Chapter 159

1.8K 206 1
                                    


Chapter-159 ကျောင်းရှုလန်အား ထမင်းတစ်နပ်စားရန်ဖိတ်ခြင်း(၄)

“ရဲဘော် ရှုလန် ရပါတယ်ဗျာ!”

ကျန်းချန်းက ပြောပြီး စားသောက်နေလိုက်သည်။

သူမစားဖို့  ဝက်သားပြုတ်ကို ပေးလိုက်ပေမယ့် ကျန်းချန်းက သူကိုယ်တိုင် ထည့်မစားပေ။

ကျောင်းရှုလန် စားဖို့ အရသာရှိတဲ့ အစားအစာ အားလုံးကို ချန်ထားရန် တွေးနေသည့်အတွက် သူစားသည်ဖြစ်စေ မစားသည်ဖြစ်စေ ကျောင်းရှုလန်လောက် အရေးမကြီးပေ။

ကျန်းချန်းသည် ထုတ်လုပ်ရေးအဖွဲ့၏ အခြေအနေ မကောင်းသည်ကို သိရှိပြီး ကျေးလက်နေသူများက မြို့ပြနေသူများကဲ့သို့ အလုပ်လုပ်ရုံဖြင့်  အသားတံဆိပ်ခေါင်းများကို မရနိုင်သောကြောင့် အသားစားရန် မလွယ်ကူပေ။

ဒါကြောင့် ကျောင်းရှုလန်ကို များများစားစေချင်သည်။ သူစားချင်ပါက နောက်မှထပ်လာစားတော့မည်။

အခု အစိုးရပိုင် စားသောက်ဆိုင်မှာ အသားတွေ ဝယ်ထားသည့်အတွက် ကျောင်းရှုလန်ကို ပေးရမယ်။

ကျောင်းရှုလန်က ကျန်းချန်းသည် သူမကို စားရန် ထည့်ပေး စကားခေါ်ပေးသည်များ ပြုလုပ်ပေးသော်လည်း သူမလုံးဝမစားခဲ့ပေ။  တစ်ဖန် သူမက ကျန်းချန်းကိုပါ စားရန် “ရဲဘော် ကျန်းချန်း ကျွန်မတစ်ယောက်ထဲမစားပါဘူး ရှင်လည်းစားလေ”

ကျန်းချန်းက နုံအစွာ ပြုံးလိုက်ပြီး “ရဲဘော် ရှုလန် အလုပ်လုပ်တော့ ဒါတွေပဲ အမြဲစားနေရတာ စားရလွန်းလို့ မစားချင်တော့ဘူး”

ကျောင်းရှုလန်သည် ကျန်းချန်း၏စကားကို မည်သို့ယုံကြည်နိုင်မည်နည်း။

ဤခေတ်တွင် ကျန်းချန်း၏အလုပ်ကောင်းလျှင် နေ့တိုင်း အသားမစားနိုင်ဘဲ ငြီးငွေ့နေနိုင်သည် ။

သို့သော်  ရည်ရွယ်ချက်ရှိရှိ မစားဘဲ သူမကိုသာ စားစေလိုခြင်းကိုတော့ စိုးရိမ်လေသည်။

ကျောင်းရှုလန်က ဘာမှပြန်မပြောဘဲ ပန်းကန်လုံးထဲက ဝက်သားပြုတ်အနည်းငယ်ကို ယူလိုက်ပြီး ကျန်းချန်းရဲ့ပန်းကန်ထဲ ထည့်လိုက်ကာ “စားရမည် ရှင်မစားရင် ကျွန်မလည်းမစားဘူး တစ်ယောက်ထဲမစားချင်သလို တစ်ယောက်စားရတာ သိပ်အရသာမရှိဘူး”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now