို စားပွဲပေါ်သို့ ယူလာခဲ့သည်။

မစ္စကျန်းသည် ကျောင်းရှုလန် ချက်ပြုတ်ထားသော အစားအစာများကို စားပွဲသို့ ယူဆောင်လာကာ စားသောက်ရန် လူများကို စားပွဲသို့လာစေသည်။

ကျန်းချန်းက ထမင်းကို ပန်းကန်မောက်မောက် ထည့်နေသည်ကို ကျောင်းရှုလန် တွေ့လိုက်ရသညိ။

“ရှင် ဘာလို့အဲ့လောက်အများကြီး ထည့်ပေးတာလဲ ကျွန်မ မစားနိုင်ဘူး”

ကျောင်းရှုလန်က အားနားပါးနာ စားရန်စိတ်မရှိနေသည့်အပြင် သူမ၏စားချင်စိတ်သည် အလွန်နည်းပါးနေပြီး စားတောင် မစားချင်တော့ပေ။

ကျန်းချန်းက ဝက်တစ်ကောင်ကို အစာကျွေးသလို ကျောင်းရှုလန်၏ ပန်းကန်ထဲသို့ ထမင်းများစွာထည့်လိုက်လေသည်။

မစားနိုင်ရင် အလကားဖြစ်သွားလောက်သည်။ ယခုခေတ်မှာ အစားအသောက်ကရှားလွန်းပြီး စားနိုင်သောက်နိုင်ရန်ခက်ခဲလှသည်။

ကျန်းချန်းက ပြုံးကာ သူ့သွားဖြူကြီးတွေကို ပြလိုက်ပြီး ကျောင်းရှုလန်ကို “ရဲဘော် ရှုလန် ပိန်လွန်းရင် ပိုစားသင့်တယ် နည်းနည်းလောက် ဝိတ်လေးတတ်လာအောင်လို့

ပြီးတော့ ကိုယ်သိတယ် ဒီရက်ပိုင်း အရမ်းပင်ပန်းနေတာကို အဲ့တာကြောင့် ပိုစားသင့်တယ်နော်

မစားနိုင်ရက် နည်းနည်းချင်းစီစားပေါက် အဲ့တာမှ အူကျယ်ပြီး များများစားနိုင်မှာ “

ကျန်းချန်းသည် ကျောင်းရှုလန်၏ ပိန်ပါးသောအသွင်အပြင်အတွက် စိတ်မကောင်းဖြစ်ပြီး သနားနေသည်။

မစ္စကျန်းက ကျန်းချန်း၏ စကားကို ထောက်ခံကာ “ ရှုလန် ကျန်းချန်း ပြောတာမှန်တယ် ဝိတ်လေးနည်းနည်းဖြစ်ဖြစ်တတ်လာအောင် စားလိုက်နော်!”

ကျောင်းရှုလန်သည် သူမကို ဂရုစိုက်ကြောင်း သိသော်လည်း သူမ၏စားနိုင်စွမ်းကို သူမသာသိသည်။ အကယ်၍ မကုန်ပါက အလဟဿဖြစ်သွားမည်သာ ဖြစ်သည်။

“ဒါဆို အများကြီးစားမှာနော် မဝသေးရင်လည်း ထပ်ထည့်ဦးမှာ ကိုယ့်အိမ်ကိုယ့်ရာလို သတ်မှတ်ပြီးတော့‌ကို စားမှာ။အားမနာနေတော့ဘူး

ဒါပေမယ့် ထမင်းစားပြီးရင် ကန်စွမ်းဥကျွေးဦးမှာ မှတ်လား တော်ကြာ ဗိုက်တွေတင်းပြီး ထပ်မစားနိုင်ရင် ဘယ်လိုလုပ်မလဲ

ထမင်းတွေအများကြီး ထည့်ပြီး မကုန်ရင်လည်း အစားအသောက်ဖြုန်းသလို ဖြစ်သွားမှာလေ “

ကျောင်းရှုလန် ပြောသည်မှာမှန်သဖြင့် ကျန်းမိသားစုက ခေါင်းညိတ်ပြီး “ဟုတ်တယ်နော် သမီး ရှုလန် အဲ့တာဆို အခုလျော့စားချင်စား”

“ရဲဘော် ရှုလန် ဒါဆို ကိုယ်နဲ့အတူတူမျှစားကြတာပေါ့” ကျန်းချန်းက သူ့ပန်းကန်ကို ညွှန်ပြသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now